Advertise Here !



လူဦးရေ ၂၂ ပဲကျန်ရှိတော့တဲ့ ဂျပန်က Aoshima ကျွန်းပေါ်မှာတော့ ကြောင်တွေက ဖြန့်ကျက် ကျက်စားလျက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒီကျွန်းပေါ်မှာ အရင်တုန်းကတော့  ကြွက်တွေတစ်အားပေါပြီး ငါး ဖမ်းလှေတွေကို ကိုက်ဖြတ်လေ့ရှိတာကြောင့် ကြောင်တွေကို အဲ့ဒီကျွန်းပေါ်မှာ ခေါ်ဆောင်မွေးမြူခဲ့ကြတာဖြစ်ပါတယ်။

 ကြွက်တွေက ကုန်စင်သွားခဲ့ပေမယ့်လည်း ကြောင်တွေကတော့ မျိုးပွားနှုန်း အရမ်းများလာတာကြောင့် ကျွန်းပေါ်မှာ ကြောင်တွေ  အထိန်းအကွပ်မရှိ များပြားလာပြီး နည်းပါးသွားအောင် လုပ်ဖို့လည်း ခက်ခဲ လာခဲ့ပါတယ်။




အခုဆိုရင်တော့ အဲ့ကျွန်းပေါ် ကြောင် အရေအတွက်ဟာ ၁၂၀၀ ဝန်းကျင်ရှိပြီး ၄င်းတို့ထဲမှ ၁၀ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါတယ်။ ၄င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာများကိုသာ စားသောက်နေထိုင်တယ်လို့ သိရပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင်နေနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သို့ပေမယ့်လည်း အဲ့ကျွန်းပေါ်မှာ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ကြောင်တွေသာ ကျန်ရှိနေခဲ့ပြီး ငယ်ရွယ် သူတွေကတော့ အခြား မြို့ရွာများသို့ ပြောင်းရွေ့သွားကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဖြည်းဖြည်းနဲ့ လူမရှိဘဲ ကြောင်တွေသာ ကျန်ရှိတော့တဲ့ကျွန်းတစ်ခုဖြစ်သွားမှာကို ကြောက်ရွံ့နေရတယ်လို့ သိရပါတယ်။




Ref ===> DailyMail

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !