August 2015
All Free Softwares, e-Books, Tutorials and Knowledges



Cracker Barrel Games app သည် app တစ်မျိုးတည်းတွင် ဂိမ်းငါးမျိုးခန့်ကို ထည့်သွင်းပေးထားသည့် game app တစ်ခု ဖြစ်သည်။ Solitaire, Peg Game, Checkers, Memory Match, Spot the Difference အစရှိသည့် ဂိမ်းအမျိုးအစား ငါးမျိုးပါဝင်မည်ဖြစ်သည်။

အဆိုပါ app ကို iTunes တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 95.4 MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ထားသည့် ဂိမ်း app အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




Google သည် Amazon မှ ပိုင်ဆိုင်သော Twitch ကိုယှဉ်ပြိုင်ရန် YouTube Gaming ဝက်ဘ်ဆိုက်ကို စတင်ခဲ့ကြောင်း သိရသည်။ Google အနေဖြင့် ဗွီဒီယိုဂိမ်း ဗွီဒိယိုလွှင့်ပေးမည့် YouTube Gaming ဝက်ဘ်ဆိုက်ကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ကြောင်း BBC ကဖော်ပြခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက်နှင့် app သည် YouTube ပေါ်ရှိ ဂိမ်းဆိုင်ရာ အကြောင်းအရာများစွာ စုစည်းပေးမည် ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် တစ်နေရာထဲ၌ ဂိမ်းတစ်ခုစီနှင့် ပတ်သက်သည့် ဗွီဒီယိုနှင့် အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုများ စုဆောင်းထားသည့် စာမျက်နှာမှ အကြောင်းအရာပေါင်း ၂,၅၀၀ ကျော်ရှိသည်။ အဆိုပါဆိုက်တွင် ဂိမ်းနှင့်ပတ်သက်သော အကြောင်းအရာများကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ကိုယ်ပိုင်ရှာဖွေမှုများ ပြုလုပ်နိုင်သည်။

၎င်းဝက်ဘ်ဆိုက်၏ အားသာချက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ၎င်း feature သည် app သစ်တွင် အဓိကျလာမည် ဖြစ်ကြောင်း YouTube ကပြောကြားထားသည်။ နှစ်အနည်းငယ်အတွင်း ဂိမ်းသည် အွန်လိုင်းဗွီဒီယို အခန်းကဏ္ဍ၏ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

YouTube ၏ follow အပြုလုပ်ခံရဆုံး ကြယ်ပွင့်ဖြစ်သူ PewDiePie သည် အသက်၂၀ ဝန်းကျင်ရှိကာ “Let’s Play” ဟုအမည်ရသော လူသိများသည့်ပုံစံဖြင့် နာမည်ကျော် ဂိမ်းများ ကစားပြလျက်ရှိသည့် ဆွီဒင် gamer တစ်ဦးဖြစ်သည်။ Twitch သည်လည်း ဂိမ်းဝါသနာရှင်များက တိုက်ရိုက် ဂိမ်းကစားမှုများ ကြည့်ရှုခြင်း သို့မဟုတ် ဂိမ်းနှင့်ပတ်သက်သည့် ပွဲစဉ်များကို မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

Ref: Time
Credit  internetjournal

 Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဘန်ကောက်မြို့တွင် ပြေးဆွဲနေသော အများသုံး အဲကွန်းဘတ်စ်ကားများတွင် ကြော်ငြာပါဝင်သော အခမဲ့ WiFi ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် Pan B Media ထံ လိုင်စင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ကို National Broadcasting နှင့် Telecommunications Commission ၏ ဆက်သွယ်ရေးအဖွဲ့က သောကြာနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Plan B Media သည် ၁၅ မိနစ်လျှင် တစ်ကြိမ် ၁၀ စက္ကန့်စာ ကြော်ငြာပြသမည့် အခမဲ့ ဝန်ဆောင်မှုကို ထောက်ပံ့ရန်အတွက် Bangkok Mass Transit Authority နှင့် သဘောတူညီမှု ရရှိခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ စမတ်ဖုန်းများပေါ်တွင် Wi-Fi ကို ဖွင့်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Wi-Fi ချိတ်ဆက်ပြီးသည့်အခါတွင် ၎င်းတို့၏ ဆဲလ်ဖုန်းနံပါတ်နှင့် မွေးနေ့တို့ဖြင့် မှတ်ပုံတင်ပြီးနောက် SMS ဖြင့် password တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။

အခမဲ့ Wi-Fi ပထမဦးဆုံး ရရှိမည့် ဘတ်စ်ကားလိုင်းများမှာ 39, 510, 520, 555, 26, 60, 514, 511, 36, 73, 16, 503, 23, 70, 79, 515 နှင့် 556 တို့ ဖြစ်သည်။

Ref: Bangkok Post/Richard Barrow
Credit internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ခွင့်ပြုပေးလိုက်ပြီဖြစ်သည့် အကြွေးဝယ်ခွင့်ကတ် (Credit  Card) သုံးစွဲမှုကို Online ချိတ်ဆက်မှုဖြင့် စနစ်ကျသည့် စီမံခန့်ခွဲမှုများဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေရေးအဖွဲ့ (MPU-Myanmar Payment Union) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်ဝန်းကျင်ကဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရသည့် အဖြစ်အပျက်များ ကို အခြေခံပြီး အကြွေးဝယ် ကတ် သုံးစွဲမှုကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း များ ပူးပေါင်း၍ စီမံခန့်ခွဲသွား မည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်းဘဏ် လုပ်ငန်းအချို့ ပြိုလဲခဲ့သည့် အချိန်ကာလ အတွင်းက အကြွေးဝယ်ခွင့်ကတ်များနှင့် ပတ်သတ်၍ အမည်မည်းစာရင်း မှတ်တမ်းရှိခဲ့သူများ အားလည်း အဆိုပါ ကတ်များအား ပြန်လည်သုံးစွဲခွင့်ပေးမည့် ယခု တစ်ကြိမ်တွင် စိစစ်သွားမည်ဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“၂၀၀၃ ကဖြစ်ခဲ့တဲ့ ဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရတာကို သင်ခန်းစာယူပြီး ဒီတစ်ကြိမ်မှာ စနစ်တကျနဲ့ လုပ်ပေးသွားမယ်။ အရင်တစ်ခေါက်က black list အသွင်း ခံထားရသူတွေကို သေသေချာချာ ဆန်းစစ်သွားမယ်။ အဓိကကတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အတွေ့အကြုံကို အခြေခံပြီး စီမံခန့်ခွဲမှုကို သေချာလုပ်ရမယ်။ ကတ်သုံးစွဲမှုကို စနစ်တကျ ထိန်းချုပ်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

MPU အဖွဲ့ဝင်ဘဏ်များ၏ အကြွေးဝယ်ခွင့်ကတ်များ အသုံး ပြုခွင့်ရရှိရန် တင်ပြချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် လအနည်းကမှ ခွင့်ပြုပေး လိုက်ခြင်းဖြစ်ပြီး ၂၀၀၃ ပြည်တွင်း ဘဏ်လုပ်ငန်း အချို့ ပြိုလဲမှုဖြစ် ပေါ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ထုတ်လုပ်ခွင့် ရရှိ ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် MPU အဖွဲ့ဝင် ဘဏ်လုပ်ငန်း ၂၀ အနက် ၁၅ ဘဏ်သည် အဆိုပါ အကြွေး ဝယ် ကတ်ထုတ်ဝေခွင့်ကို ရရှိထားပြီ ဖြစ်ပြီး ကမ္ဘောဇဘဏ်သည်ယင်း ကတ်သုံးစွဲမှုကို စတင်လုပ်ဆောင် ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




Apple သည် စက်တင်ဘာလတွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ပွဲတွင် iPhone 6s နှင့် iPhone 6s Plus တို့ကို မိတ်ဆက်ပေးသည်နှင့် တစ်ပြိုင်နက် iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဌာန၏ အဆိုအရ Apple သည် ၄ လက်မ screen ပါဝင်သော စမတ်ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် ၎င်းကို ယခုနှစ်တွင် တင်ပို့ရောင်းချရန် အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen အသီးသီးပါဝင်သော iPhone 6 နှင့် iPhone 6 Plus တို့ကို မတ်ဆက်ပေးခဲ့သည်။ ယခင် iPhone 5s တွင်မူ ၄ လက်မ display ကို အသုံးပြုခဲ့သည်။

iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရခြင်းမှာ နှေးကွေးသော ပရိုဆက်ဆာကဲ့သို့သော feature အဟောင်းများနှင့် ရောင်းအားနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း 9to5Mac မှ ဆိုခဲ့သည်။

စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် Apple ပွဲတွင် နောက်ဆုံးပေါ် iPhone နှင့်အတူ အဆင့်မြှင့်ထားသော Apple TV set-top box တို့ကို မြင်တွေ့ရဖွယ်ရှိသည်။

Ref: USAToday
Credit  internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




အသစ်ထွက်ပေါ်လာသော သတင်းများအရ Apple သည် iPhone 6s နှင့် iPhone 6s Plus တွင် Apple Watch ၌ အသုံးပြုထားသော ဆန်းသစ်လှပသည့် animated wallpaper များကို ထည့်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

Apple Watch သုံးစွဲသူများသည် သက်ဝင်လှုပ်ရှားနေသော ရေခူ၊ လိပ်ပြာများနှင့် ပန်းပွင့်များကို background အနေဖြင့် ရွေးချယ်အသုံးပြုနိုင်ပြီး iPhone သစ်တွင် ပါဝင်မည့် wallpaper များတွင် ရွှေငါးကြင်း၊ ပန်းပွင့်များနျှင့် အရောင်အသွေးစုံလင်သော မီးခိုးမှုန်များဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။
cnBeta ဟုခေါ်သော တရုတ်ဆိုက်တွင်မူ ရွှေရောင်နှင့် အနက်ရောင် ရွှေငါးကြင်းပုံ ပါဝင်သော iPhone 6s Plus ဘူး၏ ဓာတ်ပုံ ထွက်ပေါ်လာခဲ့သည်။



iPhone 6s နှင့် 6s Plus တွင် 4K ဗီဒီယို ရိုက်ကူးနိုင်သော 12MP ကင်မရာသစ် ပါဝင်လာဖွယ်ရှိပြီး အရှေ့ဘက်ကင်မရာက 1080p ဗီဒီယိုကို ရိုက်ကူးနိုင်ဖွယ်ရှိသည်။

ထို့အပြင် ၎င်းဖုန်းသစ်များတွင် သုံးစွဲသူ၏ screen ပေါ် ဖိနှိပ်သည့်အားကို သိရှိကာ ကွဲပြားသော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်စေမည့် Force Touch နည်းပညာ ပါဝင်လာဖွယ်ရှိကြောင်း၊ အဆိုပါ နည်းပညာသည် သုံးစွဲသူများအား menu များရှိ option များကို ပိုမိုလျင်မြန်စွာ ရှာဖွေစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများတွင်မူ iPhone သစ်များကို ပန်းရောင်သမ်းသော ရွှေရောင် (rose-gold) ဖြင့် မြင်တွေ့ရဖွယ်ရှိကြောင်း ဆိုသည်။
Vodafone ဝန်ထမ်းတစ်ဦး၏ အီးမေးလ် ပေါက်ကြားချက်အရမူ Apple ဟန်းဆက်သစ်များကို စက်တင်ဘာလ ၁၈ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် စတင်ရောင်းချမည်ဟု သိရသည်။

Ref: Telegraph
Credit internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges





နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ Samsung Galaxy Unpacked ပွဲကြီးကို ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Galaxy Unpacked ပွဲမှာ Samsung ရဲ့ မိုဘိုင်းဖုန်း အသစ်တွေကို မိတ်ဆက်ပြသလေ့ရှိပါတယ်။ ဒီနှစ် Samsung Galaxy Unpacked 2015 မှာ Samsung ရဲ့ Products အသစ်နှစ်မျိုးဖြစ်တဲ့ Samsung Galaxy S6 Edge+ နဲ့ Samsung Galaxy Note 5 တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဆိုပါ Products နှစ်မျိုးကို Samsung မှ နိုင်ငံတကာရဲ့ ဈေးကွက်ထဲကို နေ့ရက်အချိန် ကွဲပြားစွာ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်ပြိုင်နက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

Samsung Galaxy Note 5 ဟာ သေသပ်လှပတဲ့ ဒီဇိုင်းများနဲ့ Feature အသစ်များကိုထည့်သွင်းပေးထားတဲ့ အတွက်ကြောင့်  စတင်မိတ်ဆက်နေစဉ်အတွင်း စိတ်ဝင်စားသူအများအပြားရှိခဲ့ပါတယ်။ Samsung Galaxy Note 5 ကို စိတ်ဝင်စားသလောက် သူ့မှာပါဝင်တဲ့ Feature  အသစ်တွေကလည်း စွဲမက်စရာကောင်းလှပါတယ်။ Samsung Galaxy Note 5 ရဲ့ မျက်နှာပြင်အကျယ်ဟာ 5.7 လက်မရှိပါတယ်။ Note 5 ပေါ်မှာ မိမိပြုလုပ်သမျှ တာဝန်တိုင်းကို လျင်မြန် သွက်လက်စွာ ဆောင်ရွက်ပေးနိုင်မဲ့ Processor က Exynos 7420 octa-core (2.1GHz quad + 1.5GHz quad) 64bit, 14nm  ဖြစ်ပြီး RAM ကိုလည်း 4GB (LPDDR4) အထိတိုးမြှင့်ပေးထားပါတယ်။

 ဒါ့ကြောင့် Multi Window အသုံးပြုမှုကို လျင်မြန်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး အခြား Feature များကိုလည်း လျင်မြန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာကိုလည်း iPhone 6 Plus နဲ့ နှိုင်းယှဉ်ကာ မိတ်ဆက်ပြသခဲ့တဲ့ Samsung Galaxy Note 5 ရဲ့ ကင်မရာအရည်အသွေးဟာ ညအမှောင်မှာ ဓါတ်ပုံ ၊ ဗီဒီယိုရိုက်ခဲ့မယ်ဆိုရင်တောင် အကောင်းဆုံး အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ ဒီလို အရေသွေးကောင်းမွန်တဲ့ Galaxy Note 5 ရဲ့ အပြင်ဘက် ကင်မရာဟာ 16MP, f/1.9, OIS နဲ့ အတွင်းဘက် ကင်မရာကတော့ 5MP, f/1.9 တို့ဖြစ်ပြီး 4K အရည်အသွေးရှိတဲ့ ဗီဒီယို၊ ဓါတ်ပုံတို့ကို ရိုက်ကူးရယူနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy Note 5 ဟာ Storage ပမာဏ 32 GB နဲ့ 64 GB ဆိုပြီး ထုတ်လုပ်ထားပေး ပါတယ်။ memory ထပ်ဖြည့်ဖို့ SD ကဒ် ထည့်စရာတော့ မပါပါဘူး။ ဘက်ထရီအား သိုလှောင်မှုကို ကြာရှည်ခံနိုင်အောင် ပြုလုပ်ပေးထားသလို အားသွင်းတဲ့ အခါ မြန်ဆန်စွာ အားသွင်းနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ ဘက်ထရီက 3000 mAh ပါ။ ယခင် Note 4 ထပ် 220 mAh လောက် လျော့သွားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်  မြင့်မားလာတဲ့ RAM နဲ့ Processor ကြောင့် battery life အတော်လေး တိုးလာတဲ့ စမတ်ဖုန်းပါ။ 

Wireless ဖြင့်လည်း ဘက်ထရီအားသွင်းနိုင်ပါသေးတယ်။ အင်တာနက် လိုင်းစွဲအား ကောင်းမွန်စေရန်အတွက်  Cat.9 Network ကို အသုံးပြုထားပြီး  4G LTE ကို Support ပေးထားပါတယ်။ နောက်ထပ် Wireless အသုံးပြုမှုများကို အဆင်ပြေစေရန်အတွက် 802.11ac Wifi, 2.4/5GHz, MIMO (2x2), 620Mbps , Bluetooth v4.2 LE, ANT+ နဲ့ NFC တို့ကို လည်းထည့်သွင်းပေးထားတဲ့အတွက်ကြောင့် Wireless အသုံပြုမှုကို တွင်ကျယ်စေမှာဖြစ်ပါတယ်။

Samsung Galaxy Note ထွက်တိုင်း အသုံးပြုသူတို့ကို ငြို့ယူထားတဲ့ အရာကတော့ SPen ပဲဖြစ်ပါတယ်။ အရင် SPen တွေထက် Note 5 မှာပါဝင်တဲ့ SPen ကို ပိုကောင်းအောင်ပြုလုပ်ထားပါတယ်။ SPen ကို ဖုန်းအတွင်းထည့်ထားတဲ့ ပုံစံကအစ သေသပ်လှပတဲ့အပြင် အသုံးပြုလိုပါက လက်သည်းနဲ့ကုတ်ခြစ်ပြီး စွဲထုတ်စရာမလိုပဲ အတွင်းထဲသို့ ညင်သာစွာ တွန်းလိုက်တာနဲ့ အပြင်ကို အလိုလျောက်ထွက်လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ တစ်ခုခုကို အလျင်စလို မှတ်သားစရာရှိလာခဲ့တဲ့အခါ Note 5 Screen Power ကိုဖွင့်စရာမလိုပဲ မျက်နှာပြင်ပေါ်မှာ SPen ကိုစွဲထုတ်ကာ ရေးမှတ်ရုံနဲ့ Note ထဲမှာ တစ်ခါတည်း ရေးမှတ်ပြီးသားဖြစ်သွားမှာပါ။

နောက်တစ်ချက်ကတော့ Side Sync ပဲဖြစ်ပါတယ်။ မိမိ Note 5 ထဲမှာရှိနေတဲ့ Data ၊ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တို့ကို မိမိကွန်ပျူတာ အတွင်းသို့ Sync လုပ်ကာ အသုံးပြုနိုင်ပါတယ်။ Side Sync ကို အသုံးပြုလိုပါက USB နှင့်သာမကပဲ Wireless အနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ Wireless အနေနဲ့အသုံးပြုလိုရင်တော့ မိမိအိမ်မှာ Wifi Network ကိုတပ်ဆင်ထားရမှာဖြစ်ပါတယ်။ Side Sync ကို အသုံးပြုပြီး  ဖုန်းမှာ ပြုလုပ်နိုင်တဲ့ Feature တွေဖြစ်တဲ့ ဖုန်းခေါ်ခြင်း ၊ SMS ပို့ခြင်း နှင့် Chat ခြင်းတွေကိုပါ ပြုလုပ်နိုင်ပါသေးတယ်။  ဒါ့အပြင် ဗီဒီယိုတွေကို ကြည့်ရှုရာမှာ Livestrem ကြည့်ရှုနိုင်ခြင်းကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် အသံအရည်အသွေးကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ 

လက်ရှိ Samsung Galaxy Note 5 ဟာ စီးပွားရေး သမားများကြား စိတ်အဝင်စားဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် နေရာယူလာပါတယ်။

Aung Ko Htet (MaungPauk.org)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
LINE Free Calls & Messages ဆိုရင် ပြောစရာတောင်မလိုလောက်တော့ဖူးလို့ ထင်ပါတယ် ဒီနေ့ ထွက်ထားတာလေးပါ သတိရလို့ တင်ပေးလိုက်တာပါ။ Free Calls တွေမှာ တော့ Viber ပြီးရင် ဒီကောင်လေးကို အကြိုက်ဆုံးပဲဗျာ။ Video Call ဆိုရင် Screen အပြည့်မြင်ရပြီး ရုပ်သံ ထွက် တအားကြည်လင်ပါတယ်ခင်ဗျာ။ ဒီကောင်းလေးကတော့ Android OS အားလုံးသုံးနိုင်ပါတယ်။





 
All Free Softwares, e-Books, Tutorials and Knowledges




အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 
အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 
 
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
htc aero


HTC Aero သို့မဟုတ် HTC A9 လို့ အမည်ပေးထားတဲ့ ဖုန်းကို ပုံမှာ ယခုလို မြင်တွေ့ရမှာပါ။ ထိုင်ဝမ် အခြေဆိုက် HTC ကုမ္ဗဏီအနေနဲ့ လက်ရှိ Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 6S ကို ယှဉ်ပြိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။



ထူးခြားချက်ကတော့ ပုံစံတူနေခြင်းပါပဲ။ အရွယ်အစားသာ ကြီးသွားပေမယ့် ဖုန်းရဲ့ ဘေးနားက အချိုးအကွေ့တွေ၊ ပလက်စတစ်လိုင်းတွေက တူနေပါတယ်။ သတ္တု ကိုယ်ထည်ဖြင့် လုပ်တဲ့ စမတ်ဖုန်း ပါပဲ။ Apple ရဲ့ iPhone 6S ထက် သာလွန်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရားဝင် သတင်းများ ထွက်ရှိခြင်း မဟုတ်ပေမယ့် တရုတ်အခြေဆိုက် သတင်းမီဒီယာများကနေ ဖော်ပြလာခြင်းပါ။ iPhone killer လို့တောင် အမည်ပေးထားပါတယ်။ အဓိက ထူးခြားတဲ့ အစိတ်အပိုင်းကတော့ Processor ဖြစ်ပါလိမ့်မယ်။

deca-core Helio X20 SoC ကို အသုံးပြုထားပါတယ်။ သူများတွေ Octa Core Processor နဲ့ ထုတ်လုပ်နေချိန်မှာ Octa Core ထက် နှစ်ဆ ပိုတဲ့ Core အရေအတွက်ပါ Processor ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီတော့ Technically အရ ပြောမယ်ဆိုရင် သူ့ရဲ့ Processing speed က လက်ရှိ Octa Core စမတ်ဖုန်းတွေထပ် နှစ်ဆ မြန်မယ်ပေါ့။

Technical ကို Detail ကျကျ ပြောရရင် ဖုန်းတစ်လုံး မြန်တယ် မမြန်ဘူး ဆိုတာ Processor ရဲ့ ထောက်ပံ့မှုနဲ့အတူ RAM အပြင် အခြားသော Technical အစိတ်အပိုင်းများရဲ့ လိုက်ဖက်ညီစွာ ထောက်ပံ့ပေးနိုင်မှုနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သူ့ရဲ့ RAM ကတော့ 4GB ပါဝင်ပြီး ဘက်ထရီက 3500 mAh ပါ။ ဖုန်း မျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပါတယ်။

သူတို့ ပြောထားသလိုပဲ တကယ် iPhone killer ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်ရအောင်။ နောက်လဆန်းလောက်ဆိုရင် အသေးစိတ် သတင်းထုတ်ပြန်ကြေညာတော့မယ်လို့ သိရပါတယ်။
.
Ref: Dailymail
Credit MMAS 

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
safari


Apple ရဲ့ iOS 9 မှာ Safari ရဲ့ လုပ်ဆောင်ချက်ဟာ ၂ဆ မြန်ဆန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုမှု Data Usage ကလည်း ယခင်ထက် ၂ ဆ သက်သာမှာ ဖြစ်ကြောင်း ဆိုပါတယ်။



Apple ရဲ့ iPhone နဲ့ iPad တို့မှာ ပါဝင်တဲ့ Safari ဟာ နှေးပြီး Google Chrome နဲ့ ယှဉ်တဲ့အခါ နှေးကြောင်း ပြောဆိုခံရမှုပေါင်း များစွာ ရှိကြ ပါတယ်။ ဒါကြောင့်မို့ ယခု iOS 9 အသစ်မှာ Safari ရဲ့ လုပ်ဆောင်ချက်ကို ပိုမို မြင့်တင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုက Wi Fi Assist ဆိုတဲ့ Feature ကြောင့် Wi-Fi နဲ့ Mobile Data ပြိုင်တူ ဖွင့်ထားတဲ့ အခါ Wi-Fi အားနည်းရင် Mobile Data ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Safari ရဲ့ loading ဖြစ်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

iOS 9 ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ iPhone 6S နဲ့ 6S Plus ကို မိတ်ဆက်တဲ့အခါ iOS9 ကို pre install အနေနဲ့ ထည့်ထားပေးမှာ ဖြစ်ပါတယ်။
.
Ref: dailymail
Credit MMAS

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
iPhone 6 rumor
စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာပါဝင်တဲ့ ကင်မရာဟာ 12 MP ဖြစ်လာနိုင်ကြောင်း ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီကောလဟာလဟာလည်း Apple စက်ရုံ Foxconn မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က ရုံးတွင်းစာရွက်ပုံများ နှင့်တကွ ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကို လူတိုင်းသိပ်သတိမထားမိခင်မှာပဲ ကနဦးက ဓါတ်ပုံ လွှင့်တင်ခဲ့တဲ့ တရုတ် ဝက်ဘ်ဆိုဒ်မှာ ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ Sogi ဆိုတဲ့ ဝက်ဘ်ဆိုဒ်နဲ့ GSMArena ဆိုတဲ့ ဝက်ဆိုဒ်တို့ရဲ့ ကူးယူဖော်ပြမှုတွေကြောင့် လူတော်တော်များများက ဒီသတင်းကိုတွေ့ရှိသွားခဲ့ပါတယ်။

ဒါကြောင့် အခုမိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်တဲ့ 12 MP ရှိ အပြင်ဘက် ကင်မရာနဲ့ 5 MP ရှိတဲ့ အတွင်းဘက် ကင်မရာတို့ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းဟာတော့ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Devices နှစ်ခုစလုံးရဲ့ RAM ဟာလည်း 2GB အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ နောက်ထပ် သတင်းတွေအနေနဲ့ LTE Category 6 modem အမျိုးအစားနဲ့ 4G Network ကို ထောက်ပံ့ပေးထားတဲ့အပြင် Download speeds ကို 300 Mbps ထိ ရရှိအောင် တိုးမြှင့်ပေးနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။ တကယ်အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့  စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်မဲ့ Apple ပွဲကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Ref : Teachradar
Credit MMAS 
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
MiddleFinerEmoji_WhatsAPp 1


Android အတွက် ထွက်ရှိလာတဲ့ Whatsapp application ဟာ Emoji အသစ်တွေကို ထည့်သွင်းပေးထားတဲ့အပြင်  feature အသစ်တွေကိုလည်း  ထည့်သွင်းပေးထားပါတယ်။ Whatapp မှာပါဝင်တဲ့ feature အသစ်တွေကတော့ မိမိလိုချင်တဲ့ အသိပေးမှု message တွေကို စိတ်ကြိုက် စီစဉ်နိုင်ခြင်းအပြင် အင်တာနက် အသုံးပြုကာ ဖုန်းခေါ်ဆိုမယ်ဆိုရင်လည်း Data သုံးစွဲမှု သက်သာစွာနဲ့ ခေါ်ဆိုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Whatsapp တွင်ပါဝင်တဲ့ Chat ကို အသုံးမပြုခင် အသံ အပိတ်အဖွင့် Setting ကိုပြုပြင်နိုင်ခြင်း ၊ မိမိအသုံးပြုထားသည့် Chats နှင့် Call list များကို အင်တာနက် data အသုံးပြုမှု နည်းစွာဖြင့် backup ပြုလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်။
WhatsApp-Emoji-1-640x477 1
အထိက ထူးခြားချက်ကတော့ ဘယ် Application မှာမှ မပါဝင်တဲ့ လက်ခလယ်ထောင်နေတဲ့ Emoji ကို အသုံးပြုထည့်သွင်းထားခြင်းပါ။ လက်ခလယ် ထောင်နေတဲ့  Emoji ကို  အသားရောင်ခွဲခြားမှု မရှိစေရန်အတွက် အရောင်းအမျိုးမျိုးနဲ့ ဖန်တီးပေးထားပါတယ်။ ဒီ Emoji ဟာ Android တွင်မကပဲ iOS မှာပါ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင်အခြား Chat Application တွေနည်းတူ မိမိဖုန်းအတွင်းမှာရှိတဲ့ content များကို အခြား Whatsapp အသုံးပြုသူများသို့ မျှဝေနိုင်ခြင်း ၊ မိမိအသုံးပြုလိုသည့် ဓါတ်ပုံများ ၊ ဗီဒီယိုများကို လိုသလို Crop ပြုလုပ်နိုင်ခြင်း နဲ့ မိမိရောက်ရှိနေသည့် တည်နေရာကို မြေပုံနဲ့ ဖော်ပြနိုင်ခြင်း စတဲ့ Feature အသစ်တွေကိုလည်း ထည့်သွင်းပေးထားသေးတယ်။

Ref : Mashable

Credit MMAS 

 Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges





MPT ၏ ADSL အထူးဝန်ဆောင်မှုအချို့ နှစ်စဉ်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

MPT အနေဖြင့် ADSL အထူးဝန်ဆောင်မှုများတွင် Static IP Adress, ဖုန်းနံပါတ်ပြောင်းလဲခြင်း (သက်ဆိုင်ရာ အိတ်ချိန်း၊ အိတ်ချိန်း ပြောင်းလဲခြင်း) တို့အတွက် နှစ် စဉ်ကြေး မကောက်ခံကြောင်း တွေ့ရသည်။ Static IP Adress တွင် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်၊ သက်ဆိုင်ရာ အိတ်ချိန်းမှ ဖုန်းနံပါတ်ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင် ငါးသောင်းကျပ်၊ အိတ်ချိန်းပြောင်းလဲပြီး ဖုန်းနံပါတ် ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင်ခ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း နှစ်စဉ်ကြေး မကောက်ခံကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာထားသည်။

အဆိုပါ ဝန်ဆောင်မှုများတွင် အီးမေးလ်အကောင့် ထပ်ဖွင့်ခြင်းများအတွက် အကောင့် ၁၀ ခုအထိ နှစ်စဉ်ကြေး ၁၂,၀၀၀ ကျပ်၊ အကောင့် ၂၀ အထိ နှစ်စဉ်ကြေး ၁၀,၀၀၀ ကျပ်၊ အကောင့် ၃၀ အထိ နှစ်စဉ်ကြေး ၉,၀၀၀ ကျပ်၊ အကောင့် ၅၀ အထိ နှစ်စဉ်ကြေး ၈,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း တွေ့ရသည်။

ADSL လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ MPT ၏ ADSL အခြေခံဝန်ဆောင်မှုများ အနေဖြင့် ငါးမျိုးရှိပြီး 512 Kbps, 1Mbps, 1.5 Mbps, 2Mbps, 2.5 Mbps တို့ဖြစ်ကြောင်း သိရသည်။ အမျိုးအစားအားလုံးအတွက် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်နှင့် နှစ်စဉ်ကြေး ငါးသောင်းကျပ်စီ သတ်မှတ်ထားကြောင်း၊ လစဉ်ကြေးမှာ အမျိုးအစားအပေါ် မူတည်၍ ကွာခြားမည်ဖြစ်ကြောင်း တွေ့ရသည်။

အမျိုးအစားအပေါ်မူတည်၍ အခမဲ့အီးမေးလ်အကောင့်တစ်ခုမှ ၁၅ ခုအထိ ရရှိမည်ဖြစ်သည်။ လစဉ်ကြေးများမှာ ၁၇,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Clickအဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Private Calculator app သည် ဖိုင်များ၊ ဖိုဒါများကို အခြားသူများ အလွယ်တကူ ဝင်ရောက်မသုံးစွဲ နိုင်စေရန်အတွက် ကာကွယ်ပေးထားနိုင်မည့် app တစ်ခု ဖြစ်သည်။ မိမိ၏ Passcode ကို မထည့်သွင်းလျှင် အဆိုပါ app သည် ဂဏန်းပေါင်းစက်အဖြစ်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး passcode ထည့်သွင်းမှသာ ဝှက်ထားသည့် ဖိုင်များကို အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




LG သည် Rolly Keyboard ဟုခေါ်သော ခေါက်သိမ်းထားနိုင်သော ကီးဘုတ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
Rolly သည် လက်တော့ပ်ကီးဘုတ်အရွယ် ဖြစ်ပြီး Bluetooth မှတစ်ဆင့် ထုတ်ကုန်နှစ်ခုနှင့် တစ်ပြိုင်နက် ချိတ်ဆက်နိုင်သည်။

Rolly ကို ထင်ရှားစွာ မြင်တွေ့အသုံးပြုနိုင်မည့် ခလုတ်များဖြင့် ပြုလုပ်ထားပြီး မိုဘိုင်းထုတ်ကုန်များအတွက် stand တစ်ခုကို ထည့်သွင်းပေးထားကြောင်း LG ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Rolly Keyboard ကို Bluetooth 3.0 နှင့် အထက် ထုတ်ကုန်များနှင့် ချိတ်ဆက်နိုင်ပြီး auto-pairing feature ကို ထောက်ပံ့ပေးထားသည်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ထုတ်ကုန်နှစ်မျိုးအကြား ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းကို iPhone နှင့် Android ဖုန်းများအပြင် ကီးဘုတ်နှင့် အသုံးပြုရန် လိုအပ်သော အခြား gadget များဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

Rolly ကို AAA ဘက်ထရီ တစ်ခုတည်းဖြင့် ပုံမှန်အသုံးပြုပါက သုံးလခန့် အသုံးပြုနိုင်ကြောင်း LG မှ ပြောကြားခဲ့သည်။ ၎င်းကို စက်တင်ဘာလတွင် တင်ပို့ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တန်ဖိုးကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိပေ။
 
Ref: BGR
Credit internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




Microsoft သည် အောက်တိုဘာလတွင် ဟန်းဆက်သစ်များကို မိတ်ဆက်ကြေညာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို အဆိုပါ ဟန်းဆက်သစ်များ၏ ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။

၎င်းဓာတ်ပုံများသည် Microsoft မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအဖြစ် Twitter ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ပထမဦးဆုံး သတင်းပေါက်ကြားမှုသည် Neowin ဆိုက်မှ Microsoft သတင်းထောက်တစ်ဦး ဖြစ်သည့် ဘရက်ဒ်ဆမ်စ်ထံမှ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဓာတ်ပုံတွင် Cityman ဟု ဖော်ပြခဲ့သည်။

ထို့နောက် သတင်းအချက်အလက်များနှင့် ထုတ်ကုန်များ ပေါက်ကြားမှုတွင် အားထားရသည့် ရင်းမြစ်ဖြစ်သော အီဗန်ဘလပ်စ်က Talkman ဟုခေါ်သော ထုတ်ကုန်တစ်မျိုး၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။
Microsoft ကမူ ဓာတ်ပုံများနှင့် ပတ်သက်၍ အတည်ပြု ပြောကြားထားခြင်း မရှိသေးသောကြောင့် အဆိုပါ ဓာတ်ပုံများက စစ်မှန်ခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။



ပြီးခဲ့သည့် ရက်သတ္တပတ်က ZDNet မှ Microsoft နှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်ဖြစ်သူ မာရီဂျိုးဖိုလေက ကုမ္ပဏီအနေဖြင့် အောက်တိုဘာလတွင် ပွဲတစ်ခုကျင်းပရန် စီစဉ်နေကြောင်းနှင့် ၎င်းပွဲတွင် စမတ်ဖုန်းသစ်များကို ကြေညာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ထုတ်ကုန်များကို code အမည် Cityman နှင့် Talkman ဟု ခေါ်ဆိုပြီး Windows 10 Mobile ကို အသုံးပြုထားကြောင်း ဖိုလေက ဆိုခဲ့သည်။
ဇူလိုင်လကလည်း Microsoft သတင်းများကို ဖော်ပြသည့် Windows Central က Talkman နှင့် Cityman တို့၏ specification များကို ဝေမျှခဲ့သည်။

အဆိုပါ ဆိုက်တွင် Cityman တွင် ၅.၇ လက်မ quad-HD display, 64-bit octa-core Snapdragon 810 processor နှင့် 20-megapixel ကင်မရာတို့ ပါဝင်ကြောင်း၊ Talkman တွင် ၅.၂ လက်မ screen နှင့် အနည်းငယ်နှေးသည့် ပရိုဆက်ဆာတို့ကို အသုံးပြုထားကြောင်း ဖော်ပြခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
ယာဉ်လိုင်းလက်မှတ်များကို Application မှ ဝယ်ယူနိုင်ရန် Green Tickets မှ ဆောင်ရွက်လိုက်သည်။
အဝေးပြေးယာဉ်လိုင်း လက်မှတ်များကို Mobile Application မှ တိုက်ရိုက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။
လက်မှတ်ဝယ်ယူခြင်း အတွက် ငွေပေးချေခြင်းများကို MPU Card, Visa Card, Master Card, i-banking , mobile banking များဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“App ကို Play Store မှာ ရယူနိုင်ပါတယ်။ မိုဘိုင်းဖုန်းဆိုင်တချို့မှာလည်း ဖြန့်ထားပြီးပါပြီ” ဟု Green Tickets မှ တာဝန်ရှိသူက ပြောသည်။ မိမိ ကြိုက်နှစ်သက်ရာ ယာဉ်လိုင်း၊ အချိန်၊ ဈေးနှုန်းနှင့် ခုံနံပါတ်များကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်များနှင့် လက်မှတ်နှုန်းထားများကို ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရသည်။
ဝယ်ယူပြီး လက်မှတ်များကို SMS, email တို့ဖြင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း၊ Application ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော Facebook သည် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး တစ်ရက်တည်းတွင် အသုံးပြုသူ တစ်ဘီလီယံရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ကို တနင်္လာနေ့တွင် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က Facebook post တစ်ခုဖြင့် ရေးသား ဖော်ပြခဲ့ပြီး တစ်နေ့တည်းတွင် ကမ္ဘာပေါ်ရှိ လူ ၇ ဦးအနက် တစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် ချိတ်ဆက်ရန် Facebook ကို အသုံးပြုခဲ့ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေ ၁.၅ ဘီလီယံကို ပိုင်ဆိုင်ထားသည်။ Twitter ကို လစဉ်သုံးစွဲသူ ဦးရေမှာ ၃၁၆ သန်း ဖြစ်သည်။ Facebook ကို သုံးစွဲသူဦးရေသည် ပုံမှန်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ၏ အောင်မြင်မှုတွင် မိုဘိုင်းသုံးစွဲသူများက အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်ကို နေ့စဉ် log in ဝင်ရောက်သူ ၉၆၈ သန်း၏ ၈၇ ရာခိုင်နှုန်းသည် စမတ်ဖုန်းနှင့် tablet မှ ဝင်ရောက်ခြင်း ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Facebook ကို မိုဘိုင်းမှ သုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အတူ ဝင်ငွေရရှိမှုလည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လတွင် ကြော်ငြာဝင်ငွေ ၇၆ ရာခိုင်နှုန်းကို မိုဘိုင်းထုတ်ကုန်များထံမှ ရရှိခဲ့ကြောင်း Facebook မှ ဆိုခဲ့သည်။

ကုမ္ပဏီ၏ Messenger mobile messaging app ကို သုံးစွဲသူဦးရေသည် သန်း ၇၀၀ ခန့်ရှိပြီး ဓာတ်ပုံနှင့် ဗီဒီယိုဝေမျှသည့် app ဖြစ်သော Instagram လစဉ်သုံးစွဲသူဦးရေ သန်း ၃၀၀ ရှိကြောင်း Facebook က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Android ဖုန်းကိုင်ထားသေါ ဘော်ဒါတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ ဒီ Android Application ကတော့ 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်ဆိုဒ်လေးကတော့ 14.23 MB ရှိပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။
All Free Softwares, e-Books, Tutorials and Knowledges
Android OS ဖုန်း နှင့် Tablet တွေမှာ အမိုက်စား Application Browser  ဖြစ်တဲ့
Internet Broser တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။
 မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။





 Download Here

All Free Softwares, e-Books, Tutorials and Knowledges


Xiaomi နောက္ဆုံးထြက် UIျဖစ်သည့် Xiaomi MIUI 7 တြင်
ျမန္မာစာ ထည့်သြင်းအသုံျးပု ရန်အတြက် MIUI 7 Myanmar Font Installer
Zawgyi မွ Unicode .... Unicode မွ Zawgyiျေပာင်းလဲ ထည့်သြင်းအသုံျးပုနိုင်ပြီး
Clash Of Clan တြင်ျမန္မာစာ 100% မွန္ကန္စြာ ရေး၊ဖတ် နိုင္ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတြက္မဆျိုမန္မာစာ ထည့်သြင်းနိုင္ပါသည် ။

Play Store   Download Link
Media Fire  Download Link 

Unicode
***********
နောက်ဆုံးထွက် UI ဖြစ်သည့် Xiaomi MIUI 7 တွင်
မြန်မာစာ ထည့်သွင်းအသုံးပြု ရန်အတွက် MIUI 7 Myanmar Font Installer
Zawgyi မှ Unicode .... Unicode မှ Zawgyi ပြောင်းလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး Clash Of Clan တွင် မြန်မာစာ 100% မှန်ကန်စွာ ရေး၊ဖတ် နိုင်ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည် ။

Play Store   Download Link
Media Fire  Download Link