Austin's Online Shop

Austin's Online Shop ရဲ့ တစ်ပတ်အတွင်းအရောင်းသွက်ပစ္စည်းအချို့ပါ.. ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှုကတော့ ရောင်းချသူနဲ့သာ သက်ဆိုင်ပါတယ်..
**
စွယ်စုံသုံး အိပ်/ထ/မ/ တင်စက် Fitness Supine Board



ဗိုက် / ခါး နဲ့ လက်မောင်း ကို အထူးအဆီချလိုသူများအတွက်အရမ်းအဆင်ပြေတဲ့
ပစ္စည်းလေးတစ်ခုပါ။ အိပ်/ထ/မ တင်လေ့ကျင့်ခန်းအပြင်အခြား လေ့ကျင့်ခန်း ပြုလုပ်ပုံများကို ပုံမှာဖော်ပြပေးထားပါတယ်။ ခိုင်မာတောင့်တင်းတဲ့ ဖွဲ့စည်းပုံ Version မြင့်ပြီးထုတ်ထားတာဖြစ်လို့ ခုမှ စပြီး လေ့ကျင့်ကစား မယ့်သူများ အတွက်လည်း အသုံးပြုလို့ရပါတယ်။ အလေးချိန် 150Kg (ပေါင် 300 )အထိ ခံနိုင်ပါတယ် ။ အရွယ်အစားအနေနဲ့ Leather Cushion က အလျား 95 x အနံ 35 cm ၇ှိပြီး စက်တစ်ခုလုံးရဲ့အရွယ်အစား က 140/ x အနံ 48 cm ရှိပါတယ်။ စက်တစ်ခုလုံးရဲ့ အလေးချိန်က 10 kg ၇ှိပါတယ်။ Alloy Steel CarbonSteel တို့နဲ့ ပြုလုပ်ထားတားဖြစ်ပါတယ်။
 ဈေးနှုန်း -55000 Ks ဖြစ်ပြီး 09 450584676. 09 770433574 ကိုဆက်သွယ်မှာယူနိုင်ပါတယ်..
*******
High Quality TACLIGHT ( ၁မိုင်ပြေး အကြမ်းခံဓါတ်မီး )


ညအချိန် သွားလာလှုပ်ရှားနေရတဲ့သူတွေ၊ အချိန်မတော်သွားလာလေ့ရှိတဲ့ တောနယ်က တောင်သူလယ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်မီးကို အသုံးပြုနေရသူတွေအတွက် အကြမ်းလည်းခံ၊ စွမ်းအားလည်းပြည့်တဲ့ ဓာတ်မီးအမျိုးအစားသစ် တစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
  • သာမန်ဓါတ်မီးများထက် တည်ဆောက်ပုံစနစ် များစွာသာလွန်သောကြောင့် ကားနှင့်တက်ကြိတ်သော်လည်း မကွဲ၊ ဆူပွက်နေသောရေထဲ ထည့်လည်း မပျက်၊ ရေထဲနှစ်စိမ်ထားပြီး ခဲသွားအောင်လုပ်လည်း လင်းနေဆဲ၊ အကြမ်းပတမ်းခံသဖြင့် နေပူပူ မိုးရွာရွာ နေရာမရွေး အသုံးပြုနိုင်ပါသည်။ ခိုင်ခန့် ကျစ်လျစ်သော အလူမီနီယံ သတ္ထုသား ကိုယ်ထည်ဖြစ်ပါသည်
  • နာရီပေါင်းတစ်သိန်းထိ မပျက်မစီး အထွန်းခံနိုင်သည့် xml-T6 အမျိုးအစား CREE LED မီးသီးဖြင့် ပြုလုပ်ထားသောကြောင့် တောလမ်း၊ တောင်တန်း၊ ခရီးကြမ်းကို သွားသည့်အခါ စိတ်ချလက်ချ ယူဆောင်သွားနိုင်ပါသည်။
  • သာမန်ဓါတ်မီးများမှာ အလင်းအား 27lumens သာ ရှိပြီး TACLIGHT မှာ 600lumensရှိသောကြောင့် အလင်းပြေးအား ၂၂ဆ သာပါသည်။ ညအမှောင်ထဲတွင် ၁မိုင်(၅၂၈၀ပေ) အကွာအဝေးမှလူအား အချက်ပေး ဆလိုက်ထိုးပြနိုင်ပါသည်။
  • Ultrafire model 26650 အမျိုးအစား 5000mAh 3.7V စွမ်းအားရှိသော ဓါတ်ခဲ ၁လုံး ပါဝင်ပြီး AAAရိုးရိုး ဓါတ်ခဲ ၃လုံး ထည့်သုံးရန် Adapter ၁ခု နှင့် Charger ၁ခု တို့ ပါရှိကာ လေလုံ မိုးလုံသည့် စစ်သုံး ပလပ်စတစ်ဘူးလေးနှင့် ထည့်ပေးပါသည်။
  • လုံးဝ အားမရှိသည်မှ အားပြည့်သည်အထိ တစ်ကြိမ်အားသွင်းလျှင် ၄နာရီသာ ကြာပါသည်။ ၆နာရီကြာ ပြန်ထွန်းနိုင်ပါသည်။ ဓါတ်ခဲတစ်လုံး၏ သက်တမ်းမှာ (အားသွင်းလိုက် ထွန်းလိုက်ဖြင့်) အကြိမ်ပေါင်း၅၀၀ကျော် အသုံးပြုနိုင်ပါသည်။
  •  အလင်းဆုံး၊ရိုးရိုး၊အမှိန်၊အချက်ပြ၊အရေးပေါ် ၅မျိုးထွန်းနိုင်။ x1 zoomမှ x250, x500, x1000, x2000zoom အထိ လိုသလို ချဲ့ပြီး အလင်းရောင်ဖြန့်ကျက်နိုင်။ အဝေးသို့ အချက်ပြအနေနှင့် ထိုးလိုသည့်အခါ အလင်းဆုံး X1ဖြင့် ထွန်းပြီး၊ အခန်းကျယ်ကျယ်တွင် အလင်းရောင်ပေးလိုသည့်အခါ ရိုးရိုး x250မှ x2000 လိုသလို ဖြန့်ကျက်ထွန်းနိုင်ပါသည်။ ညအိပ်မီးအဖြစ် ထွန်းလိုသည့်အခါ အမှိန်ဖြင့်ထွန်းပြီး အဝေးမှ တယောက်ယောက်ကို သိစေလိုသည့်အခါ အချက်ပြ(SOS)၊ ကားပျက်သည့်အခါ အန္တရာယ်တစုံတခု ကြုံသည့်အခါ အရေးပေါ် (emergency) ဖြင့် ထွန်းကြပါသည်။ အိမ်ကို သူခိုးဝင်သည့်အခါဖြစ်စေ ရန်သူက အန္တရာယ်ပြုရန် လာသည့်အခါဖြစ်စေ အလင်းဆုံးအနေအထားဖြင့် မျက်လုံးတည့်တည့်ကို ထိုးလိုက်ပါက ပြာနှမ်းပြီး ခေတ္တခဏ မှုန်ဝါးသွားသဖြင့် အခြေအနေတရပ်ကို တုန့်ဆိုင်းထားလိုက်နိုင်ပါသည်။
  • ထုတ်လုပ်သည့် စက်ရုံက အရည်အသွေးပိုင်းကို အထပ်ထပ်စစ်ဆေး အဆင့်မြင့်မြင့် ဖန်တီးထားသောကြောင့် Life time guarantee (တစ်သက်တာ အာမခံ) ပေးထားပါသည်။ သို့သော် ဗို့အားမတူသည့် ဓါတ်ခဲဖြင့် ထည့်သုံးခြင်း၊ ဖွင့်လှပ်ပြုပြင်ထားခြင်း၊ ဆားငံရည်/ဆီ/အက်စစ်ဝင်ခြင်း တို့ကြောင့် ပျက်စီးပါက အကျုံးမဝင်ပါ။ ထိုအချက်များမှာလည်း သက်သေပြရခက်ပြီး ငြင်းခုံဖွယ်ဖြစ်စေသောကြောင့်၎င်း၊ မြန်မာပြည်တွင် ထိုစက်ရုံ၏ လက်အောက်ခံ ရုံးခွဲမရှိသောကြောင့်၎င်း ကျွန်တော်တို့ဆိုင်မှ အာမခံမပေးပါ။
ထူးခြားချက်များ
  • ✅ ရေစိမ်ခံ၊ ရေပူရေအေးဒဏ်ခံ
  • ✅ ကားတက်ကြိတ်လည်း မကွဲ
  • ✅ CREE LED T6 နာရီတစ်သိန်းအာမခံ
  • ✅ ရိုးရိုးဓါတ်မီးထက် ၂၂ဆ ပိုလင်း ၁မိုင်အထိပြေး
  • ✅ အလင်းဆုံး၊ရိုးရိုး၊အမှိန်၊အချက်ပြ၊အရေးပေါ် ၅မျိုးထွန်းနိုင်
  • ✅ အားအပြည့်သွင်းထားလျှင် ၆နာရီကြာ အထွန်းခံ
  • ✅ x2000zoom အထိ လိုသလို ချဲ့နိုင်



ဈေးနှုန်းက ၁၇၀၀၀ ကျပ်ဖြစ်ပြီး 09 450584676. 09 770433574 ကိုဖုန်းဆက်လို့ပဲဖြစ်ဖြစ်၊ SMS,Viber,Phone Call,Message Box တို့ကပဲဖြစ်ဖြစ် ဆက်သွယ်မှာယူနိုင်ပါပြီ..
****
ဒီဇိုင်းလှ ခေတ်မီ style ကျတဲ့ ဆေးလိပ်အစားထိုး လျှပ်စစ်ဆေးလိပ်


ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ လူတိုင်းသိပေမယ့်

✔️ဆေးလိပ်ဖြတ်ရခက်နေတဲ့ သူတွေ
✔️ဆေးလိပ်အပျင်းပြေဖွာချင်တဲ့ သူတွေ
✔️style တစ်ခု အနေနဲ့ သောက်ချင်ကြပြီး ဆေးလိပ်နံ့လည်း မခံနိုင်ဘူး ဆိုရင်တော့

ဒီဇိုင်းလှ ခေတ်မီ style ကျတဲ့
ဆေးလိပ်အစားထိုး သျှီသျားရည် ထည့် ပြီးသောက်ရတဲ့ လျှပ်စစ်ဆေးလိပ် လေးရှိနေပါပြီ
Boy or Girl အသုံးပြုလို့ရပြီး
လူကြားထဲမှာလည်း သူများကို စိတ်အနှောက်ယှက်မရှိသောက်လို့ရပါတယ်။
ဓာတ်လှေကား ကလေးတွေနား မှာလည်း သောက်လို့ရပြီ
ဆေးလိပ်နံ့မခံနိုင်တဲ့ ချစ်သူဘေးမှာလည်းသောက်လို့ရပါတယ်။
ကိုကိုတွေကို လက်ဆောင်ပေးမယ်ဆိုရင် တော့ သဘောကျမှာ အသေအချာပါ။
ထည့်ရတဲ့ အရည်ကတော့ - တစ်ဘူး လက်ဆောင်ပါရှိပါတယ်
တစ်ဘူးဆိုရင် ၃ ကြိမ်ထည့်လို့ရပါတယ်။
တစ်ခါထည့်ရင် ၁၅ ရက်လောက် သောက်လို့ရလို့ပါတယ်
၄၅ ရက်လောက် အသုံးခံပါတယ်။




ဆေးရည်ပုလင်းဝယ်မယ်ဆိုရင် 3000 kyats ပါ
EVDO - 18000 kyats ( အရည် 1 free )
Refill အရည် - 2000 kyats

ပထမဆုံး အကြိမ် အသုံးမပြုခင် ၈ နာရီ အားသွင်းပေးပါ
နာမည်၊ ဖုန်း၊ လိပ်စာ အတိအကျ ပေး ပြီး 📲📲09 450584676,09 770433574 ကို ဆက်သွယ် မှာယူနိုင်ပါပြီ...
**
LED Projector 


အိမ်တွင်း TV ကြီးကြီး လဲ မလိုတော့ဘူး..
TV လောက်လဲ ဈေးများများ ပေးဝယ်စရာ မလိုတော့ဘူး
အကျယ် ၂၀"~၈၀" အတွင်း ရုပ် ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မည်
LED မီးသက်တမ်း 50000နာရီ ရှိပါတယ်
မီးအား 110~240 အတွင်း ကောင်စွာ အလုပ်လုပ်နိုင်ပါတယ်
အိမ်မှာ TV ရှိပြီးသားဆို လဲပဲ ရုပ်ရှင့်ရုံ သွားသကဲ့သို့ အရသာ အသစ် မခံစားကြည့်ခြင်ဘူးလား!!!
ဈေးနှုန်းလည်း သင့်လို့ အိမ်တိုင်းဆောင်ထား သင့်ပါပြီနော်..



 


Price - 120000 ks  ဖြစ်ပြီး Ph - 09 450584676. 09 770433574 ကို ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ. သိလိုသမျှကို ပြောပေးပါမယ် .
**
သူခိုးတွေ ပြေးပေါက်မှားစေမယ့် စက်အလန်းလေး ( Door Entry Alarm )


ကဲ သူခိုးတွေ ပြေးပေါက်မှားစေမယ့် စက်အလန်းလေး လာပါပီနော် (Door Entry Alarm - 10000 ks)
ဈေးနှုန်းကလည်းသင့် အန္တရာယ်ကင်းဘေးရှင်းမို့ အိမ်တိုင်းဆောင်ထားသင့်ပီနော် မိမိအိမ်မှာ အဖိုး အဖွား အဖေ အမေ တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုရင် စိုးရိမ်ရတဲ့ ဒုက္ခကင်းဝေးစေမယ့်စက်
ဒီခေတ်ကြီးထဲမှာ မြို့ကြီးတွေမှာဆို ပိုစိုးပါတယ်..အိမ်တံခါးဖွင့်ဝင် အိမ်တံခါးဖျက်ဝင် အဲ့ဒါတွေကို ကြောက်ရတဲ့ ဒုက္ခကင်းဝေးသွားအောင် ဒီစက်လေးဆောင်ထားကြပါစို့
အသုံးပြုပုံနှင့် အသုံးဝင်ပုံ
>>> သူ့ရဲ့ အသုံးဝင်ပုံကတော့ စွယ်တော်ရွက်တွေလိုပါပဲ. တစ်ဖက်က အကြီးတစ်ခုနဲ့ နောက်တစ်ဖက်က အသေး နှစ်ခုပါပါတယ်. ပုံမှာပြထားတဲ့အတိုင်း တံခါးဘောင်မှာ တစ်ဖက် တစ်ခုစီ ကပ်ထားပီး အလန်းခလုတ်လေး On ထားလိုက်ရုံပါပဲ..တကယ်လို့များ တစ်စုံတစ်ယောက်က တံခါးခိုးဖွင့်ခဲ့မယ်ဆိုရင် ခုနှစ်အိမ် ခုနှစ်ရပ်ကွက် ထမြည်မယ့် စက်လေးပါပဲ ..လူရှိတဲ့ အချိန်တွေဆိုရင်တော့ off ခလုတ်လေးနှိပ်ပေးထားရင်ရပါပီ
>>>တစ်ခုတော့မှာချင်ပါတယ်ခင်ဗျာ ညဘက်များအိမ်ပြန်နောက်ကျမယ့်သူရှိရင် မေ့ပီးတော့ ခလုတ် On မထားမိပါစေနဲ့ တစ်အိမ်လုံး ပြန်အိပ်မရ ဖြစ်နေမှာစိုးလို့ပါ
လိုချင်တယ်ဆိုရင်တော့ Ph 09 450584676. 09 770433574 ကို ခုပဲ ဖုန်းဆက်လိုက်ပါ...



**


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Austin's Online Shop Title : Austin's Online Shop
Description : Austin's Online Shop ရဲ့ တစ်ပတ်အတွင်းအရောင်းသွက်ပစ္စည်းအချို့ပါ.. ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.