Advertise Here !


(၁) သူများတွေကို အတုမခိုးဘူး..

အောင်မြင်တဲ့သူတွေကို အားကျတတ်တာ လူ့သဘာဝပါ။ ဒီထဲကမှ တစ်ချို့ကတော့ အားကျရုံတင်မကဘဲ အတုခိုးတဲ့အဆင့်တောင် ရောက်တတ်ကြပါတယ်။ EQ မြင့်တဲ့သူတွေကတော့ ဘယ်သူ့ကိုမှအတုမခိုးဘဲ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။
.
(၂) ဆင်ခြေမပေးဘူး..

လူတော်တော်များများဟာ လိုချင်တဲ့ရလဒ်တစ်ခုမရခဲ့ရင် တစ်ခုခုကိုအပြစ်ပုံချပြီး ဆင်ခြေပေးဖို့ ကြိုးစားမိတတ်ကြပါတယ်။ သူတို့ကတော့ ဆင်ခြေပေးမယ့်အစား လိုအပ်ချက်တွေ၊ နောက်တစ်ခါ ပြင်ဆင်လို့ရမယ့်အချက်တွေကိုပဲ ခေါင်းထဲထည့် စဉ်းစားတတ်ကြပါတယ်။

(၃) အားမနာတတ်ဘူး..

သူတို့အတွက် အားနာပြီး လက်ခံလိုက်ရတယ်၊ အားနာပြီး ငြင်းပယ်လိုက်ရတယ်ဆိုတဲ့ အဖြစ်မျိုး သိပ်မရှိပါဘူး။ လုပ်သင့်တာကို လုပ်တတ်ပြီး တစ်ဖက်ကနေလည်း လူမှုရေးမှာ အားနည်းမသွားအောင် ပြန်ဖြည့်စီးတတ်ပါတယ်။
.
(၄) အတင်းမပြောဘူး..

သူများကိစ္စ (အထူးသဖြင့် မကောင်းတဲ့ကိစ္စကို) အချိန်ပေးပြီး ပြောဆိုမနေတတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ စိတ်ပါဝင်စားတတ်ပေမယ့် စကားတွေချဲ့ကားပြောရမယ့်အလုပ်ကတော့ သူတို့အလုပ်မဟုတ်ဘူးဆိုတာ သူတို့သိပါတယ်။
.
(၅) စိတ်ဓါတ်ကျစေမယ့် အတွေးမျိုးမတွေးဘူး..

ငါကတော့ မထူးချွန်ပါဘူးတို့၊ ငါလုပ်ရင် ဖြစ်နိုင်မှာမဟုတ်ဘူးတို့။ အဲဒီ့လိုမျိုး Negative ဆန်တဲ့ အတွေးမျိုးတွေကို လုံးဝတွေးလေ့မရှိပါဘူး။
.
(၆) အတိတ်မှာပဲ နစ်မြောမနေဘူး..

တော်တော်များများဟာ အတိတ်က ပျော်ရွှင်မှုတွေနဲ့ အတိတ်က ဒဏ်ရာတွေထဲမှာပဲ နစ်မွန်းနေလေ့ရှိပါတယ်။ ဒါပေမယ့် EQ မြင့်မားတဲ့သူတွေကတော့ အတိတ်ထက်စာရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပဲ ပိုပြီး အာရုံစိုက်တတ်ပါတယ်။

သားရိုး (Focus Youth)
Ref: Inc , focusyouthmyanmar
အဆင်ပြေပါစေ..

- မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !