ဟောလိဝုဒ်ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ကိုရီးယားမင်းသမီး ကလောက်ဒီယာကင်





တာင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ကင်ဆူဟွန်းခေါ် ကလောက်ဒီယာကင်သည် ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား The Dark Tower ၌ အီဒရစ်အယ်လ်ဘာနှင့် မက်သရူးမက်ကွန်နာဟေးတို့နှင့် အတူ သရုပ်ဆောင်မည်ဖြစ် သည်။

The Dark Tower ရုပ်ရှင် ဇာတ်ကားသည် အမေရိကန် စာ ရေးဆရာ စတီဖင်ကင်း ရေးသား သော ဝတ္ထုကို အခြေခံရိုက်ကူး မည့် သိပ္ပံစိတ်ကူးယဉ် သည်း ထိတ်ရင်ဖို ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ကလောက်ဒီ ယာကင်က Arra Champignon ဟူသော ဇာတ်ရုပ်ကို သရုပ် ဆောင်မည်ဖြစ်သည်။ ၎င်းသရုပ် ဆောင်ရမည့် ဇာတ်ရုပ်အသေး စိတ်ကိုမူ အေဂျင်စီက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ကိုရီးယားသရုပ်ဆောင် မင်းသမီး ကလောက်ဒီယာကင် သည် Marco Polo ရုပ်သံဇာတ် လမ်းတွဲနှင့် Avengers:Age of Ultron ရုပ်ရှင်ဇာတ်ကားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မင်း သမီးတစ်လက်ဖြစ်လာသည်။ ကလောက်ဒီယာကင်သည် Monster ရုပ်ရှင်ဇာတ်ကား ရိုက် ကူးရေးပြီးနောက် The Dark Tower ဇာတ်ကားရိုက်ကူးရန် တောင်အာဖရိကသို့ သွားရောက် မည်ဟု ၎င်း၏အေဂျင်စီက ပြော သည်။

Ref ===> The Korea Time


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
ဟောလိဝုဒ်ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ကိုရီးယားမင်းသမီး ကလောက်ဒီယာကင် Title : ဟောလိဝုဒ်ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ကိုရီးယားမင်းသမီး ကလောက်ဒီယာကင်
Description : တာင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ကင်ဆူဟွန်းခေါ် ကလောက်ဒီယာကင်သည် ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား T...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.