Advertise Here !


(၁) ထမင်းစားပြီး ဆေးလိပ် မသောက်ပါနှင့်။ ဆေးလိပ်ဟာ လူကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဆေးလိပ်မှာပါတဲ့ ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျန်ဓာတ်ဟာ ထမင်းစားပြီးခါစမှာ ပိုများလာပါတယ်။ ထမင်းစားပြီး သောက်တဲ့ ဆေးလိပ် (၁) လိပ်ဟာ (၁၀) လိပ်စာနဲ့ ညီမျှလို့ လုံးဝကို မသောက်သင့်ပါဘူး။

(၂) ထမင်းစားပြီး အသီးအနှံတွေ မစားပါနဲ့။ အများစု မသိသေးတဲ့ အချက်တစ်ခုပါ။ သတိထားသင့်ပါတယ်။ ပုံမှန်အားဖြင့် အသီးအနှံတွေဟာ အစာချေရ လွယ်ကူပါတယ်။ စားပြီး မိနစ် (၂၀) လောက်မှာ အစာကြေဖျက်နိုင်ပါတယ်။ သို့သော်လည်း နေ့လည်စာစားပြီး စားသုံးတဲ့အခါမှာ ရှေ့က စားလိုက်တဲ့ အစားအစာတွေနဲ့ ရောနှောသွားပြီး အူလမ်းကြောင်းထဲမှာ အစာချေဖို့ ကြန့်ကြာသွားတတ်ပါတယ်။ ရလဒ်က ၎င်းတို့ကို ပုပ်သိုးသွားစေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အစာစားပြီးတာနဲ့ တစ်ပြိုင်နက် အသီးအနှံများ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) အစာစားပြီး လက်ဖက်ရည် မသောက်သင့်ပါ။ လက်ဖက်ရည်ဖြစ်ဖြစ်၊ တီးမစ်ဖြစ်ဖြစ် မသောက်သင့်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ဒီတော့ လက်ဖက်ရည် သောက်ချင်တယ်ဆိုရင်တောင် အစာစားပြီး တစ်နာရီခန့်ကြာမှ သောက်သုံးသင့်ပါတယ်။

(၄) အစာစားပြီး ရေမချိုးသင့်ပါ။ အစာစားပြီး နာရီဝက်ကြာမှသာ ရေချိုးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အစာချေဖျက်တယ်ဆိုတာ သင့် ခန္ဓာကိုယ်တစ်လျှောက် သွေးစီးဆင်းမှု ဖြစ်ပေါ်စေသလို စွမ်းအင်အတော်များလည်း သုံးစွဲရပါတယ်။ ဆိုတော့ အစာစားပြီး ရေချိုးခြင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို ပြောင်းလဲစေပြီး အစာချေဖျက်မှုကို နှောင့်နှေးကြန့်ကြာစေပါတယ်။

(၅) တော်သင့်ရုံသာ စားပါ။ ဒါကတော့ အထွေအထူးကို ပြောစရာ မလိုပါဘူး။ တစ်ချို့က ဗိုက်ဝရုံမက ဗိုက်ပူအောင်ပါ စားသောက်ကြပါတယ်။ ဒါဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မကောင်းပါဘူး။ သင့်ရဲ့ လှုပ်ရှားနေတဲ့ အကြောပေါင်းများစွာကို အစာချေဖျက်ခြင်းမှာတင် အလုပ်ပေးလိုက်ခြင်းက သင့်ကို ငိုက်မြည်းစေပြီး ဦးနှောက်ကိုလည်း ထိခိုက်စေပါတယ်။ အကောင်းဆုံးက နောက် ၃ လုပ်လောက်ဆို ၀ပြီဆိုတဲ့အချိန်မှာ မစားခင် ရပ်လိုက်သင့်ပါတယ်။

(၆) အစာစားပြီး လမ်းတန်းမလျှောက်ပါနှင့်။ မသွားမဖြစ် သွားရမယ်ဆိုရင်တော့ ဒါလေးတွေ သိထားပါ။ အစာစားပြီး ချက်ချင်း လမ်းလျှောက်ခြင်းဟာ အက်ဆစ်ဓာတ်များ ပြန်ကျခြင်းနှင့် အစာမကြေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ အစာစားပြီး အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ လမ်းလျှောက်သင့်ပါတယ်။

(၇) ထမင်းစားပြီး လဲလျောင်းခြင်း မပြုလုပ်ပါနှင့်။ လုံးဝ မလုပ်သင့်ပါဘူး။ သင် လဲလျောင်းလိုက်တဲ့အခါ၊ အစာချေရည်တွေဟာ ပြောင်းပြန်စီးဆင်းသွားပါတယ်။ ပူလောင်မှု ဝေဒနာမျိုး သင်ခံစားရနိုင်တယ်။ အကြောင်းက အစာချေပြွန်ဟာ ပျက်စီးသွားလို့ပါပဲ။ တီဗီကြည့်တာ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားပြောတာ ကြိုက်တာ လုပ်ပါ။ ဒါပေမယ့် အစာစားပြီး ဘယ်တော့မှ မအိပ်ပါနဲ့။

Ref : The Crazy Facts , wunzinn


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !