Androidဖုန်းတွေရဲ့ဘက်ထရီပြသနာ …



ဘက်ထရီစားမြန်ခြင်း၊ ဖုန်းအားဝင်မှုနှေးခြင်းစတာတွေဟာ ဘက်ထရီစွမ်းဆောင်ရည်နိမ့်တဲ့ဖုန်းတွေမှာ ကြုံတွေ့နိုင်တဲ့ပြသနာတွေပါပဲ။ ဒီလိုအခြေအနေကြုံလာရပြီဆိုရင် အလွယ်တကူလုပ်ဆောင်နိုင်တာတွေကို
ဖော်ပြပေးလိုက်ရပါတယ်။

- မလိုအပ်သေးတဲ့applicationတွေကို Force stop လုပ်ထားပါ။
Uninstallလုပ်လို့လည်းမဖြစ်ဘူး၊ အသုံးလည်းနည်းတယ်ဆိုတဲ့ applicationတွေကို Force stopလုပ်ထားတာဟာဘက်ထရီစားခြင်းကိုကာကွယ်ပေးပါလိမ့်တယ်။ 
လုပ်လိုတဲ့applicationကိုဖိပါ > App info > Force stop

- ဘက်ထရီအသစ်တစ်လုံးအစားလဲနိုင်ပါတယ်။
အသုံးပြုမှုသက်တမ်းနှစ်နှစ်ရှိလာတဲ့ ဖုန်းတွေဟာ ဘက်ထရီစွမ်းဆောင်ရည်ကျဆင်းလာပါတယ်။ ဘက်ထရီအစားထိုးနိုင်သောဖုန်းဆိုရင် အသစ်တစ်ခုဝယ်ပြီး အစားထိုးလိုက်ပါ

- အားသွင်းကိရိယာကို စစ်ဆေးပါ။
ဖုန်းဘက်ထရီသွင်းချိန်ကြာမြင့်လာတာတွေဟာ တစ်ခါတစ်ရံမှာ ဖုန်းကြောင့်မဟုတ်ဘဲ အားသွင်းကိရိယာကြောင့်ဖြစ်နေတတ်ပါတယ်။ အားသွင်းကိရိယာကောင်း၊မကောင်း စစ်ဆေးပေးပါ။

-Sleep/ Screen timeoutကို အချိန်နည်းတာရွေးချယ်ပါ။
Settings > Display> Sleep/ Screen timeout > အချိန်နည်းတာရွေးချယ်ပါ

- autobrightness ကို off လုပ်ထားပါ။
Settings> Display> Brightness > off autobrightness

- Google Play Servicesဟာ ဘက်ထရီသုံးစွဲမှုများတာကြောင့် တစ်လတစ်ကြိမ်လောက် Clear cache လုပ်ပေးပါ။
Settings> Applications> All> Google Play Services> Clear cache

Ref: androidpit 
ref - ခမ်းမူး (Myanmar Mobile App)
-

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Androidဖုန်းတွေရဲ့ဘက်ထရီပြသနာ … Title : Androidဖုန်းတွေရဲ့ဘက်ထရီပြသနာ …
Description : ဘက်ထရီစားမြန်ခြ င်း၊ ဖုန်းအားဝင်မှုနှေးခြင်းစတာတွေဟာ  ဘက်ထရီစွမ်းဆောင်ရည်နိမ့်တဲ့ဖုန်းတွေမှာြ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.