ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင် ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ။



အိန္ဒိယနိုင်ငံ၊ ရာဂျာစ်သန် ပြည်နယ် ထဲက ကျေးရွာ တရွာမှာ မျိုးနွယ်စု ဓလေ့ ထုံးစံတွေကို ဖောက်ဖျက် ခဲ့တဲ့ စုံတွဲ တတွဲကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲကာ ကိုယ်လုံးတီးနဲ့ သစ်ပင်မှာ နှစ်ရက်ကြာ ချည်နှောင် ထားခဲ့တဲ့ ရွာသား ၁၃ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ နယူး ဒေလီ ရုပ်မြင် သံကြား သတင်းမှာ ဇွန်လ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ရဲတွေရဲ့အဆိုအရ ဖမ်းဆီးခံ ရတဲ့ အမျိုးသမီးဟာ လင်ယောက်ျားဖြစ်သူကို ထားခဲ့ပြီး တခြား အမျိုးသားတဦးနဲ့ မရှင်းလင်းတဲ့ အခြေအနေ တခုနဲ့ နေထိုင် ခဲ့ရာကနေ သတင်းတွေ ပျံ့နှံ့ ခဲ့ရာကနေ ခုလိုဖြစ် ခဲ့တာလို့ ပြောပါတယ်။

ဒေသထုံးစံအရ အမျိုးသားကို ငွေကြေးဆိုင်ရာလျော်ကြေးမပေးခဲ့ပဲ ခုလိုဖြစ်ခဲ့တဲ့အပေါ် မကျေနပ်ကြတဲ့ ရွာသားတွေက သူတို့စုံတွဲကို ဓားစာခံ အဖြစ် ခေါ်ဆောင် သွားခဲ့ကြတာပါ။

ရွာသားတွေဟာ သူတို့စုံတွဲကို ကိုယ်လုံးတီးနဲ့ လမ်းလျှောက်စေပြီး သစ်ပင်မှာ ၂ ရက်ကြာချည်နှောင်ထားခဲ့တာပါ။

အမျိုးသမီးရဲ့ အစ်ကိုဖြစ်သူနဲ့ မိသားစုတွေဟာ သူတို့ကို ကယ်တင်ဖို့ သွားရောက်ခဲ့ချိန်မှာ သူတို့ကိုလည်း တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျနော့် ညီမကို သူတို့က ဓားစားခံခေါ်ပြီး နှိပ်စက်ခဲ့ကြတယ်။ ၂ ရက်လောက် ကြာတော့ ကျနော်ကယ်ဖို့သွားခဲ့ချိန်မှာ သူတို့က တိုက်ခိုက်ခဲ့ကြပါတယ်။”

အဲဒီအမျိုးသမီးကို မိသားစုက ရူပီးငွေ ၈ သောင်းပေးပြီး ရွေးယူခဲ့ကြရကာ အမှုမှာ ပါဝင်ခဲ့သူတွေကို ရဲတွေဆီမှာ ထွက်ဆိုခဲ့ကြတာပါ။

အမျိုးသမီးရဲ့ လင်ယောက်ျားဖြစ်သူနဲ့ အမျိုးသမီး ၃ ဦးအပါအ၀င် ရွာသား ၁၃ ဦး ဖမ်းဆီးခံခဲ့ရကာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်


Video ကြည့်ရန်...



ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင် ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ။ Title : ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင် ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ။
Description : အိန္ဒိယနိုင်ငံ၊ ရာဂျာစ်သန် ပြည်နယ် ထဲက ကျေးရွာ တရွာမှာ မျိုးနွယ်စု ဓလေ့ ထုံးစံတွေကို ဖောက်ဖျက် ခ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.