Advertise Here !




ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၂၃၀ ကျော်ရှိသည့် antivirus ကုမ္ပဏီကြီးဖြစ်သော Avast သည် ပြိုင်ဘက် AVG ကို ဒေါ်လာ ၁.၃ ဘီလျံဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၎င်းကုမ္ပဏီနှစ်ခုစလုံးသည့် ချက်ပြည်သူ့သမ္မတနိုင်ငံတွင် အခြေစိုက်သည်။ အဆိုပါဝယ်ယူမှုကြောင့် Avast အနေဖြင့် ၎င်း၏လုပ်ငန်းကို ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များတွင် ပိုမိုချဲ့ထွင်နိုင်စေမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုတွင် ၎င်းတို့၏ မိုဘိုင်းလုံခြုံရေးထုတ်ကုန် သုံးစွဲသူ ၁၆ သန်း အပါအဝင် သုံးစွဲသူ သန်း ၄၀၀ ခန့် ပိုင်ဆိုင်သည်။

ထို့အပြင် အထက်ပါဝယ်ယူမှုကြောင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် IoT hardware ကဲ့သို့သော ကဏ္ဍများအတွက် ပိုမိုကောင်းမွန်သည့် လုံခြုံရေးဝန်ဆောင်မှုများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း Avast မှ ပြောကြားခဲ့သည်။

Ref: TheNextWeb



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !