MMM Global နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်း

MMM Global ဟာ ငွေကို ၂ ဆပွားစေတယ်ဆိုပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်၊ လူဦးရေ သန်းပေါင်းများစွာက အရင်းအနှီး သန်းပေါင်းများစွာကို ရင်းနှီးခဲ့ကြပါတယ်.. ကျွန်တော် MMM ကိုရင်းနှီးခဲ့တာ 2015 ဒီဇင်ဘာလမှာပါ.. ဖြစ်နိုင်ခြေ နည်းပါးတဲ့ အမြတ်အစွန်းကို လိုချင်တပ်မက်မှုတွေနဲ့ ရင်းနှီးမြှပ်နှံခဲ့ပြီး တစ်ကြိမ်တစ်ခါတော့ ထုတ်ယူရရှိခဲ့ပါတယ်.. ကျွန်တော် ထုတ်ယူရရှိတဲ့အကြောင်းနဲ့ စိတ်ဝင်စားရင် လုပ်နိုင်တယ်ဆိုပြီး ဒီဘလော့ပေါ်ကပဲ ကျွန်တော် ဖြန့်ဝေပေးခဲ့ပါတယ်.. MMM Global ရဲ့ Function နဲ့ဖြစ်နိုင်ခြေအကြောင်းအရာတွေကိုလည်း မိတ်ဆွေတွေ စဉ်းစားပေးနိုင်ဖို့ တင်ပေးခဲ့ပါတယ်..

http://www.maungpauk.org/2016/03/online-mmm-global.html

လူဆိုတာ လောဘသားကောင်ဖြစ်တာနဲ့အညီ MMM Global မှာ ရင်းနှီးမြှပ်နှံခဲ့ကြတဲ့အခါ ရတဲ့သူလည်းရ မရတဲ့သူလည်းမရပေါ့ဗျာ.. မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့သတင်းမှာတော့ MMM Global ဟာ သန်းပေါင်းများစွာသော ကမ္ဘာ့ MMM Global Member တွေရဲ့ အိပ်မက်တွေကို ရိုက်ချိုးဖျက်ဆီးလိုက်ပါတယ်.. သူတို့ထုတ်ပြန်တဲ့သတင်းမှာ MMM Global တစ်ခုလုံးကို ဖျက်သိမ်းလိုက်တယ်လို့ ပြောထားတာ မဟုတ်ပေမယ့် ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေဟာ ဆုံးပြီလို့ သတ်မှတ်လိုက်တာပါပဲ.. ကျွန်တော်ကိုယ်တိုင် MMM Global မှာ အတိုင်းအတာ တစ်ခုထိ ဝင်ရောက်မိခဲ့ပြီး ကိုယ်ပိုင်စိုက်ငွေ ဒေါ်လာ ၂၀၀ ကျော်ပါဝင်သွားခဲ့ပါတယ်.. ရမယ့်ငွေ စုစုပေါင်းပမာဏဟာ ဒေါ်လာ ၈၀၀ ကျော်ရှိပေမယ့် ကျွန်တော်လည်း အဲဒီငွေတွေကို ဆုံးရှုံးသွားခဲ့ပါပြီ..
ထုတ်ပြန်တဲ့သတင်းတွေကို အနီးစပ်ဆုံးဘာသာပြန်ထားတာလေး တင်ပေးလိုက်ပါတယ်..
ကျွန်တော့်အနေနဲ့ ဒေါ်လာ ၂၀၀ ပဲဆုံးရှုံးသွားတာမဟုတ်ပါဘူး.. မိတ်ဆွေတို့ရဲ့ မျှော်လင့်ချက်တွေကိုပါဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်.. ဒီသင်ခန်းစာကို နမူနာယူပြီး ဘာကိုမှ လောဘမတက်ဖို့နဲ့ သေသေချာချာ လေ့လာပြီးမှ လုပ်ဖို့ ထပ်မံ သတိပေးချင်ပါတယ်
-
08.04.2016 MMM News  

  • Republic of Bitcoin (MMM) ကို ပိတ်လိုက်ကြောင်း အကြောင်း အကြောင်းကြားအပ်ပါသည်… အခု လက်ရှိ MMM ကျရှုံးပါပြီး… ကျွန်တော်တို့  တစ်လကို 100% မပေးနိုင်တော့ပါဘူး… တစ်လကို 30% ကိုတော့ကျွန်တော်တို့  အလွယ်တစ်ကူပေးနိုင်ပါတယ် (နိုင်ငံအများကြီးမှာ လက်တွေ့ စမ်းသပ်ပြီး သက်သေပြနိုင်ပါပြီး) ဒါပေမယ့် 100% က ကျွန်တော်တို့  အတွက် တကယ်ကြီးကို ပေးဖို့  များနေပါတယ်...
    အာ့ဒါကြောင့် RB ကိုပိတ်လိုက်ရပါပြီး...
    Participants တွေရဲ့ RB-Marvo (အတိုး & အရင်း) တွေကို Participant တွေရဲ့ နိုင်ငံ အလိုက် ရွှေ့ ပြောင်းတော့မှာ ဖြစ်ပါတယ်… တကယ်လို့ အာ့ နိုင်ငံမှာ MMM သက်သက် မရှိဘူးဆိုရင် အခုကြေငြာတဲ့ ရက်ကနေ နှစ်ပတ်အတွင်း အာ့နိုင်ငံအတွက် MMM ဆိုပြီး အသစ် လုပ်ပေးမှာ ဖြစ်ပါတယ်…
    RB-Marvo (အတိုး & အရင်း) တွေကို Old Marvo (အတိုး & အရင်း အဟောင်း) ဆိုပြီး မိမိတို့ ရဲ့ Personal Office မှာပြထားပေးမှာဖြစ်ပါတယ်… အာ့တစ်နိုင်ငံရဲ့ တစ်ဖြည်းဖြည်းချင်း ထပ်ပြီး ထည့်မယ့် PH တွေကနေ Old Marvo ကို ပြန်ပေးမှာ ဖြစ်ပါတယ်… ထပ်ထည့်မယ့် အာ့နိုင်ငံရဲ့ စုစုပေါင်း PH ကနေ 10% ကို Old Marvo ကို ပြန်ပေးပါမယ်… အခုလိုပုံစံကို နိုင်ငံ အများကြီးမှာ လက်တွေ့ ကျကျ စမ်းသပ်ပြီး အောင်မြင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီး… ယျေဘုယျ အားဖြစ် Old Marvo အကုန်လုံးပြန်ရဖို့ ကို 6 လ လောက်ကြာပါလိမ့်မယ်…
    စိတ်မချမ်းမြေ့စရာ သတင်းဆိုပေမယ့် ဘာမှ လုပ်လို့  မရတော့ပါဘူး… ဒီဟာဟာ ကျွန်တော်တို့ ကမ္ဘာကြီးတစ်ခုလုံး ဆုံးသွားတာ မဟုတ်သေးပါဘူး… ကျွန်တော်တို့ တွေ အချိန်အနည်းငယ်စောင့် ဖို့သာ လိုနေသေးတာပါ…
    ကျွန်တော်တို့ ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်…
-
ဘာသာပြန် (ဟိန်းထက်)
--


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



MMM Global နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်း Title : MMM Global နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်း
Description : MMM Global ဟာ ငွေကို ၂ ဆပွားစေတယ်ဆိုပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်၊ လူဦးရေ သန်းပေါင်းများစွာက အရ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.