Android ဖုန်း အသုံးပြုသူ လိုက်နာသင့်သောအချက်များ


လက်ရှိ ကျွန်တော်နိုင်ငံမှာ Android Smart Phone ကိုင်ဆောင်သူတွေဟာ နေ့စဉ်နှင့်အမျှ များပြားလာနေပါတယ်.. လက်ထဲကို ရောက်လာတဲ့ ပစ္စည်းကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘာတွေကို လိုက်နာသင့်သလဲဆိုတဲ့အချက်တွေကို လေ့လာမိသလောက် နည်းနည်း မျှဝေပါရစေ..

(၁) မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်း အမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခု ကျသွားမယ် ဆိုရင်ပြသနာ ပြန်လည်ဖြေရှင်းတဲ့ အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့ အကြောင်း တစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်း နိုင်မှာပါ။
***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

(၂) မိမိဖုန်း ဘက်ထရီကို အမြဲတမ်း charging power 30% ထက်မနည်း ထားပေးပါ။ ဖုန်းကို charging အကုန် သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေ တတ်ပါတယ်။ ဒါပေမဲ့ လေးငါးလ တစ်ကြိမ်လောက် အားကုန်အောင်ထားပြီး အပြည့် ပြန်သွင်းပါ။ ဆိုလိုတာက နေ့စဉ် အားကုန် အသုံးမပြုပဲ သုံးဆယ်ရာ နှုန်းလောက် အကျန်ထားပြီး ပြန်သွင်းစေလိုတာပါ။
***always make sure not to be under 30% of batter charging .

(၃) မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့ တချို့ launcher တွေသုံးခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေ တက်တတ်ပါတယ်။ တချို့ Launcher တွေမှာ Virus တွေ ပါတတ်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမိုကောင်းမွန် ပါတယ်။
***you should use your android default launcher. Sometimes, another launcher give u any conflict.

(၄) Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေး အသက်ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက် ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေးလံလာ တတ်ပါတယ်။
***For root user, don't use any cpu and memory over clocking applications cause of decreasing ur android performance.

(၅) အင်တာနက်, game နဲ့ application တွေကိုသုံးပြီးတိုင်း Android ဖုန်း cache တွေကို အမြဲ ရှင်းလင်းပေးပါ။ app cache cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application လေးတွေ ရှိပါတယ်။ မိမိ android ကို သွက်လက်စေပါတယ်။ သို့သော် Cleaner တစ်ခုထက်ပိုထားခြင်းကိုလည်း မလုပ်သင့်ပါဘူး။ Cleaner တွေရဲ့ သဘာဝက စက်မောင်းတာနဲ့ အလိုလို အလုပ်လုပ်တဲ့အတွက် တစ်ခုထက်ပိုနေရင် စက်ကိုလေးလံစေပါတယ်။
***always clean ur cache of android after using internet ,app and games.That will be better performance for ur android.

(၆) မှတ်မိ သိလွယ်ပြီး လုံခြုံတဲ့ pattern/ pin/ password security lock မျိုးကိုသာ ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ် အခါခါ မှားယွင်းပြီး ဖွင့်မိတာ မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ် မှားယွင်းပြီး pattern/ pin/ password security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ်လည်း ဖွင့်လို့ မရတော့ပါဘူး။
***safe and recognize ur security lock.

(၇) မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား (uninstall) ထားပါ။ Gingerbread (2.3.x)နဲ့ အောက်ပိုင်း version တွေမှာ Setting> application> manage application ထဲသို့သွားပြီး မိမိမလိုချင် တာကို uninstall လုပ်လို့ ရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean (4.1.x) နောက်ပိုင်း တွေမှာ Setting> apps ထဲသို့သွားပြီး uninstall လုပ်လို့ရပါတယ်။
***remove applications and games u never used.

(၈) ဖြစ်နိုင်သမျှ stock rom(official rom) ကိုပဲ သုံးပါ။ stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ device အဲဒီ model အတွက် သီးသန့် ရေးထားတာ ပဲဖြစ်ပါတယ်။ custom rom (unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ custom rom (unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည် ပြီး modifiy လုပ်ထားတာဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ရှိကောင်း ရှိနေလို့ပါ။(တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိတာတွေဖြစ် တတ်လို့ပါ)။ ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version မြင့်ရင်ပြီးရော ဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။ ဆိုင်မှာ သွားလုပ်တယ် ဆိုရင်လည်း stock rom လား custom rom သေချာမေးပါ။
***suggest u stock rom is more better than custom than.

(၉) နောက်ဆုံး တစ်ခုပြောချင် တာကတော့ မိမိမှာရှိတဲ့ android device specification နိမ့်နိမ့်မှာ game တွေများများဆော့ တာပါ။ game များများဆော့တော့ ဘာဖြစ်လဲ??? touch ကိုထိခိုက်စေ တယ်။ ဆော့တာကြာလာရင်၊ ဖုန်းသက်တမ်း ရှည်လာရင် ဘက်ထရီက အရင်ကလောက် performance မကောင်းတော့ဘူး။ ပြောရရင်ဘက်ထရီ ကြာကြာ မခံတတ်တော့ဘူး။ မဆော့နဲ့လို့ မပြောလိုပါဘူး။ ဖုန်းသုံးတဲ့လူ အမျိုးမျိုးမှာ ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်။ entertainment and communication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်က ပိုက်ဆံပေး ဝယ်ထားတာပါ။ တကယ် game ဆော့ချင်ရင် android tablet ကောင်းကောင်း လေးတစ်လုံး ၀ယ်ပြီး သုံးသင့်တယ် ထင်ပါတယ်။
***the last one, i think many games playing will decrease ur low specification android phone performance.

AungThetOo & Myo Min Htun

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Android ဖုန်း အသုံးပြုသူ လိုက်နာသင့်သောအချက်များ Title : Android ဖုန်း အသုံးပြုသူ လိုက်နာသင့်သောအချက်များ
Description : လက်ရှိ ကျွန်တော်နိုင်ငံမှာ Android Smart Phone ကိုင်ဆောင်သူတွေဟာ နေ့စဉ်နှင့်အမျှ များပြားလာနေပါတယ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.