Advertise Here !


၁။ ထပ်ကာထပ်ကာ ကြိုးစားတယ် (Keep Working Hard)

အောင်မြင်မှုရဲ့ ပထမအချက်ကတော့ သိပ်ကိုရိုးရှင်းပါတယ်။ မကြိုးစားရင် မအောင်မြင်နိုင်တဲ့အတွက် ကိုယ်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆို
ကိုယ်ဟာ ကြိုးစားတဲ့သူတစ်ယောက် ဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ တကယ်လဲ ကြိုးစားပါတယ်ဆိုရင်တော့
သင်ဟာ အောင်မြင်ဖို့ တစ်ဝက်သေချာပါပြီ။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားတတ်ပြီဆိုရင် မြေကြီးလက်ခပ်မလွဲ သင်ဟာ အောင်မြင်သူတစ်ယောက်
ဖြစ်လာပါလိမ့်မယ်။
.
၂။ အတောက်လောင်ဆုံး လောင်ကျွမ်းပစ်ပါ (Ignite the fire)

သင်ဟာ သင့်ပညာရေးမှာ စိတ်အားထက်သန်မှုရှိလား? သင်ဟာ သင့် အိမ်မက်တွေအပေါ်မှာ စိတ်အားထက်သန်မှုရှိလား? သင်ဟာ
ဝင်ငွေတွေအများကြီးရဖို့အပေါ် စိတ်အားထက်သန်မှုရှိလား?
တကယ်ပဲ သင်ဟာ စိတ်အားထက်သန်မှုရှိတယ်ဆိုတာ သေချာရင်တော့ သင့်ဆန္ဒတွေကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းလိုက်ပါ။
ဘဝမှာ တွေ့ရမယ့် ကြားကအတားအဆီးတွေကျော်ဖြတ်ဖို့ လက်နက်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။
.
၃။ ကွဲပြားခြားနားပါစေ (Be different)

အများလျှောက်တဲ့လမ်းကိုလိုက်ရင် အများရောက်မယ့်နေရာတွေပဲ ရောက်မှာပါပဲ။ မဆန်းပါဘူး။ ဒီတော့ အောင်မြင်မှုကို သရဖူဆောင်းမယ်ဆိုရင်
သင်ဟာ သူများနဲ့တူစရာမလိုပါဘူး။ သူများနဲ့ နှိုင်းယှဉ်စရာမလိုပါဘူး။ 
ဒီနေရာမှာတစ်ခုသတိထားရမှာက လမ်းသစ်ထွင်မိတဲ့အခါ လမ်းမှားတွေ၊ ခက်ခဲတွေလမ်းတွေ သင်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။
သင့်မှာသာ လုံလောက်တဲ့စွမ်းအင်ရှိရင် သင်လိုရာအရပ်ကို ရောက်နိုင်မှာပါ
.
၎။ အောင်မြင်မှုလမ်းမပေါ်မှာ အရှုံးတွေရှိတယ် (Fail your way to success)

"ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ အချက်ပေါင်း ၉၀၀၀ ကျော်လောက် လွဲချော်ဖူးတယ်။ ပြိုင်ပွဲပေါင်း ၃၀၀ လောက်လဲ ရှုံးနိမ့်ဖူးတယ်
ကျွန်တော့်ရဲ့ဘဝမှာ ထပ်ကာထပ်ကာရှုံးနိမ့်နေခဲ့တယ်။ ဒါ့ကြောင့်ပဲ နောက်ဆုံးမှာ ကျွန်တော်အောင်မြင်လာခဲ့တယ်"
ဒီစကားက ကမ္ဘာပေါ်မှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဘတ်စကတ်ဘော အားကစားသမား မိုက်ကယ်ဂျော်ဒန် ပြောခဲ့တဲ့စကားပါ။
အောင်မြင်မှုလမ်းမပေါ်မှာ အရှုံးတွေရှိပါတယ်။ အားမလျော့ပါနဲ့။ ဆက်လျောက်ပါ။
.
၅။ မျှော်လင့်ချက်ကြီးကြီးထားပါ (Have High Expectation)

"လူအတော်များများက ဘဝမှာ ရှုံးနိမ့်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရည်မှန်းချက်မြင့်မြင့်ထားပြီး လွဲချော်ခဲ့လို့မဟုတ်ဘူး။ 
ရည်မှန်းချက် နိမ့်နိမ့်လေးထားပြီး အဲ့လောက်ကလေးပဲ ရခဲ့လို့ပါ။
ခင်ဗျားစိတ်ကူးကြည့်ဗျာ။ ခင်ဗျားက ဆယ်ထပ်လောက်မြင့်တဲ့တိုက်ရှေ့ကနေ ဘောလုံးလေးကိုင်ပြီး ရပ်နေမယ်ပဲထား။ တကယ်လို့
ခင်ဗျားဟာ ၂ ထပ်ကို ချိန်ပြီး ဘောလုံးကို ပစ်လိုက်ရင် ၆ ထပ်ကို ရောက်နိုင်ပါ့မလား? ဒါပေမယ့် ခင်ဗျား ၁၀ ထပ်ကို ချိန်ပြီး ပစ်ရင်တော့
၆ ထပ်လောက်တော့ ရောက်နိုင်ပါသေးတယ်"
ဒါဟာ မိုက်ကယ်ဂျော်ဒန် ပြောခဲ့တဲ့စကားပါ။
.
၆။ အပြုသဘောဆောင်ပါ (Be positive)

အောင်မြင်ဖို့အတွက် အပြုသဘောဆောင်တတ်တဲ့စိတ်က အခြေခံအနေနဲ့ကို လိုအပ်ပါတယ်။ ဘယ်ကစပြီး ဒီစိတ်ကိုမွေးရမှန်း မသိဘူး
ဖြစ်နေလား? သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အပြုသဘောဆောင်တဲ့စိတ်ရှိတဲ့သူတွေနဲ့ သင်ပေါင်းသင်းပါ။ အလိုလိုကူးစက်လာပါလိမ့်မယ်။
.
၇။ သင်မွေးလာတဲ့အတိုင်း သင်နေပါ (Be who you were born to be)

သင်အောင်မြင်ချင်တာ သဘာဝကျပေမယ့် သင်ဟာ တခြားတစ်ယောက်အနေနဲ့ အောင်မြင်စရာမလိုပါဘူး။ ဥပမာ- သင်ဟာ သင့်ရပ်ကွက်ထဲက
သူဌေးကြီးလို အောင်မြင်စရာမလိုပါဘူး။ သင်ဟာ မောင်ဖြူဆို မောင်ဖြူပုံစံအတိုင်းပဲ အောင်မြင်ပါ။ သင်ဟာ မောင်ညိုဆို မောင်ညို့အနေနဲ့ပဲ
အောင်မြင်ပါ။
.
၈။ အမြင်ရှိပါ။ အတွေးရှိပါ (Have Vision)

နောက် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတာမျို။ နောက် ၁၀ ဆယ်နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတာမျိုး အတွေးအမြင်တွေက သင့်အောင်မြင်မှုလမ်းကြောင်းကို
ပုံဖော်ပေးပါလိမ့်မယ်။
.
၉။ ဆင်ခြေပေးနေတာတွေကို ရပ်လိုက်ပါတော့ (Stop making excuses)

ကျွန်တော်က ဆင်းရဲလို့၊ ချို့တဲ့လို့။ ဘာဖြစ်လို့။ ညာဖြစ်လို့ဆိုတဲ့ ဆင်ခြေဟာ သင့်ကို အောင်မြင်မှုနဲ့ အဝေးဆုံးတွန်းပို့ပါလိမ့်မယ်။
သင်ဟာဘာပဲဖြစ်နေနေ၊ လက်ရှိရောက်နေတဲ့နေရာကနေ ကြိုးစားလိုက်ပါ။ အောင်မြင်မှုဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်ပါတယ်။
ဆင်ခြေပေးနေတာတွေ ရပ်လိုက်ပါတော့။
.
၁၀။ လေ့ကျင့်ပါ (Practice)

သင်ဟာ ပိုထူးချွန်ချင်ပါသလား? ဒါဆို အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။
_____________
ရွှေညာမောင် (Focus Youth E-magazine)
Ref: LH
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !