Advertise Here !


Google , Apple နဲ့ Microsoft တို့က သူတို့ရဲ့ စမတ်ဖုန်းများမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များကို ထည့်သွင်းပေးထားကြပြီး အချိန်နဲ့အမျှ စွမ်းဆောင်ရည်မြင့်မားအောင် တီထွင်ပေးနေပါတယ်။ Android Device များမှာ Google Now ပါရှိပြီး သင့်ရဲ့ နေ့စဉ်လူမှုဘ၀များမှာ သူက သင့်ရဲ့ လက်ထောက်တစ်ယောက်အဖြစ် အကူအညီပေးနေမှာဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက Google Now ရဲ့ အသုံးဝင်ပုံများကို နက်နက်ရှိုင်းရှိုင်း သိရှိခြင်းမရှိကြပါဘူး။ ဒီ Tutorial မှာတော့ Google Now ကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကောင်းမွန်စွာ Set Up လုပ်ပါ။
Google Now ကို အသုံးမပြုမီမှာ မှန်ကန်သင့်တော်စွာ Set Up လုပ်ထားရမှာပါ။
ပထမဆုံး Google Now ကို ဆင့်ခေါ်တဲ့ Command ဖြစ်တဲ့ “ OK Google “ ကို နေရာတိုင်းကနေ ပြောဆိုနိုင်အောင် လုပ်ရမှာပါ။ မူလအားဖြင့်တော့ Voice Search or Google Now or Google App ကို ဖွင့်ထားချိန်မှာ “ OK Google “ လို့ ပါးစပ်က ရွတ်ဆိုမှသာ Google Now ကို ဆင့်ခေါ်နိုင်တာပါ။ အခြား Apps များကို ဖွင့်ထားချိန်၊ Home Screen မှာ ရှိနေချိန်၊ Lock ဖြစ်နေချိန်မှာ ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ဖို့အတွက် Voice Search or Google App ကိုဖွင့်ပြီး ဘယ်ဘက်ထိပ်မှ Menu ကို နှိပ်ပါ။ Settings> Voice> “ OK Google “ detection မှာ Switch အားလုံးကို On ပေးပါ။
1
ပြီးရင်တော့ သင့်ရဲ့ အသံကို Google Now က မှတ်မိစေဖို့ “ Ok Google “ လို့ သုံးကြိမ်ရွတ်ဆိုရမှာပါ။
ပြီးရင် Settings> Voice> Offline speech recognition ထဲသွားပြီး သင်အသုံးပြုချင်တဲ့ ဘာသာစကားများကို ဒေါင်းလုပ်လုပ်ပါ။ ဒီလို လုပ်ထားရင် အင်တာနက် မရှိချိန်မှာပါ ကိုယ်ရေးလက်ထောက်ကို အသံဖြင့် ခိုင်းစေနိုင်မှာပါ။
သင့်ရဲ့ တည်နေရာအား Google ကို ခြေရာခံခွင့်ပေးမယ်ဆိုရင် ဒီထက်ပိုတဲ့ စွမ်းဆောင်ချက်များကို အသုံးပြုနိုင်မှာပါ။ Google Settings App ကိုဖွင့်ပါ။ Location မှာ On ပေးပါ။ အောက်ခြေမှ Google Location History ထဲသွားပြီး On ပေးပါ။
ပြီးရင်တော့ Google App ကိုဖွင့်ပြီး Menu ကနေ Customize ထဲသွားပါ။ အဲဒီမှာ သင့်ရဲ့ နေအိမ်နဲ့ အလုပ်ရဲ့ လိပ်စာများကို ထည့်သွင်းထားနိုင်ပြီး Google Now ကနေ တည်နေရာအခြေပြု Reminder များကို မှတ်သားနိုင်မှာပါ။ နောက်ပြီး ရုံးမှ အိမ်၊ အိမ်မှ ရုံးသို့ သွားရာလမ်းတစ်လျှောက်မှာလည်း သတင်းအချက်အလက်များကို ရရှိမှာပါ။ သင်နှစ်သက်တဲ့ အားကစားအသင်း၊ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစတဲ့ တည်နေရာ အခြေပြု သတင်းအချက်အလက်များကို Google Now Card များကနေ ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Google Now Card ကို အသုံးပြုလို့မရသေးပါဘူး။ Customize ထဲ ၀င်လို့မရဘဲ မှိန်နေတာကို တွေ့ရပါတယ်။
၂။ Google Now Voice Commands များကို လေ့လာပါ။
Google Now ကို အသံဖြင့် ခိုင်းစေနိုင်တဲ့ Voice Commands များစွာရှိပါတယ်။ အဲဒီ Voice Coammands များကို လေ့လာထားရင် Google Now ကို ပိုမို ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး Google Now Voice Commands များကို အောက်ပါ လင့်မှ လေ့လာပါ။
https://www.androidpit.com/google-now-commands-how-many-do-you-know
2
၃။ တည်နေရာအခြေပြု Reminders များ ပြုလုပ်ပါ။
နေရာဒေသတစ်ခုသို့ ရောက်ရှိချိန်မှာ ပြုလုပ်ရမယ့် အလုပ်ကို Google Now က သင့်အား သတိပေးနိုင်ပါတယ်။ တည်နေရာအခြေပြု Reminder များပြုလုပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် Shopping Center ရောက်ချိန်မှာ ၀ယ်ယူရမယ့် စာရင်းကို အသိပေးခြင်း၊ နေအိမ်ပြန်ရောက်ချိန်မှာ မီးဖိုကို ဖွင့်ဖို့ အသိပေးခြင်း စတာတွေဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်ကိုလည်း Google Now Card အသုံးပြုနိုင်တဲ့ နိုင်ငံများမှာသာ ရရှိနိုင်ပါသေးတယ်။
3
၎။ Follow-Up Questions များကို မေးပါ။
ကိုယ်ရေးလက်ထောက်က Follow-Up Questions များကို ဖြေဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် “ How large is California? “ လို့ မေးပြီးနောက် “ How many people live there? “ လို့ ဆက်စပ်မေးမြန်းနိုင်ပါတယ်။ ကိုယ်ရေးလက်ထောက်က there ဟာ California ကို ရည်ညွှန်းတာဖြစ်ကြောင်း သိရှိပါတယ်။
4
၅။ Apps များကိုဖွင့်ပါ။
ကိုယ်ရေးလက်ထောက်ကို Apps များဖွင့်ဖို့ ခိုင်းစေနိုင်ပါတယ်။ ဥပမာအားဖြင့် “ Open Facebook “ လို့ ပြောလိုက်တာနဲ့ Facebook ကိုဖွင့်ပေးမှာပါ။
5
၆။ Relationship များကို သတ်မှတ်ပါ။
Google Now က သင့် Contacts ထဲမှ ဘယ်သူဟာ သင့်ရဲ့ အမေ၊ အဖေ၊ ခင်ပွန်း၊ မိန်းမ ဖြစ်တယ်ဆိုတာ မှတ်သားထားနိုင်ပါတယ်။ Google Now ကို ဆင့်ခေါ်ပြီး “ Shwe Yee is my wife. “ လို့ ပြောပါ။ “ Call my wife.” လို့ နောက်ပိုင်းမှာ ပြောလိုက်တာနဲ့ Shwe Yee ကို ဖုန်းခေါ်ပေးမှာပါ။
၇။ Shazam အစားအသုံးပြုပါ။
အနားမှာ ဖွင့်ထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ သတင်းအချက်အလက်ကို သိချင်ရင် အရင်တုန်းက Shazam လို့ ခေါ်တဲ့ Android App ကို အသုံးပြုရပါတယ်။ အခုတော့ Shazam အစား Google Now ကို အသုံးပြုနိုင်ပါပြီ။ “ What song is playing? “ လို့ ပြောလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်က ဖွင့်ထားတဲ့ သီချင်းရဲ့ သတင်းအချက်အလက်များကို ပြောပြမှာပါ။
၈။ ဘာသာစကားများစွာ အသုံးပြုပါ။
သင်ဟာ ဘာသာစကားနှစ်ခုကို တတ်ကျွမ်းသူ သို့မဟုတ် နိုင်ငံရပ်ခြားသွားတဲ့ အချိန်မျိုးမှာ ကိုယ်ရေးလက်ထောက်ကို သင်တတ်ထားတဲ့ ဘာသာစကားအားလုံးနဲ့ ခိုင်းစေနိုင်အောင် ပြုလုပ်ထားပါ။ Google App ကိုဖွင့်ပြီး Menu ကနေ Settings> Voice> Languages ထဲသွားပြီး ဘာသာစကားများစွာကို ရွေးချယ်ပေးပါ။
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !