2016 နှစ်သစ်တွက် အကောင်းဆုံး Live Wallpaper NewYears fireworks v2.1.4 APK


Android OS ဖုန်းဘော်ဒါတို့အတွက် 2016 နှစ်သစ်ကိုကြိုဆိုရန် အကောင်းဆုံး Live Wallpaper လေးကိုတင်ပေးလိုက်ပါတယ်။
နှစ်သစ်လေးမှာ ကာလာပေါင်းစုံနဲ့ အတွေးအခေါ်များစွာနဲ့ ပြုပြင် change နိုင်ပြီး အေးချမ်းတဲ့ ဘဝတွေကိုပိုင်ဆိုင်စေရန် ဒီကောင်လေးကို ဒေါင်းသုံးလိုက်ပါဗျာ။ ဒီကောင်လေးမှာတော့ မီးပန်းတွေကို ကာလာအစုံ ရွေးချယ်အသုံးပြုနိုင်ပြီး မီးပန်းရဲ့ အလွန်သာယာပြီးကျက်သရေရှိလှတဲ့ပေါက်ကွဲသံတွေနဲ့ အတူ 2016 ကို သင့်ဖုန်းထဲကနေကြိုဆိုလိုက်ရအောင်...။
Live Wallpaper လေးကိုအောက်မှာဒေါင်းယူလိုက်ပါ။

 



ဝင်းလှိုင်(နည်းပညာ)

ဖုန်းကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ပေါ့ပါးစေမယ်-1Tap Cleaner Pro v2.71 (Patched) Apk


Android ဖုန်းကိုင်းဆောင်းသူများအတွက် One Click နှိပ်လိုက်ရုံနဲ့ ပေါ့ပါးသွားစေမယ် 1Tap Cleaner Pro Updated လေးကိုတင်ပေးလိုက်ပါတယ်။ အကိုအမတို့ရဲ့ဖုန်းထဲမှာ အမြဲဆောင်ထားသင့်တဲ့     
application လေးတစ်ခုပါ။နောက်ပြီး ဖုန်းဂိမ်းတွေဆော့နေတဲ့ ဘော်ဒါတို့ အဓိကဆောင်းထားသင့်ပါတယ်။ဒီ application လေးကခလုတ်တစ် ချက်နှိပ်ရုံနဲ့ Cache, History နှင့် Call
/Text Log များကိုလည်းရှင်းလင်းပေးနိုင်ပါတယ်။ Android ဖုန်း / Tablet ဖုန်းတွေမှာ ရှိထားသင့်တဲ့ application ကောင်းလေးတစ်ခုပေါ့ဗျာ။  ဒီကောင်လေးကတော့ ဖိုင်းဆိုဒ်3.01MBဖြစ်ပြီး ဖုန်းအားလုံးမှာသုံးနိုင်ပါတယ်။ အောက်မှာ Screen Shot တွေနဲ့ရိုတ်ပြပေးထားပါတယ် လိုအပ်တယ်
ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါနော်။




Internet Download Manager 6.25 Build 10 Full

 
Windows PC သမားတွေအတွက် Internet Download Manager 6.25 Build 10 ကို တင်ပေးလိုက်ပါတယ်.. Full Version ဖြစ်ဖို့တော့ Universal Crack ဖိုင်နဲ့ Crack ပေးရပါမယ်..
  1. ပထမ Setup နဲ့ Install လုပ်ပါ..
  2. ကွန်ပျူတာရဲ့ညာဘက်အောက်ထောင့်က Tray ထဲမှာ IDM icon လေးရှိနေရင် ညာကလစ်ထောက်ပြီး exit လုပ်ထားပါ..
  3. Antivirus ကို ခဏပိတ်ထားပြီး Universal Crack ကို ဖြည်ပြီး Run ပါ.. Installation Path မှာ 32 bit ဆိုရင် တော့ C:\Program Files\Internet Download Manager ကို ရောက်နေပါလိမ့်မယ်.. မရောက်သေးရင်  C:\Program Files\Internet Download Manager ကိုရွေးပေးရပါမယ်.. 64bit တွေမှာတော့ C:\Program Files(x86)\Internet Download Manager ကိုရွေးပေးရပါမယ်..


 အောက်မှာ ရယူနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Internet Download Manager 6.25 Build 10 Setup : 6.44 Mb

UserCloud Download Link

IDM Download Link

IDM2 Download Link

**
Universal Crack : 1.9 Mb

UserCloud Download Link


YouTube ပေါ်က သီချင်း (MP3) ၊ ဗွီဒီယို (Video) တွေကို အလွယ်တကူ ဒေါင်းယူနိုင်တဲ့-SnapTube - YouTube Downloader HD Video v4.0.1.8207 APK


YouTube ပေါ်က Music (MP3) , Video တွေကို အလွယ်တကူ ဒေါင်းယူဖို့အတွက် တကယ်ကို ကောင်းမွန်
 ပြည့်စုံတဲ့ App လေးပါ... အားလုံးသိကြတဲ့အတိုင်း  သီချင်းတွေ (MP3) , ဗွီဒီယိုတွေ (Video) တွေ
 ဒေါင်းယူချင်ကြရင် YouTube ကို ပြေးမြင်ကြမှာပါ... YouTube ပေါ်က သီချင်းတွေဗွီဒီယိုတွေကို
 ဒေါင်းယူချင်တဲ့အခါ ကွန်ပျူတာရှိသူတွေအတွက်တော့ IDM လေး Install ထားရုံနဲ့ အလွယ်တကူ ဒေါင်းလို့ရစေပါတယ်.. ဖုန်းနဲ့ ဒေါင်းချင်သူတွေအတွက်ကတော့ TubeMate ကို အားကိုးရပါတယ်... တကယ်တော့ TubeMate က မပြည့်စုံပါဘူး... Video တွေ ဒေါင်းရတာ အဆင်ပြေသလောက် MP3 Music ကို ဒေါင်းယူတဲ့အခါ Converter တစ်မျိုးနဲ့ Convent တစ်ကြိမ်ထပ်လုပ်ပေးရပါတယ်.. ပြီးတော့လည်း .mp4a ဆိုတဲ့ Format နဲ့ သိမ်းပေးတဲ့အတွက် အခြားဖုန်းတစ်လုံးဆီ ပို့တဲ့ (ပြောင်းယူတဲ့) အခါ  အခြားစက်မှာ မဖတ်တာမျိုး Play မရတာမျိုးတွေ ကြုံတွေ့ရပါတယ်...  ဒီ SnapTube ဆိုတဲ့ App လေးကတော့....  မိမိ ကြိုက်နှစ်သက်သလို MP3 Format  နဲ့ပဲ ဖြစ်ဖြစ် ၊ MP4 Format နဲ့ပဲ ဖြစ်ဖြစ် ဘာ Converter နဲ့ နောက်ထပ် Install လုပ်ပေးစရာမလိုတော့ပဲ  သီချင်း,ဗွီဒီယိုတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဒေါင်းယူနိုင်မှာပါ....





facebook သုံးတဲ့သူများအတွက် updater Version - Facebook v59.0.0.0.255 Apk


Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့35MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
Download Here 
 ဝင်းလှိုင်(နည်းပညာ)
www.winhlaing.net 

WiFi ထက် အဆတစ်ရာလျှင်မြန်သော LiFi




အနာဂတ်တွင် WiFi ထက် ပိုမိုလျှင်မြန်သော LiFi နည်းပညာကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ သိပ္ပံပညာရှင်များက WiFi ထက် အဆတစ်ရာလျှင်မြန်သော နည်းပညာကို စမ်းသပ်နေကြပါသည်။ အောင်မြင်လျှင် 1 Gbps အမြန်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။ 

အဆိုပါ အမြန်နှုန်းဖြင့် High-Definition Movie တစ်ကားကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ Velmenni ဟု အမည်ရသော ကုမ္ပဏီက အဆိုပါ နည်းပညာကို အက်စတိုးနီးယားနိုင်ငံတွင် စမ်းသပ်အောင်မြင်ပြီဖြစ်ကြောင်း IBTimes UK ကို ပြောကြားပါသည်။ 

LIFi နည်းပညာတွင် LED Lights များကို အသုံးပြု၍ ဒေတာများကို ပေးပို့ခြင်းဖြစ်ပြီး Nanoseconds အတွင်း ဒေတာများကို ပေးပို့၊ ရယူနိုင်ပါသည်။ အဆိုပါ နည်းပညာကို ၂၀၁၁ ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့ပြီး Lab ထဲတွင် 224 Gbps အမြန်နှုန်းကို ရရှိခဲ့ပါသည်။ 

သို့သော် WiFi သည် နံရံများကို ဖောက်ထွင်းနိုင်ပြီး LiFi သည် ထိုသို့ စွမ်းဆောင်နိုင်ခြင်းမရှိပါ။ အဆိုပါ အချက်သည် LiFi ၏ အားနည်းချက်ဖြစ်ပါသည်။ LiFi သည် စမတ်အိမ်သုံး ကိရိယာများအတွက် ပိုမို အသုံးဝင်နိုင်ပါသည်။ အနာဂတ်တွင် LED မီးလုံးများသည် အလင်းရောင်ပေးရုံသာမကဘဲ နေအိမ်ရှိ အခြား စမတ်ကိရိယာများတွဲဖက်၍ အလုပ်များလုပ်နိုင်မည်ဖြစ်သည်။ 

Velmenni အပြင် Oledcomm, pureLiFi တို့ကလည်း LiFi ကို အများပြည်သူအသုံးပြုရန် ၀န်ဆောင်မှုများပေးနေပြီဖြစ်ပြီး ဒုတိယ ကုမ္ပဏီသည် LiFi ကို တီထွင်သူ Harald Haas က ထူထောင်ထားခြင်းဖြစ်ပါသည်။ ကုမ္ပဏီနှစ်ခုသည် နေအိမ်၊ ရုံးများတွင် LiFi Network များကို တပ်ဆင်ပေးနေပြီး pureLiFi က လက်ရှိတွင် 10 Mbps အမြန်နှုန်း ရရှိသည်ဟု ပြောပါသည်။ 

ref Myanmar Digital Life Journal
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၂၀၁၆ ကို ယူမသွားသင့်တဲ့ အရာ (၈)ခု


မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၆ ကိုရောက်ပါတော့မယ်။ ၂၀၁၅ မှာ ချန်ထားပြီး ၂၀၁၆ ကို ယူမသွားသင့်တဲ့ အရာ ၈ ခုကို Huffington ဝက်ဆိုက်က ဖော်ပြပါတယ်။

ကျိုးပဲ့နေတဲ့ ဆက်ဆံရေး

ဆက်သွယ်မိတဲ့ အခါတိုင်း သင့်စိတ်ကို တွေဝေစေတဲ့ ဆက်ဆံရေး၊ လက်ရှိ သင်နေထိုင်နေတဲ့ ဘဝပုံစံကို လမ်းချော်သွားစေမယ့် ဆက်ဆံရေးတွေအားလုံးကို နောက်မှာ ထားခဲ့ပါ။ အချစ်ရေး၊ အလုပ်အကိုင်တွေမှာ ဒီလိုဆက်ဆံရေးမျိုးရှိရင် လုံးဝထားခဲ့ပါ။

အများနောက်လိုက်ခြင်း

အများက လုပ်တာနဲ့ လိုက်လုပ်တဲ့ အကျင့်ကို ထားခဲ့ပါ။ အများက လူတစ်ယောက်ကို ဝေဖန်နေပြီဆို လိုက်ဝေဖန်စရာမလိုပါဘူး။ လူတွေ ပြောင်းနေကြတဲ့ ဖေ့ဘွတ်ပရိုဖိုင်ကိုလည်း ပြောင်းစရာမလိုပါဘူး။ သင်တကယ်ကြိုက်မှသာလုပ်ပါ။

ကြိုးစားရမှာ ကြောက်ခြင်း

အရေးကြီးပါတယ်။ ဒါကိုလုပ်သင့်တယ်၊ လုပ်လိုက်ရင်လည်း ကိုယ့်အခြေအနေတိုးတက်သွားမယ်ဆိုတာသိပေမဲ့ ကြိုးစားရမှာ ကြောက်တာနဲ့ မလုပ်ဖြစ်ခဲ့တာတွေ ဘယ်နှစ်နှစ်ရှိပြီလဲ။ ကြိုးစားရမှာ ကြောက်နေတဲ့ စိတ်ကို၂၀၁၅ မှာပဲ ထားခဲ့လိုက်ပါတော့။ နှစ်သစ်မှာ စတင်လုပ်ဆောင်ပါတော့။

မသိဘူး

အရာအားလုံးကို မသိဘူးလို့ပြောနေတာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ မသိဘူးလို့ ပြောနေတဲ့ အကျင့်ကို ၂၀၁၅ မှာပဲ ထားခဲ့လိုက်ပါ။ ကိုယ့်အသက်အရွယ် ကိုယ့်အခြေအနေနဲ့ သိသင့်တယ်လို့ ထင်တာတွေကို လေ့လာပါ။

အစာလျော့စားပြီး ဝိတ်ချတာ

ဝိတ်ချတာ ကောင်းပါတယ်။ ဒါပေမဲ့ စားချင်တိုင်းမစားရတဲ့ စိတ်ဒုက္ခမျိုးကို နှစ်သစ်ကို ယူမသွားသင့်ပါဘူး။ အရေးကြီးတာ ကိုယ်တွင်းပိုင်း ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာတွေကို ထားခဲ့လိုက်ပါ။ ကံမှမကောင်းတာ၊ ပိုက်ဆံမှ မရှိတာ၊ ငါ့အခြေအနေနဲ့မှ မတူတာဆိုတဲ့ စကားတွေကို ထားခဲ့ပါ။ လက်ရှိလုပ်လို့မရတာကို ခဏထားပြီး လုပ်သင့်တာတွေကို ၂၀၁၆ မှာလုပ်ပါ။

အဟောင်း

ရည်စားဟောင်း၊သူငယ်ချင်းဟောင်း၊ ဆက်ဆံရေးဟောင်း အဟောင်းတွေအားလုံးကို ထားခဲ့ပါ။ သူတို့အတွက် ကိုယ့်အတွက် အဟောင်းဖြစ်သွားရတဲ့ အကြောင်းအရင်း ကောင်းကောင်းရှိပါတယ်။

နောင်တများ

သင်ဟာ လူသားတစ်ယောက်အနေနဲ့ အမှားတွေလုပ်ခဲ့မိပါတယ်။ အမှားတွေကို နောင်တအဖြစ် ပြောင်းမပစ်ဘဲ သင်ခန်းစာအဖြစ် နှစ်သစ်ကို သယ်ဆောင်သွားပါ။

Ref;Duwun.com.mm

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


သင့်ဖုန်းလေးလန်ပြီး ရှုပ်ပွနေပါသလား One Click နဲ့ ရှင်းထုတ်ပေးလိုက်ပါ-Clean Master Lite - Security v1.1.3 build 10130093 APK


ဒီကောင်လေးကတော့ နောက်ဆုံး Version အသစ်ဖြစ်ပါတယ်ဗျာ။ask killer တွေထဲမှာ ဒီကောင်းလေးကိုအကြိုက်ဆုံးဖြစ်သလို အခုနောက်ပိုင် Cleaner apk လေမှာဒီကောင်းနာမည်အကြီးဆုံးဖြစ်ပါတယ်ဗျာ။အခုCleaner လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်းမှာ Function မျိုးပါတယ်။ ကျွန်တော်တို့စက်တွေထဲမှာ မလိုအပ်တဲ့ junk ဖိုင်တွေ အကုန်လုံးအသေးစိပ် ရှာပြိးဖျက်ပေးနိုင်တဲ့ အတွက်စက်ကို လုံဝပေါ့သွားစေပါတယ်။ App တစ်ခုကိုunistall လုပ်လိုက်ပြီ ဆိုရင်စက်ထဲမှာ ကျန်ခဲ့တဲ့ အမှိုက်တွေ junk ဖိုင်းတွေကိုလည်းလုံးဝ ထိထိရောက်ရောက်ဖျက်နိုင်သလို Task killer ကိုလည်း လုံးဝ kill ပေးနိုင်ပါတယ်။သုံးကြည့်ပါ အပြော နဲ့ လက်တွေ ယုံသွားစေချင်းပါတယ်ဗျာ။ ဒီကောင်လေး၏ဖိုင်ဆိုဒ်က 7.6MB ဖြစ်ပြီး ဖုန်းအားလုံးမှာသုံးနိုင်ပါတယ်ဗျာ။ ဘော်ဒါတို့အတွက် အောက်မှာ screenshot လေးရိုက်ပြထားပါတယ်။






One Click နဲ့အမှန်အကန် Root ဖောက်နိုင်တဲ့ - King Root Pro v4.6.5 build 20151229 (One Click Root) APK


One Click နဲ့အမှန်အကန် Root ဖောက်နိုင်တဲ့ - King Root Pro လေးကို တင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကို တောင်ဆိုထားသောဘော်ဒါတို့အဆင်ပြေပါစေ။ ဖုန်းထဲမှာတင် Apk လေးကို Run ပြီး Root ဖောက်နိုင် မှာဖြစ်တဲ့အတွက် လွယ်ကူအဆင်ပြေစေမှာပါ။Error ကင်းကင်းနဲ့ Root ဖောက်နိုင်မှာဖြစ်ပါတယ်ဗျာ။
 တရုပ်ဟန်းဆက်အမြောက်အများအပြင် Samsung, Google, HTC, Sony နဲ့အခြားသော ဟန်းဆက်များ စွာကိုလည်း Root ဖောက်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အရမ်းကိုလွယ်ကူအဆင်ပြေစေလို့ Service သမား များနဲ့ ကလိချင်သူများဒေါင်းယူသွားကြပါနော်။ ဖိုင်ဆိုဒ်ကလည်း 3.1 MB လေးသာရှိပါတယ်ဗျာ။ 


ကောင်တာပစ် ဂိမ်း [48 MB] [apk]

Counter Strike 1.6

ကွန်ပျူတာမှာ နာမည်ကြီးခဲ့တဲ့ Counter Strike Android ဂိမ်းလေးတွေ့လို့တင်ပေးလိုက်ပါတယ်
သေနတ်ပစ်ဝါသနာပါသော ဘော်ဒါများအောက်က Download ကိုနှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်

Get full version of Android apk app Counter Strike 1.6 for tablet and phone.

Download

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





နှစ်သစ်မှာ အောင်မြင်မှုတွေရဖို့ သင်ဘာတွေလုပ်ရမလဲ?




နှစ်ဟောင်းတစ်ခုကုန်သွားတဲ့အခါ အောင်မြင်ခဲ့တယ်ဖြစ်စေ၊ ကျရှုံးခဲ့တယ်ဖြစ်စေ.. လာမယ့်နှစ်သစ်မှာတော့ အောင်မြင်မှုတွေရဖို့၊ တိုးတက်မှုတွေ ဆောင်ကြဉ်းဖို့ ထပ်ပြီး
ကြိုးစားရဦးမှာပေါ့။ တစ်နှစ်တစ်နှစ်ကို ဒီအတိုင်း မသိလိုက်မသိဖာသာကြီး ကုန်ဆုံးမသွားသင့်ပါဘူး။ ဒီတော့ နှစ်ဟောင်းမှာ ရှိခဲ့တဲ့ သင်ခန်းစာတွေအားလုံးကို ဆင်ခြင်ပြီး 
နှစ်သစ်မှာ အကောင်းဆုံးဖြတ်သန်းနိုင်အောင် အောက်ဖော်ပြပါ အဆင့် (၃)ဆင့်နဲ့ သုံးသပ်လိုက်ရအောင်..

၁။ ဆင်ခြင်သုံးသပ်မယ်..
လွန်ခဲ့တဲ့ ၃၆၅ ရက်အတွင်းမှာ သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ကောင်းတာတွေလည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိမှာပါပဲ။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊
ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ပြည့်နေတဲ့ ကုန်ဆုံးခဲ့တဲ့နှစ်ဟာ သင့်အတွက် သာမန်နှစ်တစ်နှစ် ဖြစ်နိုင်သလို၊ သင့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လည်း 
ဖြစ်ချင်ဖြစ်နေမှာပါပဲ။ ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အရာတိုင်းကို လေ့လာစရာ သင်ခန်းစာတွေအဖြစ် မှတ်ယူပြီး လာမယ့်နှစ်အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
ကျန်ခဲ့တဲ့နှစ်ကို ဆင်ခြင်သုံးသပ်မယ်ဆိုရင်တော့ ဒီမေးခွန်းလေးတွေကို သင်ဖြေကြည့်ပါ..

- သင် ဘယ်အရာတွေကို အောင်မြင်ခဲ့သလဲ?
- သင် ဘယ်အရာတွေကို ဆုံးရှုံးခဲ့သလဲ?
- ဘယ်သူတွေကို သင်အချိန်အများဆုံး ပေးဖြစ်လဲ?
- သင့်ကို အပျော်ရွှင်ဆုံးပေးနိုင်ခဲ့တဲ့ အချိန်?
- သင့်ကို ဝမ်းအနည်းစေနိုင်ဆုံးအချိန်?
- ဘယ်အရာက ဂုဏ်ယူစရာ အကောင်းဆုံး ဖြစ်ခဲ့လဲ?
- ပြင်ဆင်နိုင်မယ်ဆို ဘယ်အရာကို နောင်တအရဆုံးလဲ?
ဒီလောက်ဆို ကျန်ခဲ့တဲ့ နှစ်က သင့်အတွက် ဘယ်လိုနှစ်မျိုးဖြစ်ခဲ့သလဲဆိုတာ သင် ခန့်မှန်းမိလောက်ပါပြီ။

၂။ ပြင်ဆင်မယ်။ 
လူတိုင်းဟာ ပြီးပြည့်စုံတယ်ဆိုတဲ့သူ မရှိပါဘူး။ ကမ္ဘာပေါ်က ထူးခြားတဲ့ ပါရမီရှင်တွေနဲ့ အချမ်းသာဆုံးလူတွေမှာတောင် ပြီးပြည့်စုံမှုဆိုတာမျိုး မရှိနိုင်ပါဘူး။ ဒီတော့
သင့်မှာလည်း လိုအပ်ချက်တွေ၊ အမှားအယွင်းတွေ ရှိခဲ့တာ မဆန်းပါဘူး။ 
ဒီတော့ကျန်ခဲ့တဲ့နှစ်အတွင်းမှာ သင့်ရဲ့ ကျရှုံးမှုတွေ၊ လဲပြိုကျမှုတွေကို ပြန်သုံးသပ်သင့်ပါတယ်။ ဆိုးရွားတဲ့ အတွေ့အကြုံတွေမို့ ပြန်မစဉ်းစားချင်တော့ဘဲ ပြည်ဖုံးကားချလိုက်မယ်ဆိုရင်
သင်ပဲ နစ်နာမှာပါ။ အရှုံးတွေကို ပြန်ခံစားနေဖို့ မလိုပါဘူး။ ဒါပေမယ့် သင်ယူနိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့တော့ လိုပါတယ်။

- အနာကျင်ရဆုံးနဲ့ လဲအပြိုကျဆုံးအချိန်ဟာ ဘယ်အချိန်လဲ?
- ဒီအမှားတွေ၊ ဆုံးရှုံးမှုတွေက ဘာကြောင့်လို့ သင်ထင်သလဲ?
- သင် ဘယ်အရာတွေမှာ တိုးတက်အောင် လုပ်သင့်လဲ?
ကဲ.. ဖြစ်ခဲ့တဲ့အမှားတွေ၊ ခါးသီးမှုတွေကို ပြင်ဆင်လိုက်ရအောင်!

၃။ သွေးသစ်လောင်းမယ်။
နှစ်သစ်ဟာ သင့်ရဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေပါပြီ။ နှစ်သစ်ဟာ သင့်ရဲ့ ကျရှုံးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ချန်ထားခဲ့ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီမကောင်းတဲ့အရာတွေထဲက
သင်ယူစရာတွေကိုပဲ ယူပြီး၊ ခံစားမှုတွေအားလုံးကို ချန်ထားဖြစ်အောင် ချန်ထားခဲ့လိုက်ပါ။ နှစ်သစ်ကို သယ်ယူမလာပါနဲ့။ ဒီနှစ်သစ်မှာ အောင်မြင်မှုတွေရအောင် ဘယ်လိုပြင်ဆင်မလဲ ဆိုတာကတော့..

- တစ်နှစ်စာ အသေးစိတ် Plan ချပါ။ (ဒီနှစ်အတွင်း ငါဘာဖြစ်ရမယ်ဆိုတာမျိုးပေါ့)
ဥပမာ- ငါရာထူးတိုးရမယ်။ ငါ weight ဘယ်လောက်ကျရမယ်။ ငါ ဘယ်လိုအောင်မြင်ရမယ်..စသဖြင့်..

- သင့်ကိုယ်သင် ယုံကြည်စိတ်မွေးပါ။ 
သင် ချထားတဲ့ Plan အတိုင်း ဒီတစ်နှစ်မှာ လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဆုံးဖြတ်ချက်တွေကိုချပါ။ 

- ဘယ်အရာတွေကို သင်ယူမလဲ။ တိုးတက်စေမလဲ။
သင့်အောင်မြင်မှုအတွက် အရေးပါတဲ့အရာတိုင်းကို စနစ်တကျဘယ်လိုသင်ယူမလဲဆိုတာ စဉ်းစားထားပါ။ သင့်ရဲ့တိုးတက်မှုတိုင်းဟာ ဗရမ်းဗတာဖြစ်တာမျိုး၊
နှောင့်နှေးနေတာမျိုး မရှိဘဲ စနစ်တကျ ဖြစ်နေပါစေ။

နှစ်သစ်ဟာ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်ဖို့ စိတ်သစ်လူသစ်ဖြစ်စေတဲ့ အခွင့်အရေးပါ။ သင်လည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဆုပ်ကိုင်လိုက်ပါ။
တစ်သက်လုံး ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ နှစ်ဟောင်းမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့။ လာမယ့်နှစ်သစ်မှာတော့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်ရမယ်ဆိုတဲ့စိတ်ကို မွေးထားပါ။

နှစ်သစ်မှာ အောင်မြင်မှုများ ရကြပါစေ...
ref: ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



XMODGAMES v2.2.2


နောက်ဆုံးထွက် COC တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ xModgame သမားတွေအတွက် အဆင်ပြေမယ့် XMODGames ကို တင်ပေးလိုက်ပါတယ်.. အရင်ဗားရှင်းဟောင်းကို ဖျက်ပစ်ပြီးမှ ဒီကောင်ကို Install လုပ်ပါ.. COC Version ကတော့ 8.67.8 ဖြစ်ရပါမယ်.. COC 8.67.8 မရှိရင် အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်..

Download COC 8.67.8

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


CoC 8.67.8 apk Update


CoC နောက်ဆုံးထွက်ဗားရှင်း 8.67.8 မရှိသေးသူများအတွက် တင်ပေးလိုက်ပါတယ်.. xMode Games မှာ Update လုပ်မိပြီး ဆော့လို့မရဘဲ COC has stopped ဖြစ်နေသူများ ဒီဗားရှင်းကို Install လုပ်ပြီးရင် xMode Game update နဲ့ ဆော့နိုင်ပါပြီ.. ဒီဇင်ဘာ 18 ရက်နေ့က Update ပေးထားဖြစ်ပြီး အချို့သူတွေမှာ မရှိကြသေးပါဘူး..  Android Version 4.0.3 နဲ့အထက်မှာ ကစားနိုင်ပါတယ်..
-
Notes / What's New
• New Winter theme!
• Bug-fixes for the new Shield system and game crashes
• New info screen when tapping the Shield icon shows exact Personal Break timer status
• Fixed and cleaned up various UI issues
8.67
One of the Biggest Clash Updates - Ever!
• Town Hall 11, new Hero Grand Warden & new defense Eagle Artillery!
• New troop levels, defense levels, and Clan Spell donation
• Revamped Shield system that lets you attack whenever you want
• Bigger League Bonuses, Trophy offers, and so much more


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Maxthon Cloud Browser 4.4.8.1000 Stable Version For Windows PC


Windows PC သမားတွေအတွက် လူသုံးအများဆုံး Browser တွေထဲက တစ်မျိုးဖြစ်တဲ့ Maxthon Cloud Browser 4.4.8.1000 Stable Version ကိုတင်ပေးလိုက်ပါတယ်.. Maxthon Browser ဟာ Google Chrome, Mozilla Firefox တို့ပြီးရင် အသုံးများလာတဲ့ Browser တစ်မျိုးလည်းဖြစ်ပါတယ်.. ကိုယ်ပိုင် Downloader ပါရှိပြီး မလိုအပ်တဲ့ Add-ons တွေလည်း အလိုအလျောက် Install လုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. Ads တွေကို Add-on မလိုဘဲ ပိတ်ပစ်နိုင်ပါတယ်.. RAM စားနှုန်းသက်သာပြီး ပေါ့ပါးမြန်ဆန်တဲ့ Browser တစ်မျိုးဖြစ်ပါတယ်..
-
Maxthon Cloud Browser is a powerful web browser which has a highly customizable interface. The browser has multiple tools that make your web experience more enjoyable, such as resource sniffer, screen capture tool, night mode and cloud functionality.

Key Features Include
    Unobtrusive UI: You can fully customize Maxthon Cloud Browser by adding, moving, swapping and changing the browser's tool bars, icons, menus, colours, skins, and layouts.
    Built-in Ad Hunter: This tool will block harmful ads, images and pages. The Filter packs will screen out offensive Web pages too.
    Plug-ins: More than 1,400 plug-ins are currently available for Maxthon Cloud Browser.
    Cloud Syncing and Cloud Push: Maxthon has the ability to synchronize your bookmarks, tabs, options and your address bar and new-tab links, throughout all of your computers and mobile devices running Maxthon Cloud Browser.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Maxthon Cloud Browser 4.4.8.1000.exe : 39.37 Mb

UserCloud Download Link

Maxthon Download Link

FileHippo Download Link



Font Sytle ပါပြီးသား ဖုန်းအားလုံးကို မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲ-iFont(Expert of Fonts) v5.6.1 Apk

 iFont ဆိုရင် လူတိုင်းသိလောက်မှာပါ တကယ် perfect replacement font အမျို အစားပါ ပြီးတော့ ဒီဆော့ဝဲ(Application) လေးဟာ Font Sytle ပါပြီးသား ဖုန်းအားလုံးကို မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲဖြစ်ပါတယ်။Android အတွက် သောင်းပေါင်းများစွာသော Font Apk တွေထဲမှာတော့ The best အဖြစ်ရပ်တည်နေတာပါ။ အထူးသဖြင့် ဒီဆော့ဝဲလေးဟာ Samsung ဖုန်းသမားတွေအတွက်Font Style ပါထားပြီးသား Galaxy ဖုန်းအားလုံးကိုရော့ပြီးတော့ Galaxy S3,S4,Note,Note II အထက် ဖုန်းအားလိုမြန်မာစာ လုံးဝအမှန်ထည့်ပေးနိုင်တဲ့ တစ်ခုတည်းသော Font Apk လေးဖြစ်ပါတယ်။အသုံးပြုလိုသူအတွက်ကတော့ ဖိုင် size  ကတော့ 6.58MB  ဖြစ်ပြီး Android ဖုန်း 2.3 အထက်ရှိဖုန်းသာ အသုံးပြုနိုင်ပါတယ်။





ရှုပ်ပွပ်နေတဲ့ သင့်ဖုန်းရဲ့ဖိုင်အားလုံးကို တစ်နေရာတည်း color File Manager အဖြစ် သိမ်းဆည်းထားနိုင်မယ့်-ES File Explorer/Manager PRO v1.0.4 APK


Android market ထဲ အကောင်းဆုံး မာနေဂျာ အဖြစ် ရပ်တည်နေတဲ့ စမတ်ဖုန်းတို့၏ file တွေကို အလွယ်ကူဆုံး Menage လုပ်ပေးနိုင်တဲ့ file manager လေးကို တင်ပေးလိုက်ပါတယ်ခင်ဗျား။
မိမိဖုန်းမှာ ရှုပ်ပွပ်နေတဲ့ သင့်ဖုန်းရဲ့ဖိုင်အားလုံးကို တစ်နေရာတည်း သိမ်းဆည်းထားနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ ဖုန်း Service သမားတွေလည်း ဒီဆော့ဝဲလေးကို အမြဲအသုံးပြုကြပါတယ်...။ ဒီဆော့ဝဲလေးကို လိုသလိုအသုံးချနိုင်ပါတယ်...။ ဥပမာ..ဖုန်းတစ်လုံးကို Root လုပ်ပြီးလို့...မြန်မာဖောင့်အလွယ်တကူ ထည့်ချင်တယ်ဆိုရင်...အချို့သောဖုန်းတွေမှာ...မြန်မာဖောင့် apk များကို ဒီ File Explorer ထဲမှာ ထည့်သိမ်းပြီး ဖြေရှင်းလေ့ ရှိကြပါတယ်...။ ကွန်ပျူတာမှာပါလာတဲ့ Explorer ကဲ့သို့ Select, Cut/Copy/Paste, Move, Create, Delete, Rename, Search, Share, Send, Hide, Create Shortcut, and Bookmark မျိုး အကုန် အသုံးပြုနိုင်ပါတယ်။ ကဲဗျာ လိုရာသုံး စမတ်ဖုန်းအားလုံးတို့ကို မိမိကိုယ်တိုင် အကောင်းဆုံး Manage လေးလုပ်ချင်ရင် အောက်ကလင့်တွေမှာ အဆင်ပြေသလို ဒေါင်းယူနိုင်ပါပြီ။ ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။




ဘဝမှာ မှတ်သားထားရမယ့် ဥပဒေသ (၉) ချက်



၁။ ဖြေရှင်းလို့မရတဲ့ ပြသနာအပေါ် ဖိစီးမနေနဲ့။
လောကမှာ ဖြေရှင်းလို့ရတဲ့ ပြသနာနဲ့ ဖြေရှင်းလို့ မရတဲ့ ပြသနာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် ကြိုးစားဖြေရှင်းရမှာ
ဖြစ်သလို ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ပြသနာတွေအတွက်ကျတော့ ကိုယ့်ကိုယ်ကို ဖိစီးမနေသင့်တော့ပါဘူး။ 
(ပြသနာရပ်တွေကို အလွယ်တကူ လက်မလျော့ဖို့တော့ လိုပါတယ်။)

၂။ အပျော်အပါးနောက် မလိုက်ပါနဲ့။ ပျော်ရွှင်ခြင်းနောက်သာ လိုက်ပါ။
လောမှာ အပျော်မျိုးစုံရှိပါတယ်။ အပျော်လို့ ထင်ရလောက်တဲ့ အရာတွေရှိသလို စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေလဲ ရှိပါတယ်။
တစ်ချိန်မှာ နောင်တရရမယ့် အပျော်တွေကတော့ တဒင်္ဂသာဖြစ်ပြီး အစစ်အမှန်တွေ မဟုတ်ပါဘူး။ ဒါကြောင့် အပျော်အပါးတွေကု
ရပ်တန့်ပြီး ဘဝအမောပြေစေမယ့် ပျော်ရွှင်ခြင်းတွေနောက်ပဲ လိုက်သင့်ပါတယ်။

၃။ စိတ်အားထက်သန်မှုတွေ ရှိပါစေ။
ဘဝကို လေးလံထိုင်းမှိုင်းစွာ ဖြတ်သန်းနေတဲ့ ငြီးငွေ့ဖွယ်လူတစ်ချို့ကို သင်တွေ့ဖူးပါလိမ့်မယ်။ သင့်ဘဝကိုတော့ ဒီလို မဖြတ်သန်းသင့်ပါဘူး။
သင်စိတ်ပါဝင်စားတဲ့အရာတစ်ခုကို ရှာဖွေပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်သင့်ပါတယ်။ သင့်အောင်မြင်မှုတွေ၊ အလုပ်တွေနဲ့ ဆိုင်တာဖြစ်ဖြစ်
ဝါသနာတွေနဲ့ ဆိုင်တာဖြစ်ဖြစ် ဘယ်အရာကိုမဆို စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်ပါ။ သင့်ဘဝကို တက်တက်ကြွကြွဖြတ်သန်းတတ်တဲ့
အလေ့အကျင့်ကောင်းတစ်ခု ရလာပါလိမ့်မယ်။

၎။ ချစ်ခြင်းတရားတွေ မျှဝေပါ။
မနာလိုခြင်း၊ မုန်းတီးခြင်းတွေက သင့်ဘဝကို မောဟိုက်စေတဲ့ အဆိပ်အတောက်တွေပါ။ လူတိုင်းကိုမေတ္တာထားပါဆိုရင် အပြောလွယ်သလောက်
အလုပ်ခက်ပါလိမ့်မယ်။ ဒီတော့ မေတ္တာထားလို့ရတဲ့သူတွေကို မေတ္တာထားပါ။ မဟုတ်ရင်တော့ ဥပေက္ခာသာ ပြုထားလိုက်ပါ။ သင့်စိတ်ကို
ညစ်ထေးမခံပါနဲ့။

၅။ သင်လုပ်နေတဲ့အရာတွေကို တန်ဖိုးထားပါ။
ဘာအလုပ်ပဲဖြစ်ဖြစ် သင်လုပ်နေတာတွေကို တန်ဖိုးထားဖြင်းက သင့်ကိုယ်သင်လည်း ယုံကြည်မှုတွေ ရလာစေပါတယ်။ အများသူငါတွေကလည်း
သင့်ကို လေးစားမှုပေးမှာဖြစ်ပြီး သင့်ဘဝကိုလည်း ကျေနပ်မှုတွေ ရလာစေမှာပါ။

၆။ သင်ယူမှုတွေကို မရပ်တန့်လိုက်ပါနဲ့။
သင်ယူမှုဆိုတာ ဆုံးခန်းတိုင်တယ်လို့ မရှိပါဘူး။ အမြဲတစေ လေ့လာနေသင့်ပါတယ်။ လေ့လာတယ်ဆိုတာက ကျောင်းသင်ခန်းစာတွေမှ 
မဟုတ်ပါဘူး။ ဘယ်အတတ်ပညာကိုမဆို လေ့လာလို့ရပါတယ်။ လေ့လာသင်ကြားမှုတွေ ရပ်လိုက်ပြီဆိုရင်တော့ သင့်ဘဝကြီးပါ 
ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

၇။ စုဆောင်းပါ။ ရင်းနှီးမြှုပ်နှံ့ပါ။
ဘဝမှာ ငွေရှာရုံနဲ့ မပြီးသေးပါဘူး။ ရှာဖွေထားတဲ့ငွေတွေကို စနစ်တကျ သုံးစွဲတတ်ဖို့၊ စုဆောင်းတတ်ဖို့ ဆိုတာလည်း လိုအပ်ပါသေးတယ်။
စုဆောင်းနိုင်ရုံတင်မကသေးဘဲ ပွားများချင်တယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံ့မှုတွေလုပ်သင့်ပါတယ်။

၈။ ကျန်းမာရေး ဂရုစိုက်ပါ။
လောကမှာ အရေးကြီးဆုံးက ကျန်းမာရေးပါပဲ။ သူ့နောက်မှာမှ ငွေကြေးတွေ၊ ဂုဏ်အရှိန်အဝါတွေလိုက်တယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်သာ မကျန်းမာရင် သင်စီးပွားလုပ်နိုင်မှာ မဟုတ်သလို၊ အရာရာမှာလည်း လစ်ဟာမှုတွေ ဖြစ်လာမှာပါ။

၉။ ခရီးသွားပါ။
ခရီးသွားခြင်းဟာ စိတ်အပန်းပြေရုံတင်မဟုတ်ပါဘူး။ ဗဟုသုတတွေလည်း များစွာ ဖြစ်ထွန်းစေပြီး အတွေးသစ်၊ အကြံဥာဏ်သစ်တွေလည်း
ရစေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး အနည်းဆုံးတစ်နှစ်ကိုတစ်ခါ ခရီးသွားသင့်ပါတယ်။

ref:ရွှညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link