လူတိုင်း စိတ်ဝင်စားစေမဲ့ Samsung ရဲ့ Galaxy J စီးရီးများ



Samsung Galaxy J1 (2016) = ၁၂၀,၀၀၀ ကျပ်
Samsung Galaxy J1 (Mini) = ၉၉,၀၀၀ ကျပ်
Samsung Galaxy J2 = ၁၅၂,၀၀၀ ကျပ်
Samsung Galaxy J3 (2016) = ၁၉၉,၀၀၀ ကျပ်
Samsung Galaxy J5 = ၂၃၂,၀၀ ကျပ်
Samsung Galaxy J7 = ၂၈၈,၀၀၀ ကျပ်

အထက်ဖော်ပြပါ ဈေးနှုန်းများအရဆိုရင်တော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းလို ဆိုနိုင်ပြီး စွမ်းဆောင်ရည်ကလည်း ကောင်းမွန်တယ်ဆိုရင်တော့ ဒါကို ဈေးတန်တဲ့ စမတ်ဖုန်းလို့ ခေါ်ဆို သတ်မှတ်နိုင်ပါတယ်။ အခုဆိုရင် Samsung ဟာ မိုဘိုင်းဖုန်း အသုံးပြုသူတို့ အဆင်ပြေစေရန်အတွက် ဈေးတန်ပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ Samsung Galaxy J စီးရီး စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးနေပြီဖြစ်ပါတယ်။ 

အင်တာနက်အသုံးပြုလျှင်သော်လည်းကောင်း၊ ဗီဒီယိုကြည့်လျှင်သော်လည်းကောင်း ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်မှာ သဘာဝဆန်ဆန်ရုပ်ထွက်တွေကို တွေ့မြင့်ခံစားနိုင်စေမဲ့ Super AMOLED စခရင် မျက်နှာပြင် အမျိုးအစားကို အသုံးပြုထားတဲ့အတွက်ကြောင့် ရုပ်ထွက်ကောင်းမွန်တဲ့ အရသာကို Samsung Galaxy J စီးရီးအသုံးပြုသူတို့ ခံစားနိုင်မှာဖြစ်ပါတယ်။ ပုံရိပ်တွေကို အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစွာ ပေးစွမ်းနိုင်မဲ့ အဆင့်မြင့်ကင်မရာအပြင် Professional ဓါတ်ပုံဆရာရဲ့ ကင်မရာတစ်လုံးလို အလင်းအမှောင်တွေကို လိုရာချိန်ဆနိုင်တဲ့ Pro Mode Feature နဲ့  ဖုန်းမှာပါဝင်တဲ့ Home ခလုတ်ကို နှစ်ချက်နှိပ်လိုက်ရုံနဲ့ ဓါတ်ပုံတွေကို တိုက်ရိုက် ရိုက်ကူးပေးမဲ့ Quick Launh Feature တို့ ပေါင်းစပ်ဖွဲ့ဆည်းထားတဲ့ ကင်မရာ ဖွဲ့စည်းပုံ စနစ်ဟာ အဆင့်မြင့်လှပါတယ်။ 


Samsung Galaxy J1 နဲ့  J1 (Mini) တို့ဟာ စွမ်းဆောင်ရည်အားဖြင့် အနည်းငယ်သာကွာခြားပြီး ဈေးနှုန်းအရလည်း အနည်းငယ်သာ ကွာခြားပါတယ်။ Samsung Galaxy J1 ရဲ့  မျက်နှာပြင် အကျယ်ဟာ ၄.၅ လက်မရှိပြီး J1 (Mini) ရဲ့ မျက်နှာပြင် အကျယ်ကတော့ ၄ လက်မသာရှိပါတယ်။ Samsung Galaxy J1 ရဲ့ အရွယ်အစားဟာ ၁၃၂. x ၆၈. x 8.9 မီလီမီတာ ရှိပြီး Samsung Galaxy J1(Mini) ရဲ့  အရွယ်အစားကတော့ အရွယ်အစားဟာ ၁၂၁. x ၆၃. x ၁၀. မီလီမီတာ ရှိပါတယ်။ ဖုန်းအတွင်း Data သိုလှောင်မှု ပမာဏကတော့ Samsung Galaxy J1 မှာ 8GB Storage နဲ့ 1GB RAM တို့ပါဝင်ပြီး Samsung Galaxy J1 (Mini) မှာတော့ 8GB Storage နဲ့ 768 RAM တို့ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် အမျိုးအစားနှစ်မျိုးစလုံးမှာ နောက်ထပ် Data သိုလှောင်မှုကို 128GB အထိ ထပ်တိုးအသုံးပြုနိုင်တဲ့ Micro SD Slot များပါဝင်ပါသေးတယ်။ ကင်မရာ အမျိုးအစားကတော့ Samsung Galaxy J1 ရဲ့ အပြင်ဘက်ကင်မရာဟာ 5MP ဖြစ်ပြီး  အတွင်းဘက် ကင်မရာ 2MP တို့ကို အသုံးပြုထားကာ Samsung Galaxy J1(Mini) ရဲ့  အပြင်ဘက် ကင်မရာမှာတော့ 5MP ဖြစ်ပါတယ်။ Samsung Galaxy J1 နဲ့  J1 (Mini) တို့ရဲ့ ဘက်ထရီ အမျိုးအစားကတော့  2,050 mAh နဲ့ 1,500 mAh တို့ကို အသီးသီး အသုံးပြုထားတဲ့အတွက်ကြောင့် ဘက်ထရီအား ကြာရှည်ခံမှုကို ဦးစာပေးထားပါတယ်။ Samsung Galaxy J1 နဲ့  Galaxy J1 (Mini) တို့မှာ အသုံးပြုထားတဲ့ Android Version ကတော့ Lillipoop ပဲဖြစ်ပါတယ်။ 


Samsung Galaxy J စီးရီးတွေထဲက နောက်ထပ် လူကြိုက်များနေတဲ့ Samsung Galaxy J စီးရီးနှစ်မျိုးကတော့ Samsung Galaxy J2 နဲ့  Samsung Galaxy J3 တို့ဖြစ်ပါတယ်။ Samsung Galaxy J2 ရဲ့  မျက်နှာပြင် အကျယ်ဟာ . လက်မရှိပြီး Samsung Galaxy J3 ရဲ့ မျက်နှာပြင် အကျယ်ကတော့ လက်မရှိပါတယ်။ ကင်မရာ ပိုင်း အရ ကြည့်မယ်ဆိုရင်တော့ Samsung Galaxy J2 ရဲ့  အပြင်ဘက် ကင်မရာဟာ 5MP နဲ့ အတွင်းဘက် ကင်မရာ 2MP ကို အသုံးပြုထားပြီး Samsung Galaxy J3 ကိုတော့ အပြင်ဘက်ကင်မရာ 8MP နဲ့ အတွင်းဘက်ကင်မရာ 5MP တို့အသုံးပြုထားတဲ့အတွက်ကြောင့် ဓါတ်ပုံရိုက်တာ ဝါသနာပါသူများအတွက် Selfies ဓါတ်ပုံတွေကို အရည်သွေးကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Samsung Galaxy J2 ရဲ့ ကင်မရာပိုင်းအရ ထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်တဲ့ လက်ဖဝါးပြလိုက်ရုံနဲ့ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ Palm Selfies ဆိုတဲ့ Feature ပါဝင်ပါတယ်။ Samsung Galaxy  J3 ရဲ့  ဖုန်းအတွင်း သိမ်းဆည်းနိုင်တဲ့ Data သိုလှောင်မှု ပမာဏကတော့ 8GB Storage နဲ့ RAM 1.5GB တို့ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် နောက်ထပ် Data သိုလှောင်မှုကို 128 GB အထိ ထပ်တိုး အသုံးပြုနိုင်တဲ့ Micro SD Slot တို့ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Samsung Galaxy J2 မှာ ဘက်ထရီအားကို သက်သာစေမဲ့ Ultra-power saving mode အပြင် ဘက်ထရီ သိမ်းဆည်းမှုပမာဏ၊ လုပ်ဆောင်နိုင်စွမ်းတွေကို စစ်ဆေးနိုင်တဲ့ Smart Manager တို့ပါဝင်ပါသေးတယ်။ 



နောက်ထပ် Samsung Galaxy J စီးရီးတို့ထဲက အသုံးပြုရ အဆင်ပြေကြောင်း အကြောင်းပြန်ပြောဆိုမှုတွေ ရရှိထားတဲ့ Samsung Galaxy J စီးရီးတွေကတော့ Samsung Galaxy J5 နဲ့  Samsung Galaxy J7 တို့ဖြစ်ပါတယ်။ Samsung Galaxy J5 ရဲ့ မျက်နှာပြင် အကျယ်ဟာ . လက်မ နဲ့  Samsung Galaxy J7 ရဲ့ မျက်နှာပြင် အကျယ်ကတော့ . လက်မရှိပါတယ်။ Samsung Galaxy J5 ရော Samsung Galaxy J7 ရော နှစ်မျိုးစလုံးရဲ့  ကင်မရာ အမျိုးအစားကတော့ အလင်းရောင် နည်းနေစဉ်မှာပင် ရုပ်ထွက်ကောင်းမွန်အောင် ရိုက်ကူးနိုင်တဲ့ ကျောဘက် ကင်မရာ 13MP နဲ့ အတွင်းဘက် ကင်မရာ 5MP တို့ဖြင့် ဖွဲ့စည်းတည်းဆောက်ထားပါတယ်။ Processor အမျိုးအစားကတော့ Samsung Galaxy J7 မှာ လုပ်ဆောင်ချက်မြင့်မားစွာ စွမ်းဆောင်နိုင်ပြီး လုပ်ဆောင်ချက်တိုင်းကို အထစ်အငေါ့မရှိ စွမ်းဆောင်ပေးမဲ့ 1.5GHz Quad + 1.2GHz Quad အမျိုးအစားရှိတဲ့ CPU လုံးကို ထည့်သွင်းပေးထားပါတယ်။ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းတွေကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူတို့က အကြိုက်တွေ့ကြတယ်လို့ ဆိုပါတယ်။ 

အားလုံးသော Samsung Galaxy J စီးရီးများရဲ့  လူကြိုက်များတဲ့ အချက်ကတော့ Sim Card နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ 

Aung Ko Htet (Maung Pauk)




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



လူတိုင်း စိတ်ဝင်စားစေမဲ့ Samsung ရဲ့  Galaxy J စီးရီးများ Title : လူတိုင်း စိတ်ဝင်စားစေမဲ့ Samsung ရဲ့ Galaxy J စီးရီးများ
Description : Samsung Galaxy J1 (2016) = ၁၂၀ , ၀၀၀ ကျပ် Samsung Galaxy J1 (Mini) = ၉၉ , ၀၀၀ ကျပ် Sa...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.