Advertise Here !


(၁) ညအချိန်မတော် အထပ်မြင့်တိုက်ကြီးတွေရဲ့ ဓာတ်လှေကားအတွင်းမှာ ကိုယ်မသိတဲ့ တစ်စိမ်းယောက်ျားလေးတစ်ယောက်နဲ့ အတူရှိနေရင် - ကာကွယ်နိုင်ပုံ - ဓာတ်လှေကားထဲ ၀င်လိုက်ပါ။ ကြောက်ဟန် မပြပါနဲ့။ သွားရမယ့်အထပ်ကို တန်းမနှိပ်ဘဲ တစ်ထပ်ချင်းစီရဲ့ နံပါတ်ကို နှိပ်ပါ။ ဘယ်သူမှ အလွှာတိုင်းရပ်နေမယ့် ဓာတ်လှေကားထဲမှာ မိန်းကလေးတွေကို အနိုင်မကျင့်ရဲပါဘူး။

(၂) အိမ်မှာတစ်ယောက်တည်း ရှိချိန် တစ်စိမ်းယောက်ျားတစ်ယောက်က တိုက်ခိုက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် - ကာကွယ်နိုင်ပုံ - ငရုတ်ကောင်းမှုန့်တွေ ပြီးတော့ မီးဖိုချောင်ထဲက ဓား၊ ပန်းကန်တွေနဲ့ အခြား ကာကွယ်နိုင်မယ့် ပစ္စည်းတွေရဲ့ တည်နေရာကို သတိရပါ။ ဒါတွေအားလုံးဟာ ကာကွယ်ရာမှာ အင်မတန် အသုံးဝင်ပါတယ်။ တစ်ခုမှမရှိခဲ့ဘူးဆိုရင် ပန်းကန်ပြားတွေနဲ့ ဒါမှမဟုတ် အနီးအနားက ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး အပြင်ဖက်ထိကြားအောင် အော်ဟစ် အကူအညီတောင်းပါ။ ဆူညံသံတွေထွက်လာပြီဆိုရင် ရန်ပြုသူတွေ ထွက်ပြေးတတ်ကြပါတယ်။ အကြောင်းက ဘယ်သူမှ အဖမ်းမခံချင်လို့ပါ။

(၃) ညအချိန် တက္ကစီ စီးတဲ့အခါ ကာကွယ်နိုင်ပုံ - ကားထဲမ၀င်ခင် ကားနံပါတ်၊ ယာဉ်မောင်းနံပါတ်၊ နာမည်တို့ကို မှတ်မိနိုင်အောင် ကြိုးစားပါ။ ပြီးတော့ မိသားစုဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ် တစ်ယောက်ယောက်ကို ဖုန်းခေါ်နေပါ။ တစ်ယောက်မှ မကိုင်ရင်တောင် တစ်ဖက်လူနဲ့ စကားပြောနေဟန် စကားပြောနေပါ။ ပြီးတော့ ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာကို ဒရိုင်ဘာကြားအောင် ပြောပါ။ တတ်နိုင်ရင် ဒရိုင်ဘာအကြောင်းပါ ပါအောင် ပြောပြပါ။ ဒါဆို အန္တရာယ်မပြုရဲတော့ပါဘူး။

(၄) ဒရိုင်ဘာက သွားရမယ့်နေရာမဟုတ်ဘဲ တခြားနေရာကို သွားနေတယ်လို့ သံသယရှိရင် - ကာကွယ်နိုင်ပုံ - လက်ကိုင်အိတ် သို့မဟုတ် လည်စည်းနဲ့ ဒရိုင်ဘာရဲ့ လည်ပင်းကို သိုင်းဖက်ပြီး တင်းကျပ်စွာ ညစ်ပါ။ စက္ကန့်အနည်းငယ်အတွင်း ဒရိုင်ဘာ အသက်ရှုကျပ်လာပြီး သင့်အတွက် လွတ်လမ်းပေါ်လာပါလိမ့်မယ်။ အကယ်၍ လက်ကိုင်အိတ်၊ သို့မဟုတ် လည်စည်းမပါခဲ့ရင်တောင် ဒရိုင်ဘာရဲ့ ကော်လံအင်္ကျီစကို ဆွဲဆောင့်ပြီး ဖမ်းဆုပ်ထားနိုင်ပါတယ်။

(၅) ညအချိန်မတော် တစ်ယောက်ယောက် နောက်က လိုက်လာခဲ့ရင် - ကာကွယ်နိုင်ပုံ - ဆိုင်တစ်ဆိုင် သို့မဟုတ် အိမ်တစ်အိမ်ကို ၀င်ပါ။ အကျိုးအကြောင်းပြောပြီး အကူအညီ တောင်းခံနိုင်ပါတယ်။ ဒါမှမဟုတ် ATM စင်တာများကို သွားပါ။ အကြောင်းက အဲ့မှာ လုံခြုံရေး အနည်းဆုံး နှစ်ယောက်လောက် ရှိသလို စီစီတီဗီများနဲ့လည်း ကြည့်ရှုနေတဲ့အတွက်ပါပဲ။
အမျိုးသမီးများ အန္တရာယ်ကင်း ဘေးကင်းလုံခြုံဖို့အတွက် အထက်ပါ အချက်အလက်များကို ဂရုပြုစေလိုပါတယ် ခင်ဗျာ။
ref - wunzinn

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !