Advertise Here !

 


 ကျွန်တော်အခုပြောပြပေးမှာ ကတော့ Qualcomm CPU သုံး ဖုန်းတွေကို Firmware Backup ယူနည်း နဲ့ Firmware ပြန်တင်နည်းတွေကိုပြောပြပေးမှာပါ

dload File Firmware နဲ့ MMC Storage Backup Firmware နဲ့ဘာတွေကွာလဲ
====================================================

dload Firmware တင်တဲ့အခါ စိတ်ကြိုက်ရွေးတင်ခွင့်မရှိပါဘူး ဥပမာ Virus ကိုက်နေတဲ့ ဖုန်းတွေမှာ Flashtool Firmware တွေဆိုရင် System File တစ်ဖိုင်ထဲ ရိုက်ထဲလို့ရပါတယ် dload File firmware မှာ အဲလိုရွေးချယ်ခွင့်မရှိပါဘူး အကုန်တင်ပေးသွားတာပါ ပြီးရင် Build Number မြင့်နေတာကို Build Number အနိမ့်နဲ့တင်လို့မရပါဘူး Step 2 Fail, Write Data Error Fail အစရှိတဲ့ Error တွေတက်ပါတယ် MMC Storage Backup Firmware မှာ Error တစ်ခုမှမရှိပါတယ် အရမ်းအဆင်ပြေပါတယ် Logo Error, Deadboot Error, Boot load Error အကုန်ရှင်းနိုင်ပါတယ် အဆင်ပြေတာကတော့ ရှိသမျှQualcomm ဖုန်းတွေအားလုံးကို Backup ယူထားတာအကောင်းဆုံးပဲ နောက်ပိုင်းမှာဘာ Error ဖြစ်ဖြစ် အဆင်ပြေအောင်ပါ

Backup ယူမယ့်ဖုန်းက Qualcomm ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ
===========================================

adb ကနေဆိုရင်
adb shell
cat proc/cpuinfo
အောက်ဆုံးနားလေးက Hardware နေရာမှာ Qualcomm 8x1x ဆိုရင် သေချာပါတယ် Qualcomm Device ပါပဲ MTK DroidTool အခြား Tool တွေ နဲ့လဲကြည့်နိုင်ပါသေးတယ်

MMC Storage 9006 Firmware Backup ထုတ်နည်း
====================================

လိုအပ်တဲ့ဖိုင်တွေအရင်းဒေါင်းပါ


၁။ ဖုန်းမှာ Root Access ရှိရပါမယ် BusyBox.apk သွင်းထားရပါမယ် Root ဖောက်နိုင်ဖို့အတွက် King Root Version အမြင့်ထည့်ပေးထားပါတယ်
၂။ ဒေါင်းလို့ရလာတဲ့ Zip ကိုဖြည်ပါ password တောင်းရင် www.sithumobile.com လို့ရိုက်ပါ

၃။ Android EMMC Folder ကိုဖွင့်ပါ Android eMMC.exe ကို Run ပါ

၎။ Software ပွင့်လာရင် ညာဖက်ထောင့်နားလေးက Check phone ဆိုတာလေးကို နိုပ်ပါ
Scanning for devices ...
Android device found.
Android serial number : ?
ROOT STATUS : Phone are rooted you are ready to go.
Checking tools ...
SU VERSION : 3.61:kinguser_su
BUSYBOX VERSION : 1.23.1-Stericson
Done.
ဒါမျိုးလေးပေါ်လာရင် Backup စတင် ရိုက်လို့ရပါပြီ

၅။ Option menu မှာ Block Mode ကိုအမှန်ခြစ်ပါ ပေါ်နားက Block menu လေးက မှိန်နေရာကနေ လင်းလာတာလေးတွေ့ရပါလိမ်မည်

၆။ Action menu မှာ ကို Save ချင်တဲ့နေရာ ရွေးပါ
mmkcblk0 ကစပြီး mmkcblk1p1 ထိတစ်ဖိုင်ခြင်းရိုက်ထုတ်ပါ
တစ်ခြားBackup ထုတ်နည်းတွေလဲအများကြီးရှိပါသေးတယ် နောက်မှတင်ပေးပါအုန်းမည် လောလောဆယ် အလွယ်ဆုံးနည်းကိုအရင်တင်ပေးထားတာပါ

MMC Storage 9006 Firmware Restore လုပ်နည်း
==================================

၁။ EMMCRAW.exe ကိုဖွင့်ပါ အပိုင်း ၁ မှာကျွန်တော်ပြောခဲ့တဲ့ ဖုန်းကို MMC Storage ၀င်နေတဲ့အနေအထားမှာ ကြိုးထိုးပါ Drive menu မှာ Refresh ကိုနိုပ်ပါ
Description = Disk drive
Manufacturer = (Standard disk drives)
MediaType = External hard disk media
Model = Qualcomm MMC Storage USB Device
Size = 3909091328 Bytes

ဒီလိုမျိုးလေးပေါ်နေရင်တော့ Restore လုပ်နိုင်ပါပြီ

၂။ Write menu မှ browser ကိုနိုပ်ပြီး မိမိ backup ထုတ်ထားသော နေရာမှ mmkcblk0 ကိုခေါ်ပေးလိုက်ပါ

၃။ Load Partition Structure ကိုနိုပ်ပါ ဖိုင်မှားခေါ်ရင်တော့ Error တက်ပါလိမ့်မည် ဖိုင်အမှန်ခေါ်ရင်တော့ ဘေးမှာ Partition အခန်းတွေကြလာပါလိမ့်မည်

၎။ Write Select Partition ကိုနိုပ်ပြီး Firmware တင်နိုင်ပါပြီခင်ဗျာ

=====================

အပိုင်း (၃) မှာတော့ BoardFirmware ရေးမိလို့ ဖြစ်သော Error များ IMEI 0 Error, Boot Logo Error, Noti Error, Theme Error, Fastboot 3 color Error, SIM ONE Error အစရှိသော Error တွေအကြောင်းတင်ပေးပါအုန်းမည် ..

Credit : အောင်သူရ @ စည်သူကွန်ပျူတာနှင့်မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း

အပိုင်း (၁) ကိုပြန်ဖတ်ချင်ရင် >>> LINK

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !