Advertise Here !

 မေး - အရင်တုန်းက ကျွန်တော့်ဖုန်းထဲမှာ G-Talk App ရှိပါတယ်။ ဒါပေမဲ့ Hangouts ကို Install လုပ်လိုက်တဲ့ အခါမှာ အရင်ရှိပြီးသား G-Talk မရှိတော့ပါ ဘူး။ ဘာဖြစ်လို့လဲ။ ပြောပြပေးပါလားရှင်။

ဖြေ - Hangouts ဆိုတာ Chrome, iOS, Android ကနေစပြီး Chat လုပ်လို့ရတဲ့ Platform Messaging Service ကိုပြောတာပါ။ Hangouts ကို Install လုပ်ရင် G-Talk ပျောက်သွားတယ်ဆိုတာ Android ဖုန်းတိုင်း မှာဖြစ်တတ်ပါတယ်။ GTalk နေရာမှာ Hangouts ကို အစားထိုးလိုက်တာပါ။ G-Talk ပြန်လိုချင်ရင် Hangouts ကိုပြန်ပြီး Uninstall လုပ်ပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းက Huawei G730-T00ပါ။ အင်တာနက်ကနေပြီး Weed Firm Game ကို Download ချပြီး Install လုပ်လိုက်ပါတယ်။ Install လုပ်ပြီးကစားမယ်ဆိုတော့ ကစားလို့မရပါဘူး။ အထဲကိုဝင်လိုက်ရင် Auto ပြန် ထွက်သွားပါတယ်။ ဘာဖြစ်လို့ ကစားလို့မရတာလဲခင်ဗျာ။

ဖြေ - ဒါက Download ဆွဲလိုက်တဲ့ Weed Firm ရဲ့ Version က လက်ရှိဖုန်းထဲ မှာ Run နေတဲ့ CPU နဲ့ မကိုက်ညီလို့ပါ။ Weed Firm ရဲ့ Version က CPU ရဲ့ အလုပ်လုပ်နိုင်စွမ်းထက်ကျော်လွန်နေတာကြောင့် ကစားလို့မရတာပါ။ Weed Firm ရဲ့ Version အနိမ့်ကို ပြန်အသုံးပြုရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိအသုံးပြုတဲ့ဖုန်းကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

မေး - iPhone 5 မှာ Apple Store ကို အသုံးပြုပြီး App တစ်ခုကို Install လုပ်တဲ့အခါမှာ Fix Application Notcompatiable ဆိုတဲ့ Error ပြနေတာ ဘာဖြစ်လို့ပါလဲခင်ဗျာ။

ဖြေ - ဒီ Error ကတော့ Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version နဲ့ မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့ မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်လိုက်ပါခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းက 610-U00 Huawei Model ပါခင်ဗျာ။ ပါဝါ မကြာခဏပိတ်ပြီး ပြန်ဖွင့်မရပါဘူးခင်ဗျာ။ ဘယ်လိုပြုလုပ်ရင် အဆင်ပြေနိုင်ပါလဲခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းပါဝါပိတ်ပြီး ပြန်ဖွင့်မရတာက ပထမဦးဆုံး ဘက်ထရီအရင်စစ်ပါခင်ဗျာ။ ဘက်ထရီ အသစ်လဲပြီးရင် အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။ တစ်ကယ်လို့ ဘက်ထရီလဲပြီး အဆင်မပြေခဲ့ရင်တော့ ပါဝါခလုတ် အတွင်းပိုင်းကြိုးများနဲ့ ပါဝါခလုတ်ကောင်း မကောင်းစစ်ဆေးပြုပြင်သင့်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းကတော့ SM-G750H လေးပါ။ လွတ်ကျပြီး Back ထွက်လို့မရတော့လို့ပါ။ မှန်တစ်ပြင် လုံးလဲဖို့လိုလားဗျာ။

ဖြေ - ဟုတ်ကဲ့ပါခင်ဗျာ။ အစ်ကို့ဖုန်းက မှန်ပြင်တစ်ခုလုံးလဲဖို့ မလိုအပ်ပါဘူးခင်ဗျာ။ အောက်ဖက်ခြမ်း Home Key ကြိုးလေး လဲပေးလိုက်တာနဲ့ အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းကတော့ Coolpad 5 iOS ပါ။ Wi-Fi ဖွင့်ပြီးသုံးရင် ပါဝါပိတ်သွားတတ်တယ်ဗျာ။

ဖြေ - ဖုန်းတွေမှာ Wi-Fi ဖွင့်ရင် ပါဝါပြန်ပိတ်တာကတော့ Software ပိုင်း အရင်စစ်ဆေးသင့်ပါတယ်။ Reset ချကြည့်ပါ။ Reset ချရင် ပြန်ကောင်းတတ်ပါတယ်။ Reset ချပြီးလို့ပြန်မကောင်းရင်တော့
Hardware ပိုင်း Wi-Fi IC အသစ်လဲရင်တော့ အဆင်ပြေနိုင်ပါတယ်။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းလေးက Huawei Honor ဖုန်းလေးဖြစ်ပါတယ်။ Version 4.2.2 လေးပါ။ ဖုန်းက Flash Alert App ထည့်လို့မရဘူးဗျာ။ Flesh Alert App ကို ဘယ်လိုများထည့်လို့ရနိုင်မလဲခင်ဗျာ။

ဖြေ - Honor v 4.2.2 နဲ့ကိုက်ညီတဲ့ Flash Alert က မထွက်သေးပါဘူးခင်ဗျာ။ Flash Alert အမျိုးမျိုး သုံးကြည့်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် ဆက်မလုပ်စေချင်ပါဘူး။ Error တက်ပါလိမ့်မယ်။

မေး - Samsung Ace ကို မှန်ကွဲသွားလို့ဆိုင်သွားပြတဲ့အခါ ဆိုင်မှာစမ်းကြည့်တော့ အဆင်ပြေပြီး အိမ်ရောက်တော့မှ Touch က အလိုလိုပြေးနေပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ ကူညီပါဦး။ အရမ်းအရေးကြီးလို့ပါ။

ဖြေ - အစ်ကိုကိုင်တဲ့ဖုန်းရဲ့ Model Number ကို အရင်ကြည့်ရမှာပါ။ 5830 လား၊ 5830i လားဆိုတာကို သိထားရပါမယ်။ Touch ပြားလဲတဲ့အခါ တူတယ်ဆိုပေမယ့် စမ်းကြည့်ရင်အကောင်း တပ်လိုက်မှ အချပ်လိုက် သုံးမရတာတွေရှိပါတယ်။ Touch ပြားကို အရမ်းဖိပြီး တပ်လိုက်ရင်လည်း ဖြစ်တတ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !