Advertise Here !




ဆာဗာစက်တစ်လုံးဆင်ဖို့ ဖြစ်ဖြစ်၊ တဖြည်းဖြည်းများလာတဲ့ Steam library အတွက်ပဲဖြစ်ဖြစ် storage အများဆုံး hard drive တစ်လုံးလိုချင်တယ်ဆိုရင်တော့ Seagate ရဲ့ hard drive အသစ် ထွက်ပေါ်လာပါပြီ။

အမေရိကန်အခြေစိုက် data storage ကုမ္ပဏီတစ်ခုဖြစ်တဲ့ Seagate ဟာ 10TB ဆံ့ hard drive သုံးမျိုးကို တနင်္ဂနွေနေ့က စတင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ 10TB hard drive သုံးမျိုးမှာ နှစ်ခုက network ပိုင်းနဲ့ လုံခြုံရေးစောင့်ကြည့်မှုစနစ်အတွက်ဖြစ်ကာ၊ နောက်မော်ဒယ်တစ်ခုကတော့ အိမ်သုံး desktop ကွန်ပြူတာတွေ အတွက်ဖြစ်ပါတယ်။

Barracuda Pro hard drive အသစ်တွေဟာ ဒေတာသိမ်းဆည်းမှုများတာကလွဲလို့၊ တခြားထူးခြားချက်ကတော့မရှိဘဲ၊ သာမန် ၃.၅ လက်မအရွယ် 7200RPM SATA HDD တွေပဲ ဖြစ်ပါတယ်။

ဒေတာသိမ်းဆည်းနိုင်မှုများသလို၊ ဈေးနှုန်းကလည်း တော်တော်များပြီး၊ 10TB BarraCuda Pro တစ်လုံးကို ၅၃၅ ဒေါ်လာလောက် ကျသင့်မှာဖြစ်ပါတယ်။ ဈေးချိန်ကြည့်မယ်ဆိုရင် 5TB storage နှစ်လုံးကို လက်ရှိမှာ ၃၈၀ ဒေါ်လာလောက်နဲ့ ၀ယ်ယူနိုင်တာကြောင့်၊ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

Ref : Engadget


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

chanmyaemaung.blogspot.com
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !