Xiaomi Mi Note 2 ကို အောက်တိုဘာလတွင် မိတ်ဆက်မည်ဟုဆို



Mi 5s နှင့် Mi 5s Plus တို့ကို မိတ်ဆက်ပြီးနောက် Xiaomi က Mi Note 2 နှင့် Mi Note 2 Pro တို့ကို အောက်တိုဘာလတွင် ပွဲထုတ်မိတ်ဆက်ရန် အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် အဆိုပါဖုန်းနှစ်မျိုးကို အောက်တိုဘာလကုန်တွင် မိတ်ဆက်ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူ ပန်ဂျူတန်က ပြောကြားခဲ့သည်။ ထို့အပြင် Xiaomi အနေဖြင့် ဖုန်းများအတွက် ရွေးချယ်စရာအရောင်များ ပိုမိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျူတန်က ဆိုခဲ့သည်။ ထပ်မံထောက်ပံ့ပေးမည့် အရောင်များနှင့်ပတ်သက်၍ မသိရှိရသေးပေ။

Mi Note 2 Pro တွင် ၅.၅ လက်မ 1080p AMOLED touchscreen, 12MP ကျောဘက်ကင်မရာနှင့် အရွယ်ကြီးမားသည့် 3,700mAh ဘက်ထရီ ပါဝင်မည်ဟုဆိုသည်။

၎င်းတွင် Qualcomm မှ မကြာသေးမီက မိတ်ဆက်ပေးခဲ့သော Snapdragon 821 chipset ကို အသုံးပြုထားပြီး 4GB/64GB နှင့် 6GB/128GB အမျိုးအစားဖြင့် ရရှိနိုင်မည်ဟု သိရသည်။
Xiaomi Mi Note 2 တွင်မူ Snapdragon 820 chip နှင့် 4GB RAM ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ထွက်ပေါ်လာခဲ့သော ကောလာဟလသတင်းများအရ သိရသည်။

Ref: GSMArena
သီဟထိုက်(ဆွေသဟာMobile)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Xiaomi Mi Note 2 ကို အောက်တိုဘာလတွင် မိတ်ဆက်မည်ဟုဆို Title : Xiaomi Mi Note 2 ကို အောက်တိုဘာလတွင် မိတ်ဆက်မည်ဟုဆို
Description : Mi 5s နှင့် Mi 5s Plus တို့ကို မိတ်ဆက်ပြီးနောက် Xiaomi က Mi Note 2 နှင့် Mi Note 2 Pro တို့ကို အောက်တိုဘာလတွင် ပွဲထုတ်မိတ်ဆက်ရန် အရှိ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.