CEO scam မှုခင်းများကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးခဲ့ကြောင်း FBI ထုတ်ပြန်




ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း CEO phishing များစွာကြောင့် သားကောင်ဖြစ်ရသူများနှင့် ဆုံးရှုံးမှုများ မြင့်တက်လာကြောင်း FBI မှ ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက CEO အယောင်ဆောင် အီးမေးလ်များကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးမှုဖြစ်ပေါ် ခဲ့ကြောင်း Federal Bureau of Investigation (FBI) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ်ငွေစာရင်းအတွင်းသို့ ငွေများလွှဲပြောင်းရန် ကုမ္ပဏီ၏ဘဏ္ဍာရေး ထိန်းချုပ်သူများထံသို့ CEO အယောင်အဆောင် အီးမေးလ် account အတုများ အသုံးပြုသည့် ပြစ်မှုကျူးလွန်သူများ ရှိနေသည်။ အဆိုပါ ရာဇဝတ်ကောင်များအကြောင်းကို လုပ်ငန်းရှင်များအား သတိပေးရန် Internet Crime Complaint Centre (IC3) ရှိ ပြည်သူ့ဝန်ဆောင်မှု ကြေညာချက်တွင် FBI ကထုတ်ပြန်ခဲ့သည်။

ယခုကိန်းဂဏန်းသစ် ဖော်ပြချက်အရ CEO အယောင်ဆောင် လိမ်လည်မှု သို့မဟုတ် စီးပွားရေးလုပ်ငန်းသုံး အီးမေးလ်မလုံခြုံမှုများသည် လုပ်ငန်းများအတွက် ထင်မှတ်ထားသည်ထက် ပိုမိုကြီးမားသော ပြဿနာတစ်ခုဖြစ်ကြောင်း တွေ့ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၎င်းကဲ့သို့ လိမ်လည်မှုများကြောင့် ကမ္ဘာတစ်ဝန်း ငွေကြေး ၂.၃ ဘီလျံ ဆုံးရှုံးခဲ့ကြောင်း FBI ကဧပြီလက ဖော်ပြခဲ့ဖူးသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ် မေလအကြား CEO အယောင်ဆောင် လိမ်လည်မှုများ ပြုလုပ်ခံရသော သားကောင် ၂၂ ဦးအပြင် ၁၄၃ ဦးက တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုဖော်ပြပါ ၃.၁ ဘီလျံသည် အမေရိကန်ဒေါ်လာ ငွေကြေးဖြင့် ဆုံးရှုံးသွားသော အရေအတွက်ဖြစ်ကြောင်း IC3 က မှတ်ချက်ပြုခဲ့သည်။ ၎င်းတို့အနေဖြင့် အမေရိကန်နှင့် နိုင်ငံတစ်ဝန်းတွင် သားကောင်ဖြစ်ခဲ့ ရသူများမှ အစီရင်ခံစာပေါင်း ၁၅,၆၈၈ ရရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၁ ဘီလျံကျော်ရှိသည်။ ထိုအထဲတွင် အမေရိကန်နိုင်ငံသား ၁၄,၀၀၀ ကျော်ပါဝင်ကြောင်း IC3 က ဖော်ပြခဲ့သည်။

“ယခုလိမ်လည်မှုကို နိုင်ငံပေါင်း တစ်ရာကျော်နဲ့ ပြည်နယ်ပေါင်း ၅၀၀က တွေ့ကြုံခဲ့ရသူတွေက အကြောင်းကြားခဲ့ပါတယ်။ တရုတ်နဲ့ ဟောင်ကောင်အခြေစိုက် အာရှဘဏ်တွေ အကူအညီနဲ့ နိုင်ငံပေါင်း ၇၉ နိုင်ငံသို့ ငွေကြေးလိမ်လည် လွှဲပြောင်းမှုတွေကို ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ညွှန်ပြနေပါတယ်”ဟု IC3 မှဖော်ပြခဲ့သည်။

Ref ===> ZDNet

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
CEO scam မှုခင်းများကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးခဲ့ကြောင်း FBI ထုတ်ပြန် Title : CEO scam မှုခင်းများကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးခဲ့ကြောင်း FBI ထုတ်ပြန်
Description : ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း CEO phishing များစွာကြောင့် သားကောင်ဖြစ်ရသူများနှင့် ဆုံးရှုံးမှုများ မြင့်တက်လာကြောင်း FBI မှ ထုတ်ပြန်ခဲ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.