Coolpad 7105 Firmware တင်ရခက်နေသူများအတွက်


Coolpad 7105 Firmware တင်ရခက်နေသူများအတွက် ကျွန်တော် လိုက်လုပ်ကြည့်ပြီး အောင်မြင်တဲ့ နည်းလမ်းတစ်ခုကို New World Mobile ကနေ တွေ့လာလို့ မူရင်းအတိုင်း ပြန်လည်မျှဝေလိုက်ပါတယ်..
-
Qualcomm CPU သုံးထားတဲ့ဖုန်းတွေကို လာတဲ့ Firmware က Flash File တွေဆိုရင်တော်တော်များများကို အခု ToolStudio ကနေပြီးရေးလို့ရပါတယ်..

  • ပထမ လိုအပ်တဲ့ Software ကိုဒေါင်းပါ..
  1. Download SD Card File
  2. Download Tool Studio
  3. Download Firmware
  • Zip password = htetrkar
  • 1 ကနေ ရလာတဲ့ဖိုင်ဖြည်ပြီး အထဲက ဖိုင်လေး ၂ ခုကို SD ကဒ်ထဲထည့်ကာ ဖုန်းမှာ တပ်လိုက်ပါ.. ပြီးရင် ဖုန်းကို ပါဝါ ၅ စက္ကန့်လောက် နှိပ်ထားပေးပါ ..

  • 2 ကနေဒေါင်းထားတဲ့ဖိုင်ကိုဖြည်ပြီး ToolStudio ကို Run As Administrator နဲ့ဖွင့်ပါ.. 


  • password တောင်းရင် Tool password.txt ထဲမှာပါတဲ့ password ကို ထည့်ပေးလိုက်ပါ... 


  • အပေါ်တန်းက Browse ကိုနှိပ်ပါ.. 3 ကနေ ဒေါင်းပြီးဖြည်ထားတဲ့ Folder ကိုရွေးပေးလိုက်ပါ...  
  • Browse ရဲ့ဘေးက Advanced ကိုနှိပ်ပြီး မတင်ချင်တာတွေကို အမှန်ခြစ်ဖြုတ်ထားနိုင်ပါတယ်..

  • ပြီးပြီဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ Refresh ကိုနှိပ်ပေးလိုက်ပါ.. ဖုန်းကို Tool က သိလာရင် Start All ဒါမှမဟုတ် Start ကိုနှိပ်ပေးလိုက်ပါ..
  • Firmware တင်နေတာကို မြင်နေရပါမယ်..

  • ပြီးသွားရင်တော့ SD Card ကို ဖြုတ်.ပြီး ဖုန်းကို ပါဝါဖွင့်နိုင်ပါပြီ..


Credit to : ထက်အာကာ @ New World Mobile

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Coolpad 7105 Firmware တင်ရခက်နေသူများအတွက် Title : Coolpad 7105 Firmware တင်ရခက်နေသူများအတွက်
Description : Coolpad 7105 Firmware တင်ရခက်နေသူများအတွက် ကျွန်တော် လိုက်လုပ်ကြည့်ပြီး အောင်မြင်တဲ့ နည်းလမ်းတစ်ခ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.