Samsung က သူ့ရဲ့ Android Device အချို့မှာ Google ရဲ့ Lollipop Security တစ်မျိုးဖြစ်တဲ့ Factory Reset Protection Lock ( FRP Lock ကို ထည့်သွင်းလာပါတယ် )
FRP Lock ဆိုတာ-
တစ်ကယ်လို့ မိမိဖုန်းဟာ
Android Version 5.0 နဲ့အထက်ဖြစ်နေမယ်
FRP Lock ကို လည်း Support ပေးမယ်
Gmail တစ်ခုခုကိုလည်း Login လုပ်ထားဖူးတယ်ဆိုရင်
မိမိရဲ့ဖုန်းကို မည်သူတစ်ဦးတစ်ယောက်ကဖြစ်စေ Factory data reset ချဖို့ကြိုးစားခဲ့ရင် စက်ပြန်ဖွင့်အပီးမှာ Verify your account ဆိုပီး Gmail Login တောင်းတဲ့ Security တစ်မျိုးဖြစ်ပါတယ် ၊ Account တောင်းလာရင် မိမိ reset မချခင်က မိမိဖုန်းမှာ ပထမဆုံးထည့်သွင်းထားတဲ့ gmail account ရိုက်ထည့်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ် ၊ တစ်ကယ်လို့ account မမှတ်မိသည်ဖြစ်စေ အခြားတစ်စုံတစ်ခုသောအကြောင်းကြောင့် အဲ့ဒီ account ကို မိမိမသိသည်ဖြစ်စေ FRP Lock ကျပါတော့တယ်
FRP Lock ကို Gmail Account မထည့်ပဲ ဖြေရှင်းနည်း-
1. U.S.B OTG တစ်ခုလိုပါမယ်
2. Development Settings .apk လိုပါမယ်
ပထမဆုံး ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ Development Settings.apk ကို OTG ထဲထည့်ပါ
google account တောင်းနေတဲ့ဖုန်းမှာ OTG ထိုးလိုက်ပါ USB Storage A အနေနဲ့တက်လာရင် အထဲဝင်လိုက်ပါ ၊ Development Settings.apk ကို ရှာပီး Install ပြုလုပ်ပါ ( Unknown Source ပိတ်ထားတာလေးဖွင့်ပေးရပါမယ် ) ၊ Application ကို install လုပ်ပီးတာနဲ့ Open လုပ်လိုက်ပါ ၊
Phone Settings ထဲကိုရောက်သွားပါမယ် ၊ Backup and reset ကိုသွားပီး Factory data reset ချလိုက်ပါ ၊ စက်ပြန်တက်လာရင် Account Verify လုပ်တဲ့ အဆင့်ကျော်သွားပါလိမ့်မယ်

Credit : Phyo Nyi Nyi@MPPG




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Development Settings.apk : 46.62 Kb

Dev-Host Download Link




Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: