Samsung Galaxy On7 ကို မြန်မာကျပ်ငွေ ၂၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချမည်



Samsung အနေနဲ့ အသစ်ထွက်ရှိလာတဲ့ Samsung Galaxy On7 ကို Samsung ရဲ့  အွန်လိုင်းစတိုးဖြစ်တဲ့ http://s-estoremyanmar.com/ မှာရောင်းချမှာဖြစ်ပါတယ်။ Samsung Galaxy On7 ကို Online မှာသာ ရောင်းချမှာဖြစ်တဲ့အတွက်ကြောင့် Samsung Galaxy On 7 လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။ Samsung အနေနဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်းဈေးကွက်က တွင်ကျယ်မှု မရှိသေးတဲ့အတွက်ကြောင့် Galaxy On7 ကို Samsung အရောင်းဆိုင်များနဲ့ အခြား မိုဘိုင်းဖုန်း လက်လီ အရောင်းဆိုင်များတွင်ပါ မြန်မာငွေကျပ် ၂၂၅,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။  

Samsung Galaxy On7 ကို လေးထောင့်ကျကျ ဒီဇိုင်းနဲ့ စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးထားပြီး ကာဗာကိုလည်း Samsung Galaxy Note 3 မှာ အသုံးပြုထားတဲ့ သားရေ ကာဗာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် မကြာမီ အချိန်အတွင်းမှာ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်တော့မဲ့ 4G network ကိုလည်း အထောက်ပံ့ပေးထားပါတယ်။ နောက်ထပ် ထူးခြားချက်အနေနဲ့ Home button ကို နှစ်ချက်နှိပ်လိုက်ရုံနဲ့ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ Feature အပြင် အတွင်းဘက် ကင်မရာကို ဖွင့်ထားပြီး လက်ဖဝါးပြလိုက်ရုံနဲ့ selfies ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ Palm Gusture Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အပြင်ဘက်ကင်မရာရဲ့ အရည်အသွေးကတော့ 13MP ရှိပြီး အတွင်းဘက်ကင်မရာကတော့ 5MP ရှိပါတယ်။ 

Data သိုလှောင်မှု ပမာဏအနေနဲ့ 8GB Storage ကို အသုံးပြုထားပြီး RAM ကတော့ 1.5GB ပမာဏကို အသုံးပြုထားပါတယ်။ ဒါ့အပြင် နောက်ထပ် Data ပမာဏကို ထပ်တိုး အသုံးပြုလိုသူများအတွက်လည်း အဆင်ပြေစေရန် 128 GB အထိ ထပ်တိုးအသုံးပြုနိုင်တဲ့ Micro SD Card Slot ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy On7 ကို ရွှေရောင်နဲ့ အမည်းရောင် ဆိုပြီး အရောင် နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ 

Aung Ko Htet 


#aungkohtet_mdk


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung Galaxy On7 ကို မြန်မာကျပ်ငွေ ၂၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချမည် Title : Samsung Galaxy On7 ကို မြန်မာကျပ်ငွေ ၂၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချမည်
Description : Samsung အနေနဲ့ အသစ်ထွက်ရှိလာတဲ့ Samsung Galaxy On7 ကို Samsung ရဲ့   အွန်လိုင်းစတိုးဖြ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.