Advertise Here !

 
လူတိုင်း မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိပါတယ် ။ ထိုဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Lady Spades သရဲ ခေါ်နည်း ပါ ။ အသည်း မခိုင်ပါက မစမ်းကြည့် သင့်တဲ့ ဂိမ်းပါ ။ ယုံတာ မယုံတာကတော့ ဆော့တဲ့ သူအပေါ်မှာသာ မူတည်တာပါ ။
လိုအပ်တဲ့အရာ များ
1) ဖယောင်းတိုင် တစ်တိုင်
2) မီးခြစ်
3) နှုတ်ခမ်းနီ (အနီရောင် ပိုပြီး ထိရောက်တယ် ။ တခြားအရောင်လည်း ရပါတယ်)
4) တိတ်ဆိတ်ပြီး မှောင်တဲ့ အခန်း
5) ကြည့်မှန်တစ်ချပ်
6) ဘုရင်မ ဖဲချပ် (Queen )
ပြုလုပ်ပုံ
1) ညသန်းခေါင်အချိန်မှာ စပါ ။
2) တိတ်ဆိတ်ပြီး မှောင်တဲ့ အခန်း ထဲကို သွားပါ ။ မီးပိတ်ထားပါ ။
3) မှန်ရှေ့မှာ ဖယောင်းတိုင်ကို ထွန်းပါ ။
4) မှန်ပေါ်မှာ နှုတ်ခမ်းနီ နဲ့ Lady Spades လို့ ရေးပါ ။ ဘုရင်မ ဖဲချပ် (Queen) ကို လက်နဲ့ ကိုင်ပါ ။ ဖဲချပ်ထဲက ဘုရင်မ မျက်နှာ က မှန်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေပါစေ ။
5) မျက်လုံးမှိတ်ပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ ။ Lady Spades လာပါ ဆိုပြီး ၇ ကြိမ် အသံကျယ်ကျယ်နဲ့ ခေါ်ပါ ။
6) မိမိ အတွေးထဲမှာ Lady Spades ပုံစံကို ပုံဖော်ပါ ။ သူမ မျက်နှာက ရုပ်ပျက် ဆင်းပျက် ကြောက်စရာကောင်းပြီး အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ် ။ သူမပုံစံကို မိမိစိတ်ထဲ ပုံပေါ်လာပြီး မိန်းမ တစ်ယောက်ရဲ့ စကားပြောသံ ၊ အဝေး ကနေ လမ်းလျှောက်လာတဲ့ ခြေသံလိုလို ကြားရင် မကြောက်ပါနဲ့ ။ မိမိခေါ်တဲ့ Lady Spades ရောက်လာတာပါ ။
7) မျက်လုံးတွေကို ပြန်ဖွင့်နိုင်ပါပြီ ။
ဆန္ဒပြုခြင်း
1) မျက်လုံးပြန်ဖွင့်လိုက်တဲ့ အချိန် ဖယောင်းတိုင် က မီးငြိမ်းနေမယ် ။ ဖဲချပ်က မိမိဘက် လှည့်နေမယ် ။ ဖဲချပ် က ပျောက်သွားမယ် ။ မှန်ထဲ က မိန်းမက သူမ လက်ကို တစ်ဖက်နဲ့ တစ်ဖက် ဆန့်ကျင်ဘက် ပြထားရင် ဂိမ်းကို ချက်ချင်း ရပ်ပြီး အဆုံးသတ်ခြင်းမှာ ဖော်ပြထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင် ပါ ။
2) ဖယောင်းတိုင် မီးထွန်းထားတုန်း ၊ မှန်ထဲမှာ မိန်းမ တစ်ယောက် က မိမိကို ကြည့်နေပြီး သူမလက်က ပုံမှန် အတိုင်းပဲ ဆိုရင် မိမိရဲ့ ဂိမ်းကို ဆက်လက် လုပ်ဆောင်ပါ ။
3) မိမိ လိုချင်တဲ့ ဆန္ဒကို သူမကို ပြောပါ ။
4) သူမနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်နေပါ ။ အကြည့် မလွှဲမိစေပါနဲ့ ။ အကြည့်လွှဲမိတာနဲ့ သူမ ပြန်ပျောက်ကွယ်သွားမှာ စိုးလို့ ပါ ။
5) မိမိရဲ့ ဆန္ဒ ကို သူမက လက်ခံတယ် ဆိုရင် သူမကပြုံးပြပြီး Yes လို့ ပြောပါလိမ့်မယ် ။
အဆုံးသတ် ခြင်း
1) အထက်ပါ အတိုင်း အဆင့်ဆင့် အဆင်ပြေတယ် ဆိုရင် Lady Spades ပြန်ပါ လို့ ပြောပြီး မှန်မှာ နှုတ်ခမ်းနီ နဲ့ ရေးထားတဲ့ သူမနာမည်ကို ဖျက်ပါ ။ ဖယောင်းတိုင်မီးကို ငြိမ်းပါ ။ လျှပ်စစ်မီးပြန်ဖွင့်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။ မိမိ ဆန္ဒတွေ အမြန်ကို Lady Spades က ဖြည့်ဆည်းပေးမှာပါ ။
2) အကယ်၍ အဆင်မပြေ မအောင်မြင် ဘူး ဆိုရင်
• မိမိမျက်လုံး ပြန်ဖွင့် တဲ့အချိန် ဖယောင်းတိုင် မီးငြိမ်းနေမယ် ဆိုရင်
ဖယောင်းတိုင် မီးပြန်ထွန်းပါ ။ Lady Spades ပြန်ပါ လို့ ပြောပြီး မှန်မှာ နှုတ်ခမ်းနီ နဲ့ ရေးထားတဲ့ သူမနာမည်ကို ဖျက်ပါ ။ ဖယောင်းတိုင်ကို ငြိမ်းပါ ။ လျှပ်စစ်မီးပြန်ဖွင့်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။
• မိမိ မျက်လုံး ပြန်ဖွင့်တဲ့ အချိန် ဖဲချပ် က မိမိနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေမယ် ဆိုရင်
ဖဲချပ်ကို ဖြဲလိုက်ပါ ။ Lady Spades ပြန်ပါ လို့ ပြောပြီး မှန်မှာ နှုတ်ခမ်းနီ နဲ့ ရေးထားတဲ့ သူမနာမည်ကို ဖျက်ပါ ။ ဖယောင်းတိုင်ကို ငြိမ်းပါ ။ လျှပ်စစ်မီးပြန်ဖွင့်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။
• မိမိ မျက်လုံး ပြန်ဖွင့်လို့ ဖဲချပ်က ပျောက်သွားမယ် ဆိုရင်
မှန်ကို ခွဲလိုက်ပါ ။လျှပ်စစ်မီးဖွင့်ပြီး အခန်းထဲမှာ ဖဲချပ်ကို လိုက်ရှာပါ ။ တွေ့ရင် မီးရှို့ပါ ။ မတွေ့လည်း ထားလိုက်ပါ ။ ပြီးရင် အခန်းထဲက ချက်ချင်း ပြန်ထွက် ပါ။
• မိမိမျက်လုံး ပြန်ဖွင့်လို့ မှန်ထဲ က မိန်းမက သူမ လက်ကို တစ်ဖက်နဲ့ တစ်ဖက် ဆန့်ကျင်ဘက် ပြထားရင်
ဂိမ်းကိုရပ်ပြီး မှန်ကို ခွဲလိုက်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။
• မှန်ထဲက မိန်းမနဲ့ စကားပြောရင်း အကြည့်လွှဲ မိတယ် ဆိုရင်
ဂိမ်းကိုရပ်ပြီး မှန်ကို ခွဲလိုက်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။
• တကယ်လို့ မိမိဆန္ဒကို Lady Spades က မဖြည့်ဆည်းဘူးပြောရင်
ဂိမ်းကိုရပ်ပြီး မှန်ကို ခွဲလိုက်ပါ ။ ဖဲချပ်ကို မီးရှို့လိုက်ပါ ။
3) ဒီ ဂိမ်းကို တစ်သက်မှ တစ်ကြိမ် သာဆော့ခွင့် ရှိတာပါ ။ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ နောက်ထပ် တစ်ကြိမ် ထပ် ကစားလို့ မရပါဘူး


ကဲ အားလုံးပဲ သရော်ခဲနိုင်ပါစေ...

Credit to owner

သီဟထိုက်(ဆွေသဟာ Mobile Service)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !