Advertise Here !



Ubuntu OS သုံးစွဲသူတွေ အနေနဲ့ Command line ကို အသုံးပြုပြီး Terminal မှာ Weather Focus ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Terminal ကနေ ရာသီဥတု ခန့်မှန်းချက်တွေကို ကြည့်ရှုဖို့အတွက် WTTR.IN ဆိုတဲ့ Tool ကို ထည့်သွင်းအသုံးပြု ရမှာဖြစ်ပါတယ်။

Ubuntu OS မှာ WTTR.IN  ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ  Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ WT-TR.IN ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command က

-sudo apt-get install curl


ဆိုတဲ့ command ဖြစ်ပြီး အ ဆိုပါ Command ကို အသုံးပြုပြီး curl ကို အရင်ဆုံး ထည့်သွင်းပေးရပါမယ်။ အဆိုပါ Curl ကို ထည့်သွင်းပြီးပြီဆိုရင် wttr.in ကို စတင်သုံးစွဲလို့ရပါပြီ။ wttr.in ကို Terminal မှာ သုံးစွဲဖို့အတွက် ပထမဆုံး Terminal ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် curl wttr.in ဆိုတဲ့ command ကို Terminal မှာ ရိုက်ထည့်လိုက်ပါ။ အဆိုပါ command ကို ရိုက်ထည့်ပြီးရင် Terminal မှာ မိုးလေဝသ ခန့်မှန်းချက်တွေကို ဖော်ပြပေးပါလိမ့်မယ်။ ဒီလိုဖော်ပြ ပေးတဲ့အခါမှာလည်း ကိုယ့်ရဲ့ကွန်ပျူတာက အသုံးပြုထားတဲ့ IP ရဲ့  location ကို အခြေခံပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !