Advertise Here !


သီဟ
၂၀၁၄ ထဲမှာ Nokia ကုမ္ပဏီ ကို Microsoft က၀ယ်ယူလိုက်ပြီဖြစ်ကြောင်းကို Nokia ရဲ့ CEO ဖြစ်သူ Stephen Elop က သတင်းစာရှင်းလင်းပွဲပြု
လုပ်ပြီးပြောကြားတဲ့အခါမှာ စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုဖြစ်
ခဲ့ပါတယ်။ Stephen Elop ကမိန့်ခွန်း ပြောနေရင်းနဲ့ ‘ကျွန်တော်တို့ ဘာမှ
အမှားတွေမလုပ်ခဲ့ပါဘူး၊ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ဆုံးရှုံးသွားခဲ့
ပါတယ’်လို့ပြောတဲ့ အခါမှာ သူရော သူ့ရဲ့စီမံခန့်ခွဲမှု အဖွဲ့ကလူတွေရော စိတ်
မကောင်းစွာနဲ့ မျက်ရည်ကျခဲ့ကြပါတယ်။
Nokia ဟာ ဖုန်းလောကမှာ လူအများလေးစား အသိအမှတ်ပြုရတဲ့
ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့အခါမှာ ချွတ်ချော်ခဲ့
တာမရှိခဲ့ပါဘူး ဒါပေမဲ့ လည်း ကမ္ဘာကြီးက မြန်ဆန်စွာပြောင်းလဲသွားခဲ့တဲ့
အခါမှာ သူတို့ပြိုင်ဘက်တွေက အရမ်းအင်အားကြီးလာခဲ့ပါတယ်။
Nokia ဟာ နှစ်ပေါင်းများစွာ မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ ခေါင်းဆောင်
နေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ များပြားလှတဲ့ customer တွေနဲ့ ဈေး
ကွက်နေရာရထားမှုက ဈေးကွက်ထဲကို ပြိုင်ဘက်သစ်တွေဝင်မလာနိုင်
အောင် နှစ်ပေါင်းများစွာတားဆီးထားနိုင်ခဲ့ပါတယ်။ အဓိက အောင်မြင်လာ
ခဲ့တာကတော့ အသုံးပြုသူတွေအဆင်ပြေစေခဲ့တဲ့ symbian OS ကို
အသုံးပြုခဲ့လို့ဖြစ်ပါတယ်။ Customer တွေက အရမ်းကြိုက်နှစ်သက်
ခဲ့ကြပြီး အလယ်လတ်တန်းဖုန်းနဲ့ ဈေးသက်သာ တဲ့ မိုဘိုင်းဖုန်းဈေး
ကွက်တွေမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ Nokia က သူတို့ရဲ့ အောင်မြင်မှုမှာ သာယာနေခဲ့တယ်လို့ ပြော
လို့ရပြီးတော့ တိုးတက်လာတဲ့ ပြိုင်ဘက်တွေကို လျော့တွက်ခဲ့ပြီးတော့
နည်းပညာအသစ်တွေနဲ့ ဆန်းသစ်တီထွင်မှု တွေကို လိုက်မလုပ်ဆောင်ခဲ့
ပါဘူး။ ဒီအချက်က ဈေးကွက်ထဲမှာ Nokia နေရာပျောက်သွားတဲ့အချက်
တွေထဲက အဓိအချက်ဖြစ်ပါတယ်။
Apple ကုမ္ပဏီအနေနဲ့ ဘာနဲ့မှမတူညီတဲ့ iPhone တွေစထုတ်လုပ်ခဲ့တုန်း
က Nokiaအတွက် အရမ်းကြီးမားတဲ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။ အဲဒီအချိန်
တုန်းက စမတ်ဖုန်းကိုင်တဲ့ လူဦးရေကနည်းသေးတဲ့အတွက် Apple က
သေးငယ်တဲ့ niche market တစ်ခုကိုပဲရရှိသေးတာဖြစ်ပါတယ်။
အဓိက Nokia ဈေးကွက်ပျက်စေခဲ့တာကတော့ Samsung ဖြစ်ပါတယ်။
ဖြို့ဖြိုးဆဲနိုင်ငံတွေမှာ ဈေးသက်သာတဲ့ ဖုန်းတွေနဲ့ Samsung က
တဖြည်းဖြည်းနဲ့ Nokia ဦးဆောင်ထားတဲ့ ဈေးကွက်ထဲဝင်ရောက်လာပြီး
တော့ အဓိကပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာ လူတွေကိုဆွဲ
ဆောင်နိုင်တဲ့ ထူးခြားတဲ့ မားကတ်တင်းနည်းဗျူဟာတွေနဲ့ Samsung က Nokia ရဲ့ symbian OS သုံး ဈေးကွက်ကို အပိုင်သိမ်းပါတော့တယ်။
အဲဒီအချိန်မှာပဲ Google က မိုဘိုင်းဖုန်းတွေအတွက် OSအသစ် ကိုထုတ်
လုပ်လိုက်ပါတော့တယ်။ ဒီ OS အသစ်က Nokia ကိုထိပ်ဆုံးနေရာကနေ
ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ Android OSက မိုဘိုင်းဖုန်းဈေးကွက်ကို လုံး
ဝပြောင်းလဲစေခဲ့ပြီးတော့ Google ကနေနဲ့ လည်း ဖုန်းကုမ္ပဏီတွေ
အများကြီးနဲ့ ပူးပေါင်းပြီးတော့ ဈေးသက်သာတဲ့ low end စမတ်ဖုန်းတွေ
အများကြီးထုတ်လုပ်ခဲ့ပါတယ်။ Nokia က ဒီလိုပြောင်းလဲလာမှုတွေကို ပြန်
လည်တုန့်ပြန်ဖို့ ပြင်ဆင်မှုတွေဘာမှ မရှိခဲ့ပါဘူး။
စမတ်ဖုန်းအသုံးပြုသူတွေဟာ မိုဘိုင်းကနေ သီချင်နားထောင်တာ၊ငွေ
ပေးချေတာနဲ့ application ပေါင်းများစွာကို လုပ်ကိုင်လာချင်တဲ့အချိန်မှာ Nokia ရဲ့ တုန့် ပြန်မှုကအရမ်းနောက်ကျခဲ့ပါတယ်။ Android နဲ့ iOSတွေ
မှာ developer တွေက ကိုယ်တိုင် application တွေရေးဆွဲအသုံးပြုလာပါ
တယ်။ Nokia က နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ Symbian OS ကိုပဲ
ဆက်လက်သုံးဆွဲခဲ့ပြီးတော့ ဒီ OS ကနည်းပညာသမားတွေdeveloper
အတွက် ဘာမှ တီထွင်လို့မရခဲ့ပါဘူး။
Symbian က ကျရှုံးသွားတဲ့အခါမှာလည်း Nokia က windows mobile နဲ့
အတူချိတ်ဆက်ထုတ်လုပ်ခဲ့ပေမယ့် windows os က အမြဲတမ်း Android နဲ့ iOS ထက် ခြေတစ်လှမ်းနောက်ကျနေခဲ့ပါတယ်။
Nokia မလုပ်ခဲ့တာက ပြောင်းလဲလာတဲ့ ကမ္ဘာကြီးနဲ့ ပြောင်းလဲလာတဲ့
ဈေးကွက်ကိုလိုက်ပြီးတော့မပြောင်းလဲတာပါ။ အသစ်အသစ်တွေကိုသင်
ယူပြီး ပြောင်းလဲဖို့လှစ်လျှုရှုခဲ့တဲ့အတွက်ကြောင့် ပိုပြီးတိုးတက်လာနိုင်မယ့်
အခွင့်အရေးကြီးကိုလက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ၀င်ငွေအများကြီး
ရမယ့်အခွင့်အလမ်းကို ဆုံးရုံးခဲ့တဲ့အပြင် ကုမ္ပဏီအတွက် ရှင်သန်နိုင်ဖို့ခက်
ခဲလာခဲ့ပါတယ်။
Nokia ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီးရနိုင်တဲ့သင်ခန်းစာကတော့ လိုက်လျောညီထွေစွာ မပြောင်းလဲနိုင်ဘူးဆိုရင်၊ ယှဉ်ပြိုင်မှု မှာ ဆုံးရှုံးသွားနိုင်ပါတယ်။
အသစ်အဆန်းတွေကို သင်ယူချင်စိတ်မရှိတာက ကြီးမားတဲ့အမှားမဟုတ်
သေးပါဘူး၊ ဒါပေမယ့် အတွေးခေါ်တွေနဲ့ ideaတွေက ခေတ်နဲ့ အညီ
မလိုက်နိုင်ဘူးဆိုရင်တော့ ဆုံးရှုံးပျက်စီးရမှာအသေအချာပါပဲ။
နိဂုန်းချုပ်အနေနဲ့ ပြောရမယ်ဆိုရင်
မနေ့ကရှိခဲ့တဲ့ အားသာချက်ဆိုတာကို နောက်တစ်နေ့ရဲ့ တိုးတက်လာမှုတွေကအစားထိုးသွားမှာဖြစ်ပါတယ်။ သင်ဘာမှ အမှားတွေလုပ်စရာမလိုပါဘူး၊
သင့်ပြိုင်ဘက်တွေက ခေတ်ရေစီးကြောင်းနဲ့ အညီမှန်ကန်စွာလိုက်လုပ်နိုင်ပြီဆိုရင် သင်ရှုံးပါပြီ။
ပြောင်းလဲပြီးတော့ ပိုတိုးတက်လာအောင် လုပ်တာဟာ ကိုယ့်ကိုယ် ကိုယ် ဒုတိယအခွင့်အရေးပေးခြင်းဖြစ် ပြီးတော့ တစ်ခြားသူတွေက ကိုယ့်ကို
အတင်းပြောင်းလဲဖို့ တွန်းအားပေးနေရတယ်ဆိုရင် သင့်မှားနေပြီဖြစ်ပါတယ်။အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ အသုံးပြုဖို့ ငြင်းဆန်တဲ့ လူတွေဟာ တစ်ချိန်မှာရပ်တန့်သွားပြီး ဈေးကွက်ထဲကနေပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ-linkedin
ref-linkedin
-marketing91
- quora
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !