မြန်မာနိုင်ငံမှာ သတ်မှတ်အလုံးအရေအတွက်ကို တစ်ရက်တည်းနဲ့ ရောင်းကုန်သွားတဲ့ Samsung Galaxy S7 Edge



Samsung Galaxy S7 Edge ကို မြန်မာနိုင်ငံမှာ မတ်လ ၄ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပြီး မတ်လ ၂၀  ရက်နေ့မှာတော့ ရန်ကုန် နဲ့ မန္တလေး တို့တွင် တစ်ချိန်တည်း ရောင်းချပေးသွားခဲ့ပါတယ်။ Samsung Galaxy S7 Edge ကို လာရောက်ဝယ်ယူသူများဟာ Samsung Galaxy S7 Edge ရဲ့  Feature အသစ်ဖြစ်တဲ့ ရေစိမ်ခံခြင်းနဲ့ ရေထဲတွင် ဓါတ်ပုံ၊ ဗီဒီယိုများရိုက်ကူးနိုင်ခြင်းတွေကြောင့် လာရောက်ဝယ်ယူကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ Samsung ဟာ လာရောက်ဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် Samsung Galaxy Gear 2 စမတ်နာရီကို ကံစမ်းမဲနှိုက်ကာ မေတ္တာလက်ဆောင်ပေးသွားခဲ့ပါတယ်။ ကံစမ်းမဲ နှိုက်တဲ့အခါမှာလည်း လာရောက်ဝယ်ယူသူ အားလုံးပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ဆယ်ယောက်ဝယ်ယူပြီးတိုင်း Galaxy Gear 2 စမတ်နာရီကို ကံစမ်းမဲနှိုက်ပေးခဲ့ပါတယ်။



Samsung Galaxy S7 Edge ဟာ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မသာရှိခြင်းက သင့်တင့်မျှတတဲ့ အရွယ်အစားလို့ ပြောလို့ရပါတယ်။ Resolution 1440 x 2560 pixels ရှိပြီး  တစ်လက်မကို  534 pixel နဲ့ ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မှန်အမျိုးအစားကလည်း Corning Gorilla Glass 4 ကို အသုံးပြုထားတဲ့အတွက်ကြောင့် အကြမ်းခံနိုင်တဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။ Display နဲ့ ပါတ်သက်ပြီး အသစ်ပါဝင်လာတဲ့ feature ဖြစ်တဲ့ Always-on Display ဟာ အသုံးပြုသူတို့ရဲ့  Screen ကို အမြဲတမ်းဖွင့်ထားပေးမှာဖြစ်တဲ့အတွက် တက်လာသမျှ Notification တိုင်းကို အမြဲတမ်းသိရှိနိုင်မှာဖြစ်ပါတယ်။




ကြိုးမဲ့ စနစ်နဲ့ လျင်မြန်စွာ အားသွင်းနိုင်ခြင်းဟာ Samsung Galaxy S7 Edge ရဲ့ အားသာချက်ဖြစ်တဲ့အပြင် အားသွင်းနှုန်းလျင်မြန်အားဟာ နာရီဝက်အတွင်းမှာတင် ၆၀ ရာခိုင်နှုန်း ဘက်ထရီအားသွင်းနိုင်ပါတယ်။ OS ကိုကြည့်မယ်ဆိုရင်လည်း နောက်ဆုံးပေါ် OS ဖြစ်တဲ့ Android Version 6.0 ကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် Android Application တိုင်းနဲ့ ကိုက်ညီမှု ရှိလှပါတယ်။ RAM 4 GB ၊  Storage ကို 32GB နဲ့  64GB ဆိုပြီး ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သွက်လက်ပေါ့ပါးစွာနဲ့ Storage ပမာဏကိုလုံလောက်စွာ အသုံးပြုနိုင်ပါတယ်။ အကယ်၍ Storage ပမာဏ မလုံလောက်ပါက အွန်လိုင်းတွင် သိမ်းဆည်းနိုင်စေရန်အတွက် Cloud Storage အမျိုးအစား OneDrive 115 GB ကိုလည်း အခမဲ့ ရယူကာ အသုံးပြုနိုင်ပါသေးတယ်။ ဒါနဲ့ မကျေနပ်နိုင်သေးတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက်နောက်ထပ် Micro SD Card ထပ်မံ ထည့်သွင်းအသုံးပြုနိုင်အောင် Micro SD Card Slot ကိုလည်း ထည့်သွင်းပေးထားပါတယ်။



ဂိမ်းကစားသူများအတွက်လည်း ပေါ့ပါးသွက်လက်စွာ ကစားနိုင်စေရန်အတွက် Snapdragon 820 Chipset ကို အသုံးပြုထားပါတယ်။  ရုပ်ထွက်ကောင်းမွန်စေရန်အတွက် GPU ကိုလည်း Adreno 530 နဲ့ Mali-T880 MP12 တို့ဖြင့် အသုံးပြုဖွဲ့စည်းထားပါတယ်။ CPU အနေနဲ့ Dual-core 2.15 GHz Kryo & dual-core 1.6 GHz Kryo နဲ့ Quad-core 2.3 GHz Mongoose + quad-core 1.6 GHz Cortex-A53 တို့ကို ပေါင်းစပ်ဖွဲ့စည်းကာ အသုံးပြုထားပါတယ်။



ရုပ်ထွက်ကြည်လင်ပြတ်သားစေရန်အတွက် အတွင်းဘက် ကင်မရာရော၊ အပြင်ဘက် ကင်မရာမှာပါ Auto focus ကို Dual အသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ အတွင်းဘက် ကင်မရာမှာ 12 MP ရှိပြီး အပြင်ဘက် ကင်မရာမှာ 5MP ရှိပါတယ်။ Samsung Galaxy S7 Edge ရဲ့ ကင်မရာနဲ့အတူ ရုပ်ထွက်ကောင်းမွန်လှတဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်တဲ့အပြင် 4K resolution ရှိတဲ့ ဗီဒီယိုများကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ Samsung Pay ကိုလည်း VisaCard, MasterCard တို့ဖြင့် အသုံးပြုနိုင်တဲ့အတွက်ကြောင့် Apple Pay နဲ့ နှိုင်းယှဉ်နိုင်တဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။



ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ Samsung Galaxy S7 Edge ကို အရောင် လေးမျိုး (အဖြူ၊ အမည်း၊ ရွှေရောင်၊ ငွေရောင်) နဲ့ ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှာတော့ ရွှေရောင်တစ်မျိုးတည်းကိုသာ မြန်မာကျပ်ငွေ ၉၀၀,၀၀၀ ကျပ်ဖြင့် စတင် ရောင်းချသွားခဲ့ပါတယ်။

Aung Ko Htet (Maung Pauk)

#aungkohtet_maungpauk



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မြန်မာနိုင်ငံမှာ သတ်မှတ်အလုံးအရေအတွက်ကို တစ်ရက်တည်းနဲ့  ရောင်းကုန်သွားတဲ့ Samsung Galaxy S7 Edge Title : မြန်မာနိုင်ငံမှာ သတ်မှတ်အလုံးအရေအတွက်ကို တစ်ရက်တည်းနဲ့ ရောင်းကုန်သွားတဲ့ Samsung Galaxy S7 Edge
Description : Samsung Galaxy S7 Edge ကို မြန်မာနိုင်ငံမှာ မတ်လ ၄ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပြီး မတ်လ ၂၀  ရ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.