Advertise Here !



Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခု အဖြစ် ရပ်တည်နေနိုင်ပါပြီ။ ဒီလို ရပ်တည်နေနိုင်တဲ့ အကြောင်းအရင်းကတော့ Facebook ဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်တွေကို ထည့်သွင်းပေးထားလို့ပဲ ဖြစ်ပါတယ်။ Facebook ကို လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင်ပေမယ့် သူ့ရဲ့ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုတတ်ရင် Facebook မှ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံမှုရှိခြင်း၊ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို အခြားလူများ မသိစေခြင်း၊ ပို့စ်များကို ရှာဖွေရာတွင် လွယ်ကူခြင်း၊ ပို့စ်များကို သိမ်းဆည်းခြင်း ၊ Mobile Data ကုန်ကျမှုကို သက်သာစေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စရာများကို တားဆီးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများအပြင် အခြား ပျော်ရွှင်စရာ ကောင်းတဲ့ ရလဒ်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။
သင် စာမပြန်ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့လိုက်တဲ့အခါမှာ အဲဒီ Message ကို သင်ဖတ်လိုက်ပြီးတဲ့နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အသုံးပြုပြီး Disable လုပ်နိုင်ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင်ပါတယ်။
1
သူငယ်ချင်းများရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။
သင့် သူငယ်ချင်းများရဲ့ မွေးနေ့ကို သတိမေ့နေတာမျိုး မဖြစ်ရလေအောင် Calendar များမှာ ထည့်သွင်းထားနိုင်ပါတယ်။ ဘယ်ဘက် Sidebar မှ Events Page ထဲသွားပြီး Upcoming Events နဲ့ Birthdays ထဲမှ လင့် တစ်ခုကို ကော်ပီလုပ်ပါ။
2
Google Calendar ကို ဖွင့်ပြီး Others Calendars ဘေးမှ မျှားကို နှိပ်ပါ။ Add by URL ကို နှိပ်ပြီး URL ကို Paste လုပ်ပါ။
iCal မှာ Calendar> Subscribe ထဲသွားပြီး URL ကို ထည့်ပေးပါ။
Outlook မှာ Tools> Account Settings> Internet Calendars ထဲသွားပါ။
Facebook Messages မှ “ Other “ Inbox ကို ကြည့်ရှုပါ။
သင့်မှာ Facebook Messages များအတွက် Inbox နှစ်ခုရှိပါတယ်။ “ Other” Inbox ထဲမှာတော့ သင့် သူငယ်ချင်းမဟုတ်သူများက ပေးပို့ထားတဲ့ စာများကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်းမဟုတ်သူများက သင့်ရဲ့ အဓိက Inbox ထံ တိုက်ရိုက် စာပေးပို့ချင်ရင်တော့ Facebook ကို အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ နာမည်ကျော်များအနေနဲ့ သူတို့ရဲ့ Fans များမှ ပေးပို့တဲ့ စာများကို “ Other” မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
3
ပို့စ်တစ်ခုကို ရှာဖွေပါ။
Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အလွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။
4
GIF များ တင်ပါ။
Facebook မှာ GIF များတင်လို့ ရပါပြီ။ GIF ရဲ့ လင့်ကို ကော်ပီကူးပြီး Status Box မှာ Paste လုပ်ပါ။ Preview ပေါ်လာရင် လင့်ကို ဖျက်နိုင်ပါတယ်။
5
သင့်ရဲ့ Friends List ကို ဖွက်ထားပါ။
Friends Tab ထဲသွားပြီး ညာဘက်မှ Edit Privacy ကို နှိပ်ပါ။ Only Me ပြောင်းပေးရင် သင့်ရဲ့ Timeline ထဲဝင်ကြည့်သူများက သင့်ရဲ့ Friends List ကို မမြင်နိုင်တော့ပါဘူး။
6
သင့်ရဲ့ ပို့စ်ကို မမြင်စေချင်သူများကို သတ်မှတ်ပါ။
သင့်ရဲ့ သူဌေးမမြင်စေချင်တဲ့ ပို့စ်တစ်ခုကို တင်တော့မယ်ဆိုရင် Privacy Settings ကို နှိပ်ပြီး Custom ကို ရွေးပေးပါ။ “ Don’t share this with” မှာ သင့်သူဌေး အမည်ကို ရိုက်ထည့်ပြီး ရွေးပေးပါ။
7
News Feed မှ Auto-Play Video များကို ကြိုတင်ပိတ်ထားပါ။
Facebook က News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ပြသဖို့ ပြုလုပ်နေပါတယ်။ အချို့နိုင်ငံများမှာတော့ Auto-Play Video များကို မြင်တွေ့နေရပါပြီ။ ဒီလို Auto-Play Video များကို ကြိုတင်ကာကွယ်ထားချင်ရင် Facebook App>App Settings> Videos and Photos > Auto-Play ထဲသွားပြီး Smart Auto-Play ကို Disable လုပ်ပါ။ User WiFi Only ကို ရွေးပေးပါ။ အခြားဖုန်းများမှာတော့ Facebook App> App Settings> Videos play automatically မှာ Off လုပ်ပေးပါ။
8
Game Requests များကို ပိတ်ပါ။
Facebook App ကနေ More> App Settings> Notifications> Mobile Push ထဲသွားပြီး Application Requests မှာ အမှန်ခြစ်ကို ဖြုတ်ပါ။ အခြားဖုန်းများမှာ More> App Settings> Notifications > Application requests မှာ Off လုပ်ပေးပါ။
9
Relationship Status ကို အခြားသူများ မသိအောင် ပြောင်းပါ။
သင့်ရဲ့ Relatiionship Status ကို အခြားသူများ မသိအောင် ပြောင်းချင်ရင် Timeline ကနေ About Tab ထဲသွားပါ။ Family and relationships မှ Privacy Settings မှာ Only Me ပြောင်းပေးပြီး Relationship Status မှာ နှစ်သက်ရာကို ပြောင်းပါ။ Save Changes ကို နှိပ်ပါ။
10
ပို့စ်များကို သိမ်းဆည်းပါ။
Facebook မှာ နေ့စဉ် မျှဝေကြတဲ့ သတင်းများ၊ဆောင်းပါးများစွာ ရှိပါတယ်။ ဖတ်ဖို့ အချိန်မရလို့ နောက်မှ ဖတ်ဖို့ သိမ်းဆည်းထားချင်ရင် ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save link ကို နှိပ်ပါ။ သိမ်းထားတာတွေကို ဒတ်စတော့မှာ ညာဘက် Sidebar မှ Saved ကဏ္ဍနဲ့ မိုဘိုင်းဖုန်းမှာ More> Saved ကဏ္ဍတို့မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
11
အဆင်ပြေပါစေ..

ref - http://www.blog.myanmardigitallife.com/ မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !