Advertise Here !




Facebook သည် လူမှုရေးမီဒီယာတွင် ဆောင်းပါးများကို လျင်မြန်စွာ ဖော်ပြသည့် Instant Articles အထောက်အပံ့ကို Messenger messaging app တွင် ထည့်သွင်းခဲ့သည်။

ထို့အတွက်ကြောင့် ညာဘက်ထောင့်တွင် မိုးကြိုးပုံသဏ္ဍာန် အသေးစားလေး ပါဝင်သည့် ဆောင်းပါးလင့်ခ်ကို ယခုအခါ Messenger တွင် ဝေမျှနိုင်ပြီ ဖြစ်သည်။ ၎င်းမှာ Instant Article ဖြစ်ပြီး ပုံမှန်ဝက်ဘ်ဆိုက် ဆောင်းပါးထက် လျင်မြန်စွာ ဖော်ပြပေးမည် ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် Facebook တွင် Instant Articles နှင့်အတူ ကြော်ငြာများရောင်းချခဲ့သောကြောင့် Messenger တွင်လည်း အလားတူပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် Instant Articles အသုံးပြုသည့် ထုတ်ဝေသူများ (သတင်းမီဒီယာများ) အနေဖြင့် ဝင်ငွေများစွာ ရရှိမည် ဖြစ်သည်။ ထို့အပြင် Facebook ပေါ်၌ content များဖော်ပြရာတွင်လည်း ပိုမိုမြိုင်ဆိုင်လာမည် ဖြစ်သည်။

ယခုအပြောင်းအလဲမှာ Android တွင် စတင်ပါဝင်လာပြီ ဖြစ်ပြီး iOS ထုတ်ကုန်များအတွက် လာမည့်ရက်သတ္တပတ်တွင် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook blog post တွင် ဖော်ပြထားသည်။

Ref ( ::: Recode ::: )

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !