Advertise Here !



ကျွန်တော် အခုရေးသားမယ့် အကြောင်းအရာတွေကတော့ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။


၁. ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။

၂. ပြက္ခဒိန်မှာ ပါဝင်နေတဲ့ လ ၁၂ လမှာ သြဂုတ်လဟာ ကလေးမွေးဖွားမှု အများဆုံးလဖြစ်ပါတယ်။

၃. အစားအစာတွေဟာ တံတွေးနဲ့မရောမချင်း အစားအစာတွေရဲ့ အရသာ ဆိုတာကို ခံစားလို့မရပါဘူး။

၎. လူတစ်ယောက် အိပ်စက်သွားဖို့ အချိန်ယူချိန်ဟာ ပျမ်းမျှအနေနဲ့ ၇ မိနစ်သာကြာမြင့်ပါတယ်။

၅. ဝက်ဝံတစ်ကောင်မှာ သွား ၄၂ ချောင်းရှိပါတယ်။

၆. ငှက်ကုလားအုတ်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်တောင် အရွယ်အစားပိုမိုကြီးမားပါတယ်။

၇. သံပုရာသီးတစ်လုံးမှာ စတော်ဘယ်ရီသီတစ်လုံးထက်တောင် သကြားဓာတ်ပမာဏပါဝင်မှု ပိုမိုများပြားပါတယ်။

၈. ရှစ်ရာနှုန်းသောလူတွေဟာ နံရိုးအပိုပါကြပါတယ်။

၉. ၈၅ ရာနှုန်းသော သက်ရှိအပင်တွေဟာ သမုဒ္ဒရာ ကြမ်းပြင်ရေအောက်မှာ တည်ရှိနေပါတယ်။

၁၀. ကမ္ဘာပေါ်မှာ လူသုံးအများဆုံး အက္ခရာဟာ E ဖြစ်ပါတယ်။

၁၁. ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဘာသာစကားသုံးခုကတော့ မန်ဒရင်းတရုတ်ဘာသာစကား ၊ စပိန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား
တို့ဖြစ်ပါတယ်။
Ref ===> Did U Know

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !