Advertise Here !



သင့်ရဲ့တစ်နေ့တာကို ဖြတ်သန်းတဲ့အခါမှာ ဒီအချက်လေးတွေ ပါဝင်ဖို့ ဂရုတစိုက် လုပ်ဆောင်သင့်ပါတယ်။

(၁) စိတ်အဟာရ ဖြည့်တင်းခြင်း

နေ့တစ်နေ့ရဲ့ အစရောက်တဲ့အခါမှာ လူတွေဟာ မနက်စာစားကြသလိုမျိုး စိတ်ကိုလည်း အဟာရပြည့်အောင်
တစ်ခုခုလုပ်သင့်ပါတယ်။ ကိုယ့်အတွက် စိတ်အားတက်ကြွစရာတွေ၊ အားအင်ဖြစ်စေမယ့် အကြောင်းအရာတွေကို
တွေးလိုက်သင့်ပါတယ်။ အားပြည့်နေတဲ့စိတ်ဟာ သင့်ရဲ့တစ်နေ့တာကို အကောင်းမွန်ဆုံး ဖြတ်သန်းစေပါလိမ့်မယ်။
.
(၂) Plan ဆွဲခြင်း

စိတ်ကို အဟာရဖြည့်ပြီးတာနဲ့ တစ်နေ့တာအတွင်း ကိုယ်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်ချလိုက်ပါ။ 
လုပ်စရာရှိတာတွေ၊ သွားစရာရှိတာတွေ၊ တွေ့စရာရှိတာတွေကို အစီအစဉ်တကျဖြစ်အောင် စီပါ။ ဒါမှလည်း
သင့်ရဲ့အချိန်တွေ အလေအလွင့်မဖြစ်စေဘဲ အလုပ်တွေလည်း အဆင်ပြေပြေ ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။
.
(၃) ဆုံးဖြတ်ချက်တွေ ချခြင်း

ကိစ္စကြီးကြီးမားမားတွေကိုမှ ဆုံးဖြတ်ချက်တွေ ချနေရတာမဟုတ်ပါဘူး။ လူတိုင်းဟာ ကိစ္စသေးသေးလေးတွေကိုလည်း
အချိန်တိုင်း ဆုံးဖြတ်ချက်တွေ ချနေရပါတယ်။ ဒီဆုံးဖြတ်ချက်လေးတွေကပဲ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုချင်
ကွာဟသွားစေတာပါ။ စာကြည့်တိုက်သွားမလား၊ Game ဆိုင်သွားမလား။ အလုပ်လုပ်မလား၊ အိပ်မလား။ စသဖြင့်ပေါ့။
တစ်နေ့တာအတွင်း ချမယ့် ဆုံးဖြတ်ချက်တိုင်းဟာလည်း ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာတွေဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။
.
(၄) ခန္ဓာကိုယ် အစာရဖြည့်ခြင်း

လူတစ်ယောက်ရဲ့တစ်နေ့တာမှ စိတ်အဟာရတွေချည်းပြည့်ပြီး အောင်မြင်အောင်၊ တိုးတက်အောင်ဆိုပြီး အားထုတ်နေလို့
မပြီးသေးပါဘူး။ ခန္ဓာကိုယ်ဟာလည်း အဟာရပြည့်ဖို့ လိုပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အစားအသောက်တွေ၊ ကျန်းမာရေးအတွက်
အဟာရဖြစ်စေမယ့်အရာတွေကိုလည်း စားသုံးဖို့လိုပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ဖြတ်သန်းမှုထဲမှာ ဒီအချက်ကိုလည်း 
အထူးဂရုစိုက်သင့်ပါတယ်။
.
(၅) ပျော်ရွှင်ပေါ့ပါးခြင်း

ပျော်ရွှင်ခြင်းဆိုတာ အချက်တစ်ချက်အနေနဲ့တောင် တကူးတက လုပ်ဆောင်သင့်ပါတယ်။ တစ်နေ့လုံး 
အလုပ်တွေ ထိုင်လုပ်နေလို့လည်း မဟုတ်သေးပါဘူး။ အမြဲတမ်း ငေးငိုင်အနားယူနေလို့လည်း မဖြစ်သေးပါဘူး။ အလုပ်လုပ်ချိန်မှာ
အလုပ်ကို သေချာလုပ်ပြီး ပျော်ရွှင်ခြင်းဆိုတဲ့အရာကိုလည်း ဂရုစိုက်သင့်ပါတယ်။
__________
ရွှေညာမောင် (Focus Youth)
Ref: VM
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !