Internet ကင်းမဲ့ဇုန်...


Internet တွေ၊ Facebook တွေဟာ အကျိုးရှိရှိအသုံးချတတ်ရင် အသုံးချတတ်သလောက် သင့်ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့်
အရာရာမှာ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အတိုင်းအထက်အလွန်အသုံးပြုရင်တို့၊ မကောင်းတဲ့နေရာမှာ တလွဲအသုံးချတာတို့ဆိုရင်
သင့်အတွက် ဆိုးကျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။ 
ယနေ့ခေတ်မှာ Facebook ကို လူမှုကွန်ယက်တစ်ခုအနေနဲ့ အသုံးပြုတာထက် ပိုမိုလွန်ကဲစွာ သုံးလာတဲ့အခါ လူငယ်များကြား 
Facebook စွဲလန်းမှု ပြသနာတွေတောင် ရင်ဆိုင်လာရပါတယ်။
Internet တွေ၊ Electronic Device တွေ ကင်းမဲ့တဲ့ ကမ္ဘာလေးထဲမှာတော့ သင့်ကို ဒီအရာတွေက စောင့်ကြိုနေပါလိမ့်မယ်။

၁။ "Hi" ဆိုတာထက် ပိုတဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေရှိတဲ့ သူငယ်ချင်းတွေ ပြင်ပလောကမှာရှိကြောင်း သင် သတိထားမိပါလိမ့်မယ်။

၂။ အားလို့ Facebook သုံးစွဲရင်းက Facebook သုံးနေရလို့ မအားတဲ့ ဘဝက လွတ်မြောက်လာပါလိမ့်မယ်။

၃။ Google ပေါ်ကနေ ဗဟုသုတတွေ၊ သိချင်တာတွေ ရှာမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ အလေ့အကျင့်ဖြစ်နိုင်ပေမယ့် အများစုသော လူငယ်တွေက
Facebook က status တွေ၊ post တွေနဲ့သာ အချိန်ကုန်နေပါတယ်။ Facebook က စာတွေဖတ်ရင်း စာဖတ်လွန်းလှပြီလို့ ခံစားရပေမယ့်
တကယ်အကျိုးရှိတဲ့စာပေမျိုးတွေကိုတော့ တစ်နှစ်မှာ အုပ်ရေအနည်းငယ်သာ ဖတ်မိကြောင်း သိလာရပါလိမ့်မယ်

၎။ သင့် ပတ်ဝန်းကျင်ကို သတိပြုမိပါလိမ့်မယ်။ တစ်ညနေလုံး Facebook ပေါ်မှာ အချိန်ကုန်နေတာထက်စာရင် တစ်ညနေခင်းလောက် လမ်းလျှောက်ထွက်လိုက်ရင်
သင် ခံစားချက်တွေကို ခွဲခြားသိမြင်ပါလိမ့်မယ်။

၅။ မိုးလင်းတာနဲ့ Facebook သုံးမိလို့ ကျောင်းသွား၊ ရုံးသွား ပြင်ဆင်ရာမှာ ကမောက်ကမဖြစ်တာတွေ၊ ညအိပ်ကာနီး ဖုန်းလေးဖွင့်မိလို့ 
ညနက်မှ အိပ်ဖြစ်တာတွေ၊ စားသောက်ဆိုင်မှာ ဖုန်းပဲကိုင်နေလို့ သူငယ်ချင်းနဲ့ စကားကောင်းကောင်း မပြောဖြစ်လိုက်တာတွေကနေ 
သင် လွတ်မြောက်လာပါလိမ့်မယ်။

၆။ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲမှာ အိမ်သားအားလုံး Electronic Device သုံးနေတဲ့ အခိုက်အတန့်ဟာ မိသားစုအတွင်း တွေ့ရတတ်တဲ့
ဆူဆူညံ့ညံ့စကားသံတွေ၊ ရယ်မောသံတွေကို ဆိတ်သုဉ်းစေပါတယ်။ သင်လက်ထဲက ဖုန်းကို ချပြီး အိမ်သားတွေနဲ့ စကားပြောဖို့ 
ကြိုးစားကြည့်ပါ။ ပြီးတော့ မိသားစုဆိုတဲ့ ရသလေးကို ခံစားကြည့်ပါ။ ဘဝအချိန်တွေဟာ တိုတောင်းလွန်းလှပါတယ်။

Internet ဆိုတာ လူတွေရဲ့ လိုအပ်ချက်တွေ၊ သတင်းအချက်အလက်၊ဗဟုသုတတွေ၊ လုပ်ငန်းဆောင်တာတွေမှာ အထောက်အကူဖြစ်စေတဲ့အရာပါ။
Facebook လိုမျိုး လူမှုကွန်ယက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံမှုတွေ၊ အတွေ့အကြုံဝေမျှမှုတွေနဲ့ တော်တော်
များများသော အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေတဲ့အရာပါ။ 
ဒါပေမယ့် ဒီအရာတွေကြောင့်တော့ သင့်ကိုယ်ပိုင်ကမ္ဘာလေးကို လျစ်လျူမရှုလိုက်ပါနဲ့။ ဒီအရာတွေကို အကျိုးရှိရှိအသုံးချပါ။ ဒီအရာတွေ
မပါဘဲလဲ ဘဝမှာ နေပျော်အောင်နေပါ။

ref;ရွှေညာမောင် (Focus Youth E-magazine)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Internet ကင်းမဲ့ဇုန်... Title : Internet ကင်းမဲ့ဇုန်...
Description : Internet တွေ၊ Facebook တွေဟာ အကျိုးရှိရှိအသုံးချတတ်ရင် အသုံးချတတ်သလောက် သင့်ကို အထောက်အကူပြုပါတ ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.