July 2015
Software Full Version Download and Tech News Update
6 စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့်ပဲ လူတိုင်းလိုလိုဟာ ကင်မရာတွေ သီးခြား ၀ယ်ယူစရာ မလိုတော့ဘဲ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါပြီ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ တစ်ဖြည်းဖြည်း ကောင်းမွန်လာနေပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာ အရည်အသွေး သာမကဘဲ နည်းလမ်းတွေကလည်း ဓါတ်ပုံကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။ Focus ဓါတ်ပုံ တစ်ပုံ ရိုက်ကူးတော့မယ်ဆိုရင် ကင်မရာက Focus ပြုလုပ်ပါလိမ့်မယ်။ သင်ရိုက်ကူးချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူတွေကို Focus မလုပ်ပေးထားဘူးဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို ချိန်ညှိပါ။ ဒါမှမဟုတ် နောက်ဆုတ်ပါ။ သင် ရိုက်ကူးချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိပြီးလည်း Focus လုပ်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံ မရိုက်ခင်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ပြီး Focus လုပ်ထားတာ မှန်ကန်လားဆိုတာ စစ်ဆေးပါ။ 1 Digital Zoom မပြုလုပ်ပါနဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ Point-and-Shoot ကင်မရာတွေနဲ့ မတူညီပါဘူး။ Point-and-Shoot ကင်မရာတွေမှာ Zoom လုပ်တဲ့အခါမှာ ပုံရိပ်ကို အကြီးချဲ့ဖို့အတွက် ရွှေ့လျားနိုင်တဲ့ Optical Zoom တွေပါရှိပါတယ်။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေမှာတော့ လက်နှစ်ချောင်းကို ပူးကပ်၊ ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိထားပြီး ဆန့်ကားလိုက်ခြင်းဖြင့် Zoom လုပ်နိုင်ပါတယ်။ ဒါကို Digital Zoom လုပ်တယ်လို့ ခေါ်ပါတယ်။ Digital Zoom လုပ်တယ်ဆိုတာ ပုံကို Crop လုပ်လိုက်တာ ဖြစ်ပါတယ်။ Digital Zoom လုပ်ရင် ဓါတ်ပုံ အရည်အသွေး ညံ့ဖျင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Digital Zoom မလုပ်ဘဲ ဖုန်းကို ရှေ့နားတိုးပြီး ရိုက်သင့်ပါတယ်။ ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီးမှ ပုံကို Crop လုပ်သင့်ပါတယ်။ 2 Flash ကို ကျင်လည်စွာ အသုံးပြုပါ။ စမတ်ဖုန်းတွေမှာပါတဲ့ Flash ကိုဖွင့်ပြီး ဓါတ်ပုံရိုက်ရင် သဘာဝကျတဲ့ ဓါတ်ပုံကောင်းတစ်ခု ထွက်မလာဘဲ စူးရှတဲ့ အလင်းတန်းတွေ ပါတဲ့ ဓါတ်ပုံတစ်ပုံသာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့သာ ဓါတ်ပုံရိုက်ကူးတာက ပိုမိုကောင်းမွန်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ နေရာမှာ မဖြစ်မနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်တော့ Flash ကို ဖွင့်ထားပြီး တစ်ခါနဲ့ ပိတ်ထားပြီး တစ်ခါ ဓါတ်ပုံရိုက်ကူးပါ။ အဲဒီဓါတ်ပုံနှစ်ခုထဲမှာမှ ပိုမိုကောင်းတဲ့ တစ်ခုကို နောက်ပိုင်းမှ ရွေးချယ်နိုင်ပါတယ်။ နောက်ထပ် နည်းတစ်ခုက တစ်သျှူးလို အဖြူရောင်အလွှာတစ်ထပ်နဲ့ Flash ကို ဖုံးအုပ်ရိုက်ကူးမယ်ဆိုရင် သင့်တင့်တဲ့ အလင်းရောင်နဲ့ ဓါတ်ပုံကောင်းတစ်ခု ရနိုင်ပါတယ်။ 3 Resolution ကို စစ်ဆေးပါ။ Camera App အများစုမှာ Resolution တွေကို ရွေးချယ်နိုင်ပါတယ်။ Resolution နိမ့်ကျတာကို ရွေးချယ်ရင်တော့ Messenger တွေကနေ လျှင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစေ သိမ်းထားမယ့် ဓါတ်ပုံကောင်းလေးတစ်ခုကို လိုချင်ရင်တော့ Resolution မြင့်မားတာကိုရွေးချယ်ပါ။ 4 အနောက်ဘက် ကင်မရာကို အသုံးပြုပါ။ စမတ်ဖုန်းတွေရဲ့ အရှေ့ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ မိမိကိုယ်တိုင် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ထုတ်လုပ်သူတွေက အရည်အသွေး ပိုမိုမြင့်မားတဲ့ ကင်မရာကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံကောင်းကောင်းလိုချင်ရင် အနောက်ဘက်ကင်မရာကို အသုံးပြုသင့်ပါတယ်။ နောက်ထပ် မှတ်သားစရာတစ်ခုက တက်ဘလက်တွေဟာ ဓါတ်ပုံရိုက်ကူးဖို့အတွက် အဆင်မပြေတဲ့အတွက် ထုတ်လုပ်သူတွေဟာ တက်ဘလက်တွေမှာ အရည်အသွေးနိမ့်တဲ့ ကင်မရာကိုသာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် တက်ဘလက်နဲ့ ဓါတ်ပုံရိုက်မယ့် အစား ဖုန်းကို အသုံးပြုပါ။ 5 Lens ကို သန့်ရှင်းပါ။ စမတ်ဖုန်းဟာ လူတွေသွားလေရာ ယူဆောင်သွားရတဲ့ ကိရိယာ ဖြစ်တာကြောင့် Lens မှာ ဖုန်များ ကပ်ညိနေတတ်ပါတယ်။ Lens ဟာ ညစ်ပေနေရင်တော့ ဒီဆောင်းပါးမှ အခြား နည်းလမ်းတွေကို လိုက်နာရင်တောင် ဓါတ်ပုံကောင်းတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။ 6 စမတ်ဖုန်း ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့ ကင်မရာတွေလောက် မကောင်းပေမယ့် အထက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းကောင်းလေးတွေ ထွက်ရှိနိုင်ပါတယ်။

http://www.myanmardigitallife.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

  ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူဦးရေ၏ ထက်ဝက်ခန့်သည် Facebook လူမှုကွန်ရက်ကို အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဇွန်လတွင် ကုန်ဆုံးမည့် သုံးလပတ်တွင် ကုမ္ပဏီ၏ လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူဦးရေ တိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ရှိလာခဲ့ပြီး သုံးစွဲသူ ၁.၄၉ ဘီလီယံ ရှိလာခဲ့ကြောင်း Facebook မှ ပြောကြားခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူ ဦးရေ ၃ ဘီလီယံ၏ ထက်ဝက်နှင့် ညီမျှကြောင်း၊ ၎င်းကိန်းဂဏန်း၏ ၆၅ ရာခိုင်နှုန်းသည် Facebook ကို နေ့စဉ်သုံးစွဲလျက်ရှိကြောင်း ဆိုသည်။

Facebook ကို လစဉ် သုံးစွဲသူဦးရေ မြင့်တက်မှုသည် ကုမ္ပဏီ၏ ဒုတိယသုံးလပတ် ဝင်ငွေကို ပြီးခဲ့သည့်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာစေခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၀၄ ဘီလီယံ (ပေါင် ၂.၆ ဘီလီယံ) ရှိလာခဲ့သည်။

အမေရိကန်ရှိ စမတ်ဖုန်းသုံးစွဲသူများသည် ၅ မိနစ်လျှင် တစ်ကြိမ် Facebook ကို သုံးစွဲကြကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: BBC
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

သီရိလင်္ကာသည် နိုင်ငံအတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရေးအတွက် မိုးပျံပူဖောင်းများအသုံးပြုရန် Google နှင့် ပူးပေါင်းခဲ့သည်။

ဟီလီယံဓာတ်ငွေ့ ဖြည့်တင်းကာ အသုံးပြုရသော နည်းပညာမြင့် မိုးပျံပူဖောင်းများကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံတစ်ခု၏ ဝေဟင်ထက်တွင် လအနည်းငယ်အတွင်း အသုံးပြုနိုင်ရေးအတွက် မြို့တော် ကိုလမ်ဘိုတွင် Google နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မန်ဂါလာ ဆာမာရာဝီရာက ပြောကြားခဲ့သည်။

Google သည် ကမ္ဘာတစ်ဝန်းရှိ ကျေးလက်ဒေသများတွင် မိုးပျံပူဖောင်း ထောင်ပေါင်းများစွာကို အသုံးပြုကာ အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးနိုင်မည့် Project Loon ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။

“သီရိလင်္ကာကျွန်းတစ်ခုလုံးမှာရှိတဲ့ ကျေးရွာတိုင်းဟာ Google Loon ရဲ့ မိုးပျံပူဖောင်းနည်းပညာကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ရရှိနိုင်ပါလိမ့်မယ်” ဟု အိုင်တီဝန်ကြီးလည်း ဖြစ်သည့် ဆာမာရာဝီရာက ပြောကြားခဲ့သည်။

ထို့အပြင် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဒေသတွင်းရှိ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကလည်း Google မိုးပျံပူဖောင်းများကို အသုံးပြုမည်ဟု အာဏာပိုင်များက ဆိုခဲ့သည်။
ဒေသတွင်း အချက်အလက်နှင့် ဆက်သွယ်ရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မူဟန်သန် ကာနေဂျီကလည်း Google အနေဖြင့် လာမည့်နှစ် မတ်လတွင် မိုးပျံပူဖောင်းများ ပေးပို့မှုကို အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ မိုးပျံပူဖောင်းစီမံကိန်း စတင်တာနဲ့ တစ်ပြိုင်နက် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့်ရရှိပြီး လက်ရှိဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ပါလိမ့်မယ်” ဟု ကာနေဂျီက AFP ထံ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းတွေ လျော့ကျသွားဖို့လည်း မျှော်လင့်ထားပါတယ်” ဟု Google ဒုဥက္ကဋ္ဌ မိုက်ကယ် ကက်ဆီဒီနှင့် သဘောတူလက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လေထု ဒုတိယအလွှာတွင် တည်ရှိမည့် မိုးပျံပူဖောင်းများကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် ခက်ခဲကြောင်း Google မှ ဆိုသည်။

Google သည် မိုးပျံပူဖောင်းများကို ကမ္ဘာ့လေထု ဒုတိယအလွှာတွင် ရက် ၁၀၀ အကြာ ထားရှိပြီး ကမ္ဘာ့မြေပြင်သို့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ထားသည်။ စမ်းသပ်ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်က နယူးဇီလန်တွင် ပြုလုပ်ခဲ့သည်။

လူဦးရေ သန်း ၂၀ ကျော်ရှိသည့် သီရိလင်္ကာတွင် မိုဘိုင်းအင်တာနက် ချိတ်ဆက်မှု ၂.၈ သန်းရှိပြီး ကြိုးဖုန်း အင်တာနက်ချိတ်ဆက်မှု ၆၀၆,၀၀၀ ရှိသည်။

သီရိလင်္ကာသည် တောင်အာရှတွင် မိုဘိုင်းဖုန်းများကို စတင်မိတ်ဆက်ပေးခဲ့သော ပထမဦးဆုံးနိုင်ငံ ဖြစ်သလို 3G နှင့် 4G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့သော နိုင်ငံလည်းဖြစ်သည်။

Ref: AFP
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


Google သည် ကြော်ငြာများကို လူအများ စိတ်ဝင်စားလာစေရန် iOS, Android နှင့် Chrome တွင် ၃၆၀ ဒီဂရီ လှည့်လည်၍ ကြည့်ရှုမည့် ဗီဒီယိုကို ထောက်ပံ့ပေးထားသည်။

ဘီယာအမှတ်တံဆိပ် Bud Light သည် Google ၏ TrueView ကြော်ငြာ paltform အသုံးပြုထားသော feature ပါဝင်သည့် ပထမဆုံး ကြော်ငြာဖြစ်လာသည်။ PC သုံးစွဲသူများသည် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို mouse အသုံးပြု၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ဖုန်းအားအနည်းငယ် စောင်းငဲ့၍ ၃၆၀ ဒီဂရီမြင်ကွင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လက Google သည် ၃၆၀ ဒီဂရီဗီဒီယို ထောက်ပံ့မှု feature ကို မိတ်ဆက်ခဲ့ပြီး ယခင် ၃၆၀ ဒီဂရီ ဗီဒီယိုများသည် လက်ရှိ ဗီဒီယိုများထက် ၃၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေရန် စွမ်းဆောင်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Ref: TheNextWeb
Credit==>internetjournal

Thiha Htike(THT)
 thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


ဗဟန်းမြို့နယ်ရှိ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ထားသော သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology - UIT) တွင် Open Campus အား သြဂုတ်လ ၁၀ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ Open Campus တွင် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များ၊ Mobile Apps များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အား လေ့ကျင့်သင်ကြားပေးနေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာနေပုံများကို ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

Open Campus ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်နှင့် အများပြည်သူများမှ တက္ကသိုလ်၏ လုပ်ဆောင်နေမှုများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသူများအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(University of Information Technology - UIT) အမှတ်(၁၄-၂၀)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ဝ၁-၅၃၇၃၉၃ ၊ ဝ၁-၅၃၄၃၁၅ သို့ ဆက်သွယ်စုံစမ်း တက်ရောက်နိုင်မည်ဖြစ်သည်။


Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




မကြာမီတွင် Xbox One ဂိမ်းစက်ကို mouse နှင့် keyboard ဖြင့် ချိတ်ဆက်၍ ဂိမ်းများကစား နိုင်တော့မည် ဖြစ်ကြောင်း Microsoft ၏အမှုဆောင် ဖီးလ်စပင်ဆာ Twitter တွင်ပြောကြားခဲ့သည်။

Xbox အကြီးအကဲ ဖီးလ်စပင်ဆာကို Twitter ပေါ်တွင် Windows ထုတ်ကုန်များကို Xbox သို့ stream ပြုလုပ်၍ ဂိမ်းများကစားနိုင်ဖွယ် ရှိမရှိ မေးမြန်းခဲ့ကြသည်။ အဆိုပါ မေးခွန်းကို ဖီးလ်စပင်ဆာက ၎င်းကဲ့သို့ ပြုလုပ်ရန် keyboard နှင့် mouse ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သလို ထိုသို့ဖြစ်ပေါ်လာရန် ကြာမြင့်ဖွယ် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။

Microsoft အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် Windows လုပ်ငန်းများစွာ၏ အစိတ်အပိုင်း များစွာကို ပေါင်းစပ်လိုသည့် ဆန္ဒရှိနေသည်။ Win-dows 10 ကို မိတ်ဆက်စဉ်အခါက “မိသားစု ထုတ်ကုန်တစ်ခု၊ platform  တစ်ခု၊ စတိုးတစ်ခု”ဟု အမည်တပ်၍ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် Windows ဂိမ်းဌာနကို အခြားလုပ်ငန်းများဖြင့်  ချိတ်ဆက်ပေးနိုင်သည်။
 အကယ်၍ Xbox One ဂိမ်းစက်တွင် keyboard နှင့် mouse ထောက်ပံ့မှုများ ပါဝင်လာပါက Windows 10 app များ ထောက်ပံ့ မှုလည်း ပါဝင်လာဖွယ်ရှိပြီး hard-ware ရောင်းချမှု ပိုမိုတိုးတက် လာဖွယ်ရှိသည်။

Ref: Engadget
 Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

မိတ်ဆွေတစ်ယောက်မေးထားလို့ပါ.. မေးခွန်း (၃)ခုထဲက WeChat ကို အပြီးအပြတ်ဘယ်လိုဖျက်ရမလဲ ဆိုတာကို တင်ပေးလိုက်ပါတယ်..
ကိုယ် အကောင့်ဖွင့်ထားတဲ့ အီးမေးကနေပြီး အောက်မှာ ကျွန်တော် ပေးထားတဲ့အချက်အလက်အတိုင်း အီးမေး အရင်ပို့ရပါမယ်..

To:support@wechat.com

Cc: icna_support@tencent.com

Email Subject:

Objection to processing. User Account and Personal Information Removal Request.

Message Body:

The removal request updated with your account information:
My ID - A12345
My Account Name - MaungPauk
My Phone Number - +959440225635

( A12345 ဆိုတာမှာ ဖျက်ချင်တဲ့ Wechat ID နံပတ်ကိုထည့်ရပါမယ်.. MaungPauk ဆိုတဲ့နေရာမှာ WeChat အကောင့်ရဲ့နာမည်ကို ထည့်ရပါမယ်.. My Phone Number ဆိုတာမှာ WeChat ဖွင့်ထားတဲ့ ဖုန်းနံပတ်ကို ထည့်ပေးရပါမယ်.. မကြည့်တတ်ရင် WeChat ထဲကညာအောက်ထောင့်နားမှာ me ဆိုတာကိုနှိပ်>ပေါ်လာတဲ့အထဲက ကိုယ့်နာမည်ကိုနှိပ်လိုက်ရင် အချက်အလက်တွေ ပေါ်ပါတယ်.. )

ပြည့်စုံပြီဆို အီးမေးပို့လိုက်ပါ..

အီးမေးပို့ရမယ့် နမူနာ


ပြီးရင် ကိုယ့် WeChat ကိုဖွင့်ပါ..
ညာအောက်ထောင့်နားက me ကိုနှိပ်ပြီး Setting ကိုဝင်ပါ.. Chat ကိုနှိပ်ပြီး Clear Chat History ကိုနှိပ်ပါ..
Back နဲ့ပြန်ထွက်ပြီး My Account ကိုနှိပ်ပါ.. Email ကိုနှိပ်ပြီး Unlink ကိုနှိပ်ပါ..



Back နဲ့ပြန်ထွက်ပြီး Log Out လုပ်ပါ..
ပြီးရင် WeChat App ကို Uninstall လုပ်လိုက်ပါ..
ဒါဆိုရင်တော့ အကောင့်အပြီးပျက်ပါပြီ...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update
နေစရာမရှိ စားစရာမရှိ ဝင်ငွေမရှိ တဲ့ ဒုက္ခသည်မလေး တောင် မိုဘိုင်း ဖုံးနဲ့
ဆင်းကဒ်တွေ ငွေဖြည့်ကဒ်တွေ လမ်းဘေးမှာ ရောင်းတယ်
မီးမရှိလဲ မပူနဲ့ လမ်းဘေး ဖုန်းအားသွင်းဆိုင်တွေ နေရာတိုင်းမှာ
တယ်လီကွန်းလုပ်ရင် ချမ်းသာတယ်
မြန်မာပြည်မှာ မိုဘိုင်း ဆင်းကဒ် တစ်ခုကို အစိုးရ ဈေး တစ်ဆယ့်ငါးသိန်း ကနေ ငါးသိန်းလျှော့ချ (အပြင်မှာ သိန်းနှစ်ဆယ်) ရောင်းချ နေစဉ်ကာလ။ အဲတုံးက ဆက်သွယ်ရေး က တာဝန်ရှိ လူကြီး တစ်ဦးရဲ့ မီဒီယာ အမေးအဖြေ မှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးတယ်။ သုံးစွဲသူ နည်းနေတုံးမှာ ဆင်းကဒ် ဈေးကြီးမယ်။ သုံးစွဲသူ များလာမှ ဈေးပေါ လာမယ် ဆိုတဲ့ အလွန်တရာ ပညာမဲ့ လှတဲ့ အကြောင်းပြချက် ကို ဖတ်မိတုံးက ဪ ဒီအစိုးရကလူ တွေ ကိုယ်တိုင် ပညာမဲ့ပြီး တုံးအ တာတင် မဟုတ်ဘူး ကျန်တဲ့ လူတွေကိုပါ သူတို့လို ငတုံးငအ ပြောသမျှ ယုံမယ်လို့ ထင်နေကြပါလားလို့ တောင် တွေးမိသေးတယ်။
အဲဒီတုံးကဆို လူကြီးသားသမီးတွေ ဘောင်းဘီ ဝတ် တွေ ဘောင်းဘီချွတ်တွေ ဆင်းကဒ်တွေ ကိုတာနဲ့ တစ်ဦး တစ်လ နှစ်ကဒ် လောက် လျှောက်ထား တစ်ဆင့် ပြန်လည် အမြတ်တင် ရောင်းချပြီး အလုပ် လုပ်စရာ မလိုပဲ တစ်လ သိန်း ၃၀ လောက် အလကားနီးပါး ရရှိ သုံးဖြုန်း နေတော့လဲ ဪ ကံကောင်းကြပါပေတယ် လို့ မုဒိတာ ပွားမိပါတယ်။
(စကားမစပ် ကျွန်တော် သုံးခဲ့တဲ့ GSM ၅၀ လေးက ဘောင်းဘီချွတ် တစ်ယောက် ဆီက ၁၉ သိန်း ပေးပြီး ဝယ်ခဲ့ ရတာဗျ)
MPT လက်ဝါးကြီးအုပ် လူတစ်စု ကြီးပွားရေး ခေတ်ကတော့ ပြည်ပ တယ်လီကွန်း နှစ်ခု ဝင်လာချိန်မှာ ကုန်သွားပြီး လူတိုင်း ဆင်းကဒ် ဝယ်နိုင်အောင် ဈေးကျသွား (အစထဲက မဖြစ်သင့်တဲ့ ဈေးတင်ထားပြီး လက်ဝါးကြီးအုပ်။ မလွှတ်လို့ မရတော့မှ လွှတ်ပေးပြီး) ပဏ္ဏာယူ နေကြတော့လဲ အင်း ဒါတွေတော့ ရာဇဝင်ထဲ မှာ ကျန်ခဲ့ ပြီပေါ့ လို့လဲ မှတ်တမ်းတင်မိပါတယ်။
ဒါပေမဲ့ ဟိုတလောက ဖတ်မိလိုက်တယ် အသစ်တည်ထောင် ရင်းနှီးမြှပ်နှံတဲ့ တယ်လီကွန်း တွေ (MPT အပါအဝင်) ကို ငါးနှစ် အခွန်အရပ်ရပ် ကင်းလွတ်ခွင့် ပေးထားတယ် ဆိုလား ဆိုတော့။ ဒါတော့ တဆိတ် လွန်လွန်းပြီ ကိုယ့်ဆရာတို့ လို့ တွေးမိလို့ အနှစ်နှစ် အလလက ရေးချင်လျက်နဲ့ မရေုးဖြစ်ခဲ့တဲ့ စာလေးတော့ ရေးဦးမှပဲ။
တယ်လီကွန်းကဏ္ဏ ဆိုတာ ကနဦးအရင်းအနှီး ကြီးပေမဲ့ ရည်ရှည်မှာ တော့ အကျိုးအမြတ် များလွန်းလို့ investor တိုင်းက လုပ်ချင်ကြ ရင်းနှီးချင်ကြတဲ့ ကဏ္ဏပါ။
အရှေ့အာဖရိက က တောင်ဆူဒန် နိုင်ငံဆိုတာ ၂၀၁၁ ဇူလိုင်လ ၈ ရက်နေ့ မှ ဆူဒန် ဆီက လွတ်လပ်ရေး ရတဲ့ ကမ္ဘာ့ အသစ်ဆုံး နိုင်ငံပေါ့။ လူဦးရေ ဆယ်သန်းခန့်ပဲ ရှိတယ်။ မြန်မာပြည် ထက် နှစ်ဆကျော် ကြီးတဲ့ နိုင်ငံကြီး။ စာတတ်မြောက်မှုကလဲ ၂၅% ပဲ ရှိတယ်။ ၂၅နှစ်ကြာ ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သတ် ဆင်းရဲပြီး အလုပ်အကိုင် ရှားပါး ဝင်ငွေနည်း စားစရာ မရှိ တစ်နိုင်ငံလုံး နီးပါးကို UN က ထမင်းကျွေး နေရတဲ့ နိုင်ငံ။
ဒီလို နိုင်ငံမျိုးကို ပြန်လည်ထူထောင်ရေး တာဝန်နဲ့ ရောက်သွားတုံးက မြန်မာပြည် နဲ့ ကမ္ဘာကြီးနဲ့တော့ အဆက်သွယ် ပြတ်ပါပြီ လို့ ထင်ခဲ့တာဗျ။ UN ရုံး လောက်မှာပဲ တယ်လီဖုံးတို့ အင်တာနက်တို့ ရလောက်မယ်လို့ ထင်ထားခဲ့ တာ။
Arrival report လုပ်တဲ့ အချိန် IT ဌာနက ငွေဖြည့်ပြီးသား mobile sim card ထုတ်ပေး တော့မှ ငင် တယ်ဟုတ်ပါလား ပေါ့။ ဒါနဲ့ မယုံသေးဘူး 3G on ပြီး အင်တာနက် သုံးကြည့်သေးတယ်။ အားပါးပါး မြန်ချက်က ၉ လောက် ရှိတယ်။ မူဗီတွေ ဆို အထစ်အငေါ့ မရှိ ဖြတ်ခနဲ ဖြတ်ခနဲ တက်တာ။ အဝိုင်းလေး လည်တာတောင် မတွေ့လိုက်ရဘူး။
ဒီတော့မှ ဝါသနာ အရ desk research လုပ်ကြည့်တော့ တောင်ဆူဒန် လွတ်လပ်ရေး မရခင် ၂၀၀၅-၆ ခွဲထွက်ရေး ကို အတည်ပြုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးကထဲက။ UN ရဲ့ ဆက်သွယ်ရေး ဖွံဖြိုးမှု အစီအစဉ်နဲ့ ဆူဒန် အစိုးရက တယ်လီကွန်း ကုမ္ပဏီကြီးတွေကို လာရောက် ရင်းနှီးမြှပ်နှံ လုပ်ပိုင်ခွင့် ပေးလိုက်တာ။ အာဖရိက နာမည်ကျော် တယ်လီကွန်း ကုမ္ပဏီကြီး လေးခု လာရောက် လုပ်ကိုင်တယ်။ MTN, ZAIN, GEMTEL နဲ့ VIVA CELL ကုမ္ပဏီတွေပါ။
လူ နှစ်သန်းခွဲ လောက်ပဲ ဖုံးကိုင် ဖို့ မျှော်လင့်ချက် ရှိတဲ့ နိုင်ငံ။ အစိုးရတောင်မရှိသေးတဲ့ နိုင်ငံ။ တယ်လီကွန်း အင်ဖရာ ဘာမှ မရှိတဲ့ နိုင်ငံ။ လျှပ်စစ်မီး တောင် မရှိတဲ့ နိုင်ငံ (ခုလဲ မရှိပါ)။ အချိန်မရွေး စစ်ပြန်ဖြစ် နိုင်တဲ့ risk ရှိတဲ့ နိုင်ငံ။ အစိုးရက ငါးပြားမှ မထည့်ပဲ တယ်လီကွန်း တွေက ၁၀၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားတဲ့ နိုင်ငံ ကို ပြပါဆိုရင် တောင်ဆူဒန် နိုင်ငံပါ ခင်ဗျာ။
ဒီကုမ္ပဏီကြီးတွေ တောင်ဆူဒန် ကို လာရောက်ပြီး ငါးပြားမှ မရသေးခင် ကိုယ့်စားရိတ်နဲ့ကိုယ် မိုဘိုင်း တယ်လီကွန်း အင်ဖရာကို တစ်နှစ်နဲ့ အပြီး တစ်နိုင်ငံလုံး ဖြန့်ကျက် တည်ဆောက် သွားတာများ မြန်မာပြည်က သောက်ပိုတွေ ပြောနေတဲ့ လူတွေ မြင်စေချင်တယ်။
တရားဝင် စာရင်းဇယားများ အရ တယ်လီကွန်း ကုမ္ပဏီ တစ်ခုကို ဒေါ်လာ သန်းရှစ်ဆယ် တစ်ရာ လောက် ရင်းနှီး ထားတယ် ဆိုတော့ ဒေါ်လာ သန်းလေးရာ လောက်ကို ပြာပုံထဲမှာ အပြိုင်အဆိုင် ရင်းနှီး ထားတဲ့ အဓိပ္ပါယ်ပေါ့။
ရလဒ်က တစ်နှစ်အတွင်း မှာ မြန်မာပြည်ထက် နှစ်ဆကြီးတဲ့ နိုင်ငံမှာ လူနှစ်သန်းလောက် မိုဘိုင်းဖုံး ကိုင်နိုင်ဖို့ ကွန်ယက်ကြီး တည်ဆောက် ပြီးစီးသွားတယ်။
ဆင်းကဒ်တွေ စရောင်းတော့ (တစ်ကဒ် ၂ ဒေါ်လာ) တဲ့ UN လို ကော်ပိုရိတ် တွေဆိုရင် အထုပ်လိုက် အလကား ပေးတယ် နံပါတ် လှလှတွေ။ အင်တာနက်။ ပြည်ပ ခေါ်ဆိုခြင်း။ SMS ။ Call Forwarding အစရှိတဲ့ မြန်မာပြည်မှာ တစ်ခုချင်း ပိုက်ဆံပေး လျှောက်ထားရတဲ့ အပို မဟုတ်တဲ့ ဝန်ဆောင်မှု တွေ ပါပြီးသား။ ငါးပြားမှ ထပ်ပေးရန် မလို။
ဆိုတော့ Customer ဆယ်သန်းလောက် ရှိပြီးသား Telecom Infrastructure အပြည့်အစုံရှိပြီးသား မြန်မာ နိုင်ငံမှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးလို့ အစပိုင်းမှာ ဈေးကြီးရပါတယ် ဆိုတဲ့ မြန်မာပြည်က ပညာမဲ့တွေ ကို ခေါ်ပြချင် လိုက်တာ။
ဒီတယ်လီကွန်း စီမံကိန်း ဘယ်လောက် အောင်မြင်လဲ ဆိုရင် တစ်နှစ် အတွင်း လူသုံးသန်း လောက် မိုဘိုင်းဖုံးကိုင်လာတယ်။ ကုမ္ပဏီ တစ်ခုနဲ့ တစ်ခု coverage မတူ အင်တာနက် အမြန်နှုံး မတူတော့ တောင်ဆူဒန် တစ်ယောက် ကို အနဲဆုံး ဆင်းကဒ် နှစ်ခု ရှိတယ်။ ဖုံး handset ဈေးကြီးတာ မတတ်နိုင်တော့ ဈေးပေါတဲ့ တရုပ်လုပ် ဆင်းကဒ် နှစ်ခုသုံး handset တွေ ကိုင်တယ်။ လက်လမ်းမှီပုံများ ကတော့ နေစရာ စားစရာ မရှိတဲ့ ဒုက္ခသည် တွေ တောင် ဖုံးကိုင်နိုင်တယ်။ မီးမရှိတော့ မီးစက်သုံး လမ်းဘေး ဘထ္ထရီ အားသွင်းဆိုင် တွေ ပေါ်လာတယ်။ ဆင်းကဒ်တို့ ငွေဖြည့်ကဒ်တို့ လမ်းဘေး နေရာတိုင်းမှာ ရောင်းတယ်။ တယ်လီကွန်း ကုမ္ပဏီ တွေ ချမ်းသာလာတယ်။
ဒီလို နိုင်ငံမျိုး ဒီလို အခြေအနေမျိုးမှာ ဒီလို သွားလုပ်ရတော့ အခွန်ကရော ကင်းလွတ်ခွင့် ရလား ဆိုရင်
နိုးပါ။ အခွန် အရပ်ရပ် လုံးဝ ကင်းလွတ်ခွင့် မရပါ။ ကိုယ့်စားရိတ် နဲ့ ကိုယ် ရင်းနှီး မြှုပ်နှံ ဖို့ သယ်လာတဲ့ Telecom Infrastructure တွေ equipment တွေ ကိုပဲ အစပိုင်းမှာ import tax ကင်းလွတ်ခွင့် ရပါတယ်။ ၂၀၁၄ ကစပြီး tax စကောက် ပါတယ်။
Telecom Operation အပေါ်မှာ Day One - First User ကနေစပြီး Income Tax, Commercial Tax, Frequency Tax, Excise Duty, Profit Tax စတဲ့ အခွန် မျိုးစုံ ကို ကောက်ခံပါတယ်။
ဒီလို ကောက်လို့ ဘယ် တယ်လီကွန်း ကုမ္ပဏီမှ နည်းတယ် များတယ် မကိုက်ဘူး ။ ငါတို့လာလုပ်တာ ငါတို့ကို ကျေးဇူးတင် အခွန်မကောက်နဲ့ ဆိုတဲ့ ကျေးဇူးရှင် သောက်ချိုး မချိုးရဲဘူး။ ပေးရတာပဲ ဆက်လုပ် နေတာပဲ ဆက်ပြီး ချဲ့ထွင် နေတာပဲ။
ကျွန်တော်တို့ မြန်မာပြည်ကြီးလို တယ်လီကွန်း။ လျှပ်စစ်။ လမ်းပမ်း ဆက်သွယ်ရေး အစရှိတဲ့ infrastructure တွေ အသင့်အတင့် ပြည့်စုံ။ မိုဘိုင်း ဖုံး သုံးနေတဲ့ လူ ဆယ်သန်းလောက် ရှိပြီးသား နောက်ထပ် ဆယ်သန်းလောက် အသာလေး တိုးလာဖွယ်ရာ ရှိတဲ့ မားကက် ကြီးမှာ
တယ်လီကွန်း ဆိုတာ အစပိုင်း အရင်းနှီး ကြီးလို့ ဈေးကြီးမယ်ဆိုတဲ့ ပညာမဲ့ တစ်ယောက် ပြောသွားတဲ့ စကားတစ်ခွန်း ကို နင်းပြီး။ အစပိုင်း အရင်းအနှီးကြီး မကိုက်လို့ လုပ်သာ ကိုင်သာ ရှိအောင် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးပါ ခင်ညာ ဆိုတဲ့ အရင်းရှင် ကုမ္ပဏီ တွေစကား ဘာမှ နားထောင် နေစရာ မလို။ ဘာမှ ကင်းလွတ်ခွင့် ပေးစရာ မလို။ အခု မမြတ်ရင် နောင် ငါးနှစ် မှာ စမြတ် နောက် အနှစ်ငါးဆယ် တစ်ရာ လောက် အဆီအသား ဝါးမျိုကြမဲ့ တယ်လီကွန်း တွေကို မည်သည့် အခွန် ကင်းလွတ်ခွင့်မှ မပေးသင့် ကြောင်း။
၎င်းတို့ အပေါ် အခွန် ရသမျှ ကောက်ခံပြီး နိုင်ငံရဲ့ အသက်သွေးကြောတစ်ခု ဖြစ်လာမဲ့ နိုင်ငံသား တွေလုပ်ကြမဲ့ SME လေးတွေ ကိုသာ ငါးနှစ် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးအပ်ပြီး ဒီထက်မကသော ပိုက်ဆံကို လှည့်လည် ရယူသင့်ပါကြောင်း။
နိုင်ငံတကာ တယ်လီကွန်း ကုမ္ပဏီ နှစ်ခုထဲ ရှိတာ နည်းသေးတယ် နောက်ထပ် နှစ်ခု သုံးခုလောက် ထပ်ခေါ် ပြီး အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပေးလိုက်မှသာလျှင် တကယ် ကောင်းတဲ့ ဖုံးလိုင်း တကယ်မြန်တဲ့ အင်တာနက် တွေ ဈေးပေါပေါနဲ့ အသုံးပြု နိုင်ရဖွယ် ရှိပါတယ်
တယ်လီကွန်း ဆိုတာ အရင်းအနှီးကြီး ပေမဲ့ အကျိုးအမြတ် အလွန်များတဲ့ လုပ်ငန်း ဖြစ်ကြောင်း မီးမောင်းထိုး လိုက်ပါတယ်။
ref:Wanna More

Advertise Here !

Software Full Version Download and Tech News Update

Desktop ကွန်ပျူတာများရဲ့Connecting Portများကိုလေ့လာခြင်း(Basic Tips)
============================================
Desktopကွန်ပျုတာရှဲ့SystemCasing&Unit ပုန်းနောက်ကျောမှာ portတွေများစွာပါရှိပါတယ်။ကွန်ပျူတာကိုစတင်ဝယ်ယူတပ်ဆင်မယ်ဆို သည်portတွေကိုနားလည်ထားမှဖြစ်မှာပါ။ဒါကြောင့် စတင်လေ့လာသူတွေ ကိုယ်တိုင်တပ်ဆင်ရာမှာ လေ့လာနိုင်ဖို့ Basic Tipsအချို့ စဉ်းစားမိတာလေးတွေတင်ပြပါရစေ။
ကွန်ပျူတာမှာပါဝင်တဲ့port တွေဟာ ဈေးနှုန်း၊ကွာလတီ၊Brand ပေါ်မူတည်ပြီး ကွဲပြားမှုလေးတွေရှိတတ်ပါတယ်။ဟိုအရင်ထုတ် Motherboardတွေမှာဆို ယနေ့ခေတ်မှာမသုံးတော့တဲ့portတွေပါရှိနေတတ်ပါသေးတယ်။ဒါကြောင့် Port တွေအကြောင်းအကျဉ်းလေးလေ့လာကြည့်ပါမယ်။
USB2.0 Port
======
လက်ရှိအချိန်ထိ ကျွန်တော်တို့နိုင်ငံမှာတော့ usb2.0 ကိုသာအသုံးများနေသေးပါတယ်။usb2.0 ဟာ keyboard,Mouse,Scanner,Printerနဲ့အခြာuးsb ချိတ်ဆက်ပစ္စည်းများစွာတို့နဲ့ ကျယ်ပြန့်စွာသုံးစွဲနိုင်ပါတယ်
USB3.0 Port
=======
အဆင့်မြင့်တန်ဖိုးကြီးနောက်ပိုင်းထုတ်MotherBoardတွေမှာ ဒီ USB3.0 ထည့်သွင်းပေးထားပါတယ်။အဓိကကွာခြားတာက အရှိန်နှုန်းအလွန်မြန်ဆန်လာတာပါ။တွင်ကျယ်လာမယ့် တွင်ကျယ်လာမယ့် စနစ်ပါ။USB3.0 ပေါက်မှာ Usb2.0 ကိုလည်းတပ်ဆင်နိုင်ပါတယ်။2.0 စနစ်အတိုင်းသာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ကိုယ့်Deviceက 3.0 connetor ဖြစ်မှသာ3.0 အတိုင်းလုပ်ဆောင်မှာဖြစ်ပါတယ်။
VGA Port
=====
အရုပ်ထွက်ကြိုးဖြစ်တဲ့ မော်နီတာကနေလာတဲ့ ကြိုးကို တပ်ဆင်ဖို့အပေါက်ပါ။Analog ကို Digital အဖြစ်ပြောင်းလဲပေးတဲ့နည်းစနစ်ပါ။
DVI Port
======
LCD Monitor တွေမှာတွေ့ရများပြီး Digital ရုပ်ထွက်ကိုအထောက်အပံ့ပေးပါတယ်။ DVI မျိုးကွဲတွေရှိပြီး ကျွန်တော်ဆီမှာတွေ့ရများတာကတော့ DVI-D တွေပါ။
Sound Port
======
Sound Port တွေက များသောအားဖြင့်သုံးပေါက်မြင်ရပါတယ် အဆင့်မြင့် ဘုတ်တွေပေါ်မှာတော့ခြောက်ပေါက်တပ်ဆင်ထားပါတယ်။ Line in,Line Out နဲ့ မိုက်ခရိုဖုန်းပေါက်တွေပါ။ကိုယ်ကအသံပိုင်းဆိုင်ရာလုပ်မယ် ဥပမာ-Fluity Loop,Nuendo စတဲ့အသံတည်းဖြစ်ဆော့ဝဲတွေသုံးမယ်ဆိုရင်တော့ SoundCard သုံးမှအဆင်ပြေပါမယ်။

PS/2 Port
======
Keyboard နဲ့ Mouse တပ်ဆင်ရတဲ့ port ပါ။များသောအားဖြင့် သည်Port ဟာနှစ်ခုပါတတ်ပြီး တစ်ခုက ကီးဘုတ် တစ်ခုက မောက်စ်အတွက်ပါ။မှားတပ်မိရင်တော့အလုပ် မလုပ်ပါဘူး။ အရောင်နဲ့ပြောမယ်ဆို ခရမ်းဟာ ကီးဘုတ်ဖြစ်ပြီး အစိမ်းသို့မဟုတ်အပြာနု ဟာ မောက်စ်အတွက်ဖြစ်တတ်ပါတယ်။ တပ်ဆင်ရာမှာလည်း ကီးလေးတွေဖြစ်တဲ့ ပင်ချောင်းလေးတွေကို ကောင်မသွားဖို့သတိထားဖို့လိုပါတယ်။

Parallel Port
=======
ဒါကတော့ printer တွေအတွက်ပါ။ဒါပေမယ့် ယနေ့ခေတ် printer တွေဟာ usb ပေါက်တွေမှာသာတပ်ဆင်ကြတော့ပါတယ်။ဒါပေမယ် ပုံမှန်Motherboard တစ်ခုမှာ ဒီport တွေပါနေတတ်ပါသေးတယ်။
Network Port(Ehernet Port)
================
ကွန်ပျူတာတစ်လုံးထက်ပိုပြီးချိတ်ဆက်ဖို့ Network ချိတ်ဆက်ရပါတယ်။သည်အခါမှာ Ehernet Port or Network Port ကိုသုံးကြပါတယ်။RJ 45 Connector ကိုသုံးတတ်ကြပါတယ်။

Laptop တွေမှာတော့ VGA , RJ45 LAN,HDMI ,USB2.0 or 3.0,Air Out Vent, eSATA, Card Reader Port တွေအများဆုံးပါတတ်ပါတယ် USB 3.0 နဲ့ eSATA ပေါက်တွေကတော့တန်ဖိုးကြီးစွမ်းရည်မြင့် လက်ပ်တော့တွေမှာသာပါတတ်ပါတယ်။

Port တွေဟာအရေးမကြီးဘူးဆိုပေမယ့် တပ်ဆင်တဲ့ပစ္စည်းနဲ့ ကိုက်ညီမှုရှိဖို့တော့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ port တွေ ဒါမှမဟုတ်တပ်ဆင်တဲ့ Device တွေပျက်ဆီးမှုတွေရှိလာနိုင်ပါတယ်။အထူးသဖြင့် System ပုန်းရှေ့ဘက်က usb ပေါက်ကိုသတိထားသုံးသင့်ပါတယ်။Mother board ပေါ်မှာတပ်ထားတဲ့Connector တွေ မှားယွင်းနေရင် တပ်မိတဲ့Device တွေပျက်စီးတတ်ပါတယ်။အထူးသဖြင့်MemoryStick တွေပါ။ကောင်းတာကတော့ casing နောက်ကျောက USB ပေါက်ကနေ Hub ခေါင်းပွားတွေ နဲ့သုံးတာဖြစ်ပါတယ်။

အမှားပါရင်ခွင့်လွှတ်ကြပါ။
ဟန်ဝေလင်း
အပြတ်ရှင်းမိုဘိုင်း
ကဇွန်းမရွာ
ဆိပ်ဖြူမြို့
http://www.facebook.com/hanwailinn.hanwailinn
http://www.tipsandtrickscity.blogspot.com

Advertise Here !

Software Full Version Download and Tech News Update

အင်တာနက်လေး ၅ မိနစ်ဖွင့်ရုံနဲ့ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း၊ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ အနုပညာ စတဲ့ သတင်းပေါင်းများစွာကို အချိန်နှင့်တပြေးညီ ဖတ်ရှုသိရှိနိုင်တဲ့ All Update Reader 3.0 apk ဖြစ်ပါတယ်.. အရင် Version ဟောင်းတုန်းက သတင်းမတက်တာတွေ၊ အဆင်မပြေတာတွေကို ပြုပြင်ထားပြီး သတင်းဆိုဒ် အသစ်တွေ ကိုလည်း ထပ်ပေါင်းထားပါတယ်..


ဓါတ်ပုံကို အပြည့်ပေါ်စေမှာဖြစ်ပြီး သတင်းရယူချိန်မှာလည်း မြန်ဆန်သွက်လက်ပါတယ်.. သတင်းဆိုဒ်တွေများနေလို့ အင်တာနက်သုံးခ အကုန်အကျများမှာစိုးရင် သတင်း source များ ဖြုတ်ရန်/ထည့်ရန် ဆိုတဲ့ menu ကိုနှိပ်ပြီး ကိုယ်မလိုချင်တဲ့ သတင်း source တွေကို အမှန်ခြစ်ဖြုတ်ကာ ပိတ်ထားနိုင်ပါတယ်.. သတင်းရယူခြင်း၊ ဖျက်ခြင်း၊ မှတ်သားခြင်းတွေကို App ထဲက အသုံးပြုနည်းမှာ ဖတ်နိုင်ပါတယ်...


သတင်း Source ပေါင်း (၅၀) ကျော် ပါဝင်ပါတယ်.. ခုပြောနေတာက White Version အကြောင်းဖြစ်ပါတယ်..  White Version ဆိုတာ အသက်အရွယ်၊ ကျား/မ မရွေးအသုံးပြုနိုင်တဲ့ ဗားရှင်းဖြစ်ပါတယ်..

Black Version ဆိုတာကတော့ အသက်(၁၈)နှစ်အောက် ဘယ်သူမဆို၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ မိန်းကလေးများ အသုံးမပြုသင့်ပါဘူး....

ကျွန်တော် ရှင်းပြထားပြီးပါပြီ.. White Version နဲ့ Black Version ကြိုက်တာ ယူနိုင်ပါတယ်.. မိမိ ဆန္ဒအလျောက်သာဖြစ်ပါတယ်..

မှတ်ချက်ဗားရှင်း နှစ်ခုလုံး Android 4.0 နဲ့အထက်မှာသာ အသုံးပြုနိုင်ပါမယ်.. မြန်မာစာ မှန်ခြင်း/မမှန်ခြင်းဟာ သက်ဆိုင်ရာ ဖုန်းမှာ ထည့်သွင်းထားတဲ့ မြန်မာစာစနစ်နဲ့သာ သက်ဆိုင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update
Image result for Mobile wake image




သယ်ရင်းတစ်ယောက်ဆီက ရထားတဲ့ ဆော့ဝဲလ်လေးကို ပြန် Share တာပါ...
ဒီဆော့ဝဲလ်လေးကို မိမိ ဖုန်းထဲ ထည့်ထားပြီး  Phone Screen off ဖြစ်နေတဲ့  အခါမှာ လေချွန်ကြည့်လိုက်ပါ...
Ring သံလေးတစ်ခု ထ မြည်လာပါလိမ့်မယ်...

အဲလိုမျိုးဆိုတော့ မိမိဖုန်း ပျောက်နေတဲ့အခါ ၊ ဘယ်နေရာထားလို့ ထားမိမှန်းမသိတဲ့အခါ ဖုန်းခေါ်စရာ မလိုဘဲ လေချွန်လိုက်တာနဲ့..သိနိုင်တာပေါ့ဗျာ...

လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါတော့ခင်ဗျာ....

 Ref;mm-mpxteam
credit to kaunglay

Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

no image
Software Full Version Download and Tech News Update
SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....
ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....ဆာ့...ဆာကြီးတွေကတော့သိမှာပါ....

အနော်လို beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....

မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...

တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါပီသားပါ.....

Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....

အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...

အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...

- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေးပီ ok နှိပ်ပါ....
- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....
- နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...
ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...အနော်ကတော့မတိုက်တွန်းပါဘူး....

sim card lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...

မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...

ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..

ဒါဆိုအဓိကပြောချင်တာက -

SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
**********************************
Ref;mm-mpxteam
Credit to ZawMyoOo
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

no image
Software Full Version Download and Tech News Update
CDMA 450 နဲ့ CDMA 800 (09 73-------)ဖုန်းတွေမှာအခြားဖုန်းသို့ငွေဖြည့်ပေးနည်းလေးပါ။

166 ကိုနှိပ်ပြီးဖုန်းခေါ်လိုက်ပါ။
ပြီးရင် အဲဒီမှာဆော်လေးတပွေကပြောပြပေးလိမ့်မယ်။
မြန်မာလိုကြားချင်ရင် ၂ ကိုနှိပ်လိုက်ပါ။
ပြီးရင် ငွေဖြည့်ရန် ၁ ကိုနှိပ်ပါလို့ပြောလိမ့်မယ်။ ၁ ကိုနှိပ်လိုက်ပါ။
ပြီးရင် ငွေဖြည့်လိုသောတယ်လီဖုန်းနံပါတ်ကိုနှိပ်ပါလို့ပြောလိမ့်မယ်။ အဲဒီမှာ ကိုယ်ငွေဖြည့်ပေးချင်တဲ့ဖုန်းနံပါတ် (ဥပမာ ၀၉၈၆-----)ကိုနှိပ်လိုက်ပါ။
သတိထားရမှာက ဖုန်းနံပါတ်ရှေ့က ၀၉ ကိုထည့်နှိပ်ပေးရပါမယ်။ အရေးကြီးပါတယ်။ ၀၉ မခံရင် အဲဒီငွေက သူများဖုန်းနံပါတ်ကို မဝင်ဘဲ ကိုယ့်ဖုန်းထဲ ကိုဘဲဝင်သွားပါလိမ့်မယ်။ ဖုန်းနံပါတ်နောက်ဆုံးက # key ကိုနှိပ်လိုက်ပါ။
ပြီးရင်သူက ဖုန်းနံပါတ်ကိုရွတ်ပြလိမ့်မယ်။ မှန်တယ်ဆိုရင် ၁ ကိုနှိပ်ပါပြောလိမ့်မယ်။ မှန်ရင် ၁ ကိုနှိပ်ပြီး အတည်ပြုလိုက်ပေါ့။
ပြီးရင်သူကခေတ္တစောင့်ပါလို့ပြောပြီး အောင်မြင်ရင် ငွေဖြည့်သွင်းပြီးပါပြီ လို့ပြောလိမ့်မယ်။ အဲဒါဆိုရင် OK ပြီပေါ့။ ငွေဖြည့်သွင်းပြီးတာနဲ့တစ်ပြိုင်နက် ကိုယ့်ဖုန်းထဲကို Message တစ်စောင်နဲ့ သူ့ဖုန်းထဲကိုလဲ Message တစ်စောင်ဝင်လာပါလိမ့်မယ်။ ကိုယ့်ဖုန်းထဲကိုဝင်တဲ့ Message မှာ ကိုယ်ဖြည့်ပေးတဲ့ဖုန်းနံပါတ်ကိုငွေဝင်သွားကြောင်းနဲ့ သူ့ဖုန်းထဲမှာတော့ ကိုယ့်ကိုဘယ်ဖုန်းနံပါတ်က ငွေဖြည့်ပေးကြောင်းပြောပေးပါလိမ့်မယ်။
ဒီနည်းကသိတာတော့ကြာပါပြီ။ အမှတ်တမဲ့ဖြစ်နေလို့ အခုသတိရတုန်းလေးတင်ပေးလိုက်တာပါ။

အဆင်ပြေကြပါစေ။

Ref;mm-mpxteam
Credit to kyaw6101980
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update







ကမ္ဘာ့အကြီးဆုံး e-sports အဖွဲ့အစည်းဖြစ်သော Electronic Sports League (ESL) က e-sports ကစားသမားများ ဆေးစစ်မှုကို သြဂုတ်လတွင် ဂျာမနီနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲတစ်ခု၌ စတင်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သတင်းသည် Counter-Strike: GO ၏ နာမည်ကျော် ကစားသမား ကိုရီဖရိုဆန်က ၎င်းတို့၏အသင်း Cloud9 ကို ရည်ညွှန်းကာ မိမိတို့သည် Aderrall စိတ်ကြွဆေးကို သုံးစွဲခဲ့ကြကြောင်းနှင့် ၎င်းစိတ်ကြွဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Adderall ကို အာရုံမစိုက်နိုင်သောရောဂါ (ADHD) နှင့် နေ့ဘက်တွင် အိပ်ချင်ပြီး ညဘက်တွင် အိပ်မရသောရောဂါ (narcolepsy) တို့အား ကုသရာတွင် အသုံးပြုကြသလို ဘေးထွက်ဆိုးကျိုးအနေဖြင့် အချိန်တိုင်း တက်ကြွနေပြီး အနိုင်အရှုံးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော Counter-Strike ကဲ့သို့ e-sports ဂိမ်းများကို ကစားသူများကလည်း အသုံးပြုလာကြသည်။

သို့ရာတွင် စိတ်ကြွဆေး သုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ပါက မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုခြင်းကိုမူ ESL မှ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

ကမ္ဘာ့နာမည်အကျော်ဆုံး e-sports ပြိုင်ပွဲဖြစ်သည့် The International ကို သြဂုတ်လ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စံချိန်တင် စုစုပေါင်းဆုကြေး အမေရိကန်ဒေါ်လာ ၁၇.၂ သန်း ချီးမြှင့်မည်ဟု သိရသည်။


Ref: TheVerge

Credit==internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update



ဈေးကွက်တွင် ရောင်းအားမြင့်တက်လျက်ရှိသော စမတ်နာရီအားလုံး၌ လုံခြုံရေးပြဿနာများရှိကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Hewlett-Packard မှ ပြောကြားလိုက်သည်။

HP သည် password ကာကွယ်မှုစနစ်နှင့် အချက်အလက် encrypt ပြုလုပ်ခြင်းတို့ အပါအဝင် စမတ်နာရီ ၁၀ မျိုး၏ လုံခြုံရေး feature များကို စမ်းသပ်ခဲ့ပြီးနောက် ၎င်းစမတ်နာရီ အားလုံးတွင် အနည်းဆုံး လုံခြုံရေးအားနည်းချက်တစ်ခု ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုခဲ့သည်။

လုံခြုံရေးကျွမ်းကျင်ပညာရှင် တစ်ဦးကမူ စမတ်နာရီ ထုတ်လုပ်သူများအနေဖြင့် သုံးစွဲသူများ၏ လုံခြုံရေးအတွက် အလေးပေး အာရုံစိုက်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

“ဒီနည်းပညာနယ်ပယ်မှာ ရှေ့ပြေးတစ်ယောက်ဖြစ်ဖို့အတွက် ထုတ်လုပ်သူတွေက သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလေးထားခြင်းမရှိဘဲ ထုတ်ကုန်တွေ ထုတ်လုပ်ခဲ့ကြတယ်လို့ ယူဆပါတယ်” ဟု ESET အွန်လိုင်းလုံခြုံရေးအဖွဲ့မှ လုံခြုံရေးကျွမ်းကျင်ပညာရှင် မာ့ခ်ဂျိမ်းစ်က ပြောကြားခဲ့သည်။

HP ကမူ အင်တာနက်ချိတ်ဆက်ထားသော ထုတ်ကုန်များအတွက် စံသတ်မှတ်ရန် Open Web Application Security Project (OWASP) မှ အကြံပြုထားသော လုံခြုံရေး feature များအတွက် ထိပ်တန်း စမတ်နာရီ ၁၀ မျိုးကို စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

HP ၏ ရှာဖွေတွေ့ရှိချက်များမှာ -

- သုံးစွဲသူများ သိုလှောင်ထားသော အချက်အလက်များကို အခြားသူများ သုံးစွဲနိုင်ခြင်းမှ 
ကာကွယ်ပေးသည့်စနစ်က စမတ်နာရီအားလုံး၏ ထက်ဝက်ခန့်တွင်သာ ပါဝင်ခြင်း

- စမတ်နာရီ ၉ မျိုးသည် ကြားဖြတ်ရယူနိုင်သော encrypt မလုပ်ထားသည့် အချက်အလက်အချို့ ပေးပို့ခြင်း

- စမတ်နာရီ သုံးပုံတစ်ပုံသည် ဟက်ကာများက password များကို ခန့်မှန်းနိုင်စေမည့် login ဝင်ရောက်ရန် 
ကြိုးပမ်းမှုကို အကန့်အသတ်မရှိ ခွင့်ပြုထားခြင်း

- စမတ်နာရီ ခိုးယူခံရသည့်အခါ အခြားဖုန်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်းတို့ ဖြစ်သည်။

“အခုလို ရလဒ်များကို တွေ့ရှိခဲ့ရတဲ့အတွက် စိတ်ပျက်မိပေမယ့် မအံ့သြမိပါဘူး” ဟု HP က ပြောကြားခဲ့သည်။


Ref: BBC

Credit==> internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update







သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသများအတွက် အစိုးရအနေဖြင့် သတင်း အချက်အလက် ပေးပို့လိုပါက SMS ဖြင့် အခမဲ့ သတင်းပေးပို့နိုင်သည်ဟု သိရသည်။

Telenor သည် ဆက်သွယ်ရေးလိုင်စင် စတင်ရယူစဉ်က မြန်မာနိုင်ငံအတွက် ကတိပြုချက် ၇ ချက် ပေးအပ်ထားပြီး အဆိုပါကတိများအနက် Free Central Government SMS Channel တည်ဆောက်ပေးမည်ဟု ပါရှိသည်။

Free SMS Channel ဆိုသည်မှာ အစိုးရအနေဖြင့် Telenor ၏ မိုဘိုင်းဖုန်း လိုင်းများမှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပြည်သူများထံ တိုက်ရိုက်ပေးပို့စေခြင်းဖြစ်ပြီး သတင်းအချက်အလက် ရယူစေလိုသော ဒေသအလိုက် SMS များ ရောက် ရှိစေခြင်း ဖြစ်သည်။

“အခုချိန်ထိ ပေးပို့တာမရှိပါဘူး။ Telenor အနေနဲ့ ဒီဝန်ဆောင်မှုပေးတယ်ဆိုတာ အစိုးရအနေနဲ့ မသိလို့မဟုတ်ပါဘူး”ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်ဖြစ်ပြီး အဆိုပါ ဘေး အန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို SMS ဖြင့် ဖြန့်ချိထားခြင်းမရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အတွက် အစိုးရသည် အခမဲ့ SMS စနစ်ကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း Telenor ၏ လက်ရှိ ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံထားနိုင်မှုသည် အဆိုပါဒေသများသို့ ရောက်ရှိနေခြင်း ရှိ၊ မရှိကို အရင်လေ့လာရမည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

Telenor ၏ အဆိုအရ ၎င်းတို့၏ကွန်ရက်သည် လူနေထူထပ်ရာ ဒေသများ၏ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီး ပေးအပ်ထားသော ကတိအရ ၅ နှစ်တာ ကာလတွင်း နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ကွန်ရက်လွှမ်းခြုံနိုင်မည်ဟု သိရသည်။

မုန်တိုင်းကျရောက်နိုင်သော ဒေသများ၊ ရေလွှမ်းမိုးနိုင်သော ဒေသများစသည်ဖြင့် သဘာဝဘေး အန္တရာယ်များအတွက် SMS ကြိုတင် ရရှိနိုင်ပါက ဒေသခံများ အတွက် အကျိုးကျေးဇူး ရရှိနိုင်မည့်အပြင် သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲဖြစ်သော သတိပြုစရာများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို SMS ဖြင့် ထပ်ဆင့်ပေးပို့နိုင်ပါက ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

Credit==> internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




ပီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google သည်၎င်း၏ လက်ရှိနှင့် အနာဂတ် ဈေးကွက်များအတွင်းရှိ အခြေချနေထိုင် သူများထံသို့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


အဆိုပါ အပြောင်းအလဲသည် အိမ်ဖြူတော်နှင့် မြို့ပြနှင့်နေအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့က ထုတ်ပြန်ခဲ့သော Connect Home အစီအစဉ်နှင့် Google တို့ ပူးပေါင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်။

Connct Home အစီအစဉ်သည် အင်တာနက် ဝန်ဆောင်မှုကို ၂၇ မြို့သို့ အခမဲ့ သို့မဟုတ် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ချိတ်ဆက်ပေးသွားမည့် အစီအစဉ်ဖြစ်သည်။ သို့သော်လည်း Google အနေဖြင့် ၎င်း၏ Google Fiber ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်ကို အခမဲ့အသုံးပြုခွင့် ပေးခဲ့ပြီးသော်လည်း ယခုအခါတွင် အင်တာနက် တပ်ဆင်ခ ကန်ဒေါ်လာ ၃၀၀ ကိုလည်း လျော့ပေါ့ပေးခဲ့သည်။

လက်ရှိတွင် Google Fiber သည် အော်စတင်မြို့၊ တက်ဆက်စ်ပြည်နယ် ကန်ဆတ်မြို့၊ ယူတာ့ပြည်နယ်၊ မစ်ဇူရီပြည်နယ်နှင့် ပရိုဗိုမြို့များတွင်ရှိပြီး အတ္တလန်တာမြို့၊ ချားလော့မြို့၊ တောင်ကာရိုး လိုင်းနားပြည်နယ်၊ နတ်ရှ်ဗီးလ်မြို့၊ ရာလိခ်ျဒါဟန် လေဆိပ်နှင့် ဆော့လိတ်မြို့ပေါ်သို့သွားရာ လမ်းပေါ်တွင်လည်း တည်ရှိသည်။

Google Fiber ကို ပိုမိုမြန်ဆန်သော အင်တာနက် ချိတ်ဆက်မှုအတွက် အခမဲ့ package အမျိုးမျိုးဝယ်ယူ အသုံးပြုနိုင်သော အစီအစဉ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး မိတ် ဆက်ခဲ့သည်။ ပုံမှန်အားဖြင့် Google Fiber သည် အင်တာနက်အတွက် တစ်လလျှင် ကန်ဒေါ်လာ  ၇၀ ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်းပါ ပါဝင်ပါက ကန်ဒေါ်လာ ၁၂၀ အထိ ကျသင့်မည် ဖြစ်သည်။

ဝင်ငွေနည်းပါးသော အိမ်များအတွက် broadband အင်တာနက် အသုံးပြုရေးသည် အဓိကအတားအဆီး တစ်ခုဖြစ်သည်။ တစ်နှစ်လျှင်ဝင်ငွေ ကန်ဒေါ်လာ ၃၀,၀၀၀ အောက် မရရှိသော လူများသည် အင်တာနက် အသုံးပြုနိုင်ခြင်း မရှိကြောင်း သုံးလပတ် အစီရင်ခံစာ တစ်ခုကို Google က ထောက်ပြပြောဆိုခဲ့သည်။


Ref : Mashable

Credit==>internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


Xbox360 တွင်သာမက PC တွင်ပါ USB Cable ဖြင့် တိုက်ရိုက် ချိတ်ဆက်ကစားနိုင်မည့် Official Xbox360 wired controller များကို ပရိုမိုးရှင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

PC Control Options များကို auto-detect စနစ်ဖြင့် ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး Battery မလိုအပ်ဘဲ အချိန်မရွေးအသုံးပြုနိုင်မည်ဖြစ်သည်။ Microsoft မှဖြန့်ချိသော Xbox360 Wired Controller ကို Devil May Cry 4 Special Edition၊  The Witcher 3 နှင့် Mortal Kombat X အစရှိသော PC ဂိမ်းများတွင် တွဲဖက်ကစားနိုင်မည် ဖြစ်သည်။ အဆိုပါ Official Xbox360 wired controller များကို ၃၀,ဝဝဝ ကျပ်ဖြင့် GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Ref: internetjournal

Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update



ယခင်အပတ်မှအဆက်
IT သာမရှိရင် နိုင်ငံကြီးကမတိုးတက်တော့ဘူး။ IT သာမရှိရင် နိုင်ငံကြီးက ရပ်သွားမယ်လို့ပြောကြတယ်။ IT သမားက သူ့ဟာသူ ကြီးကြီးကျယ် ကျယ် လျှောက်ပြောတာလို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်ဘူး။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ကျွန်တော်တို့ တယ်လီဖုန်း လေးဖွင့်လိုက်တာနဲ့ အင်တာနက်လေးကြည့်လိုက်တာကလည်း ဒါ ICT ပဲ။ အခုဆိုရင် လယ်သမားတွေ သားသမီးကအစ ကျွန်တော်တို့ Mobile Phone တွေ ကိုင်လာနိုင်တယ်။ လူတိုင်းလူတိုင်း Mobile Phone တွေ ကိုင်လာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့က Electronic Commerce ဆိုတဲ့ အဆင့်ကနေမှ Mobile Commerce အဆင့်ကို ပြောင်းလာတယ်။ ကျွန်တော်တို့ဒီနေ့ခေတ်ဟာ E-Commerce လို့ ပြောကြတယ်။ ဒီနေ့ခေတ်က E-Commerce မဟုတ်တော့ဘူး။ M-Commerce အဆင့်ရောက် သွားကြပြီ။ လူတိုင်းလူတိုင်းလက်ထဲမှာ Mobile Phone တွေရှိတဲ့အတွက်ကြောင့်မို့လို့ အကယ်၍ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်

တယ်ဆိုလို့ရှိရင် အဲဒီဆိုင်လေးကို ကျွန်တော်တို့က ဘာလုပ်မလဲဆိုရင်  ဥပမာ- တာမွေမှာ ဆိုင်ခန်းငှားမလား၊ ကျောက်မြောင်းမှာ ဆိုင်ခန်းငှားမလား။ အဲ့ဒီလောက်ထိ မလုပ်တော့ဘူး။ ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် Facebook မှာ Page လေးတစ်ခု လုပ်လိုက်တာနဲ့ ကျွန်တော်ဆိုင်ဖွင့်လို့ရပြီ။ Online Shopping အရမ်းခေတ်စားလာတယ်။ အဲ့ဒီတော့ ကျွန်တော်သည် ဆိုင်တစ်ဆိုင်ကိုတာမွေမှာ ဆိုင်ခန်းလေးငှားပြီး ဖွင့်မယ်ဆိုရင် အဲဒီဆိုင်ခန်းကိုလာတဲ့သူကပဲ အဲ့ပစ္စည်းကို ဝယ်မယ်။ အကယ်၍များ ကျွန်တော်က Web Portal တစ်ခုလုပ်ထားမယ်။ Website တစ်ခုလုပ်ထားမယ်။ Facebook မှာ Page ပစ္စည်းရောင်းမယ် ဆိုလို့ ရှိရင်  ကျွန်တော်စကားတစ်ခွန်းပြောပါမယ်။ အဲ့ဒါဘာလဲဆိုတော့ ဒီနေ့ခေတ်လူတိုင်းရဲ့လက်ထဲမှာ Retail Shop တစ်ခုစီရှိနေပါတယ်။ ကျွန်တော်တို့ ဒီနေ့ခေတ်လူတိုင်းရဲ့လက်ထဲမှာ ဖုန်းရှိနေတာဘာနဲ့တူလဲဆိုတော့ လူတိုင်းရဲ့လက်ထဲမှာ Retail Shop တစ်ခုရှိနေတာနဲ့အတူတူပဲ။ ဥပမာ- (Retail Shop) လက်လီဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ လောလောဆယ် ဆိုင်ခန်းမငှားနဲ့ဦး။ Facebook မှာ Page လေးတစ်ခု လုပ်လိုက်ဦး။ အဲဒါသည် လူတိုင်းရဲ့ လက်ထဲကိုရောက်သွားတာပဲ။  ကျွန်တော်တို့ Mobile ရဲ့  Coverage က ၅၀ ရာခိုင်နှုန်း နိုင်ငံရဲ့တစ်ဝက်နီးပါးရောက်လာပြီလို့ ဟိုတစ်နေ့က ကျွန်တော်သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ တကယ်တမ်းတိတိကျကျတော့ သေချာတော့ ကျယ်ကျယ်ပြန့်ပြန့် မသိသေးဘူး။

ဒါပေမဲ့ Mobile ရဲ့ Coverage က တော်တော်လေးကိုထိထိရောက် ရောက်လုပ်မှာမို့လို့ နောက်ပိုင်းလူဦးရေ ၅၁ သန်းမှာ ၅၁ သန်းလုံး ဖုန်းကိုင်လာနိုင်တယ်ဆိုလို့ရှိရင်  ကျွန်တော်တို့အတွက် တကယ်ကိုကြီးမားတဲ့ Market ကြီးပဲ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ဆိုင်ကို တာမွေမှာဖွင့်မှာလား၊ Facebook ပေါ်တက်ဖွင့်မှာလား။ ဒါမှမဟုတ် Web Protal နဲ့ဖွင့်မှာလား။ အကယ်၍ တာမွေမှာဖွင့်မယ်ဆိုရင် အဲ့အနီးအနားကလူတွေပဲ လာဝယ်မယ်။ Web မှာဖွင့်မယ်ဆိုရင် အဲဒါသည် လူတိုင်းရဲ့လက်ထဲကိုရောက်သွားမယ်။ ကျွန်တော်တို့ရဲ့ဆိုင်လေးက လူတိုင်းလက်ထဲကိုရောက်နေတာ။ Mobile Phone ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ကိုတွေ့ဖို့ပဲလိုတယ်။ ဒါကလည်း ခုနကပြောသလို Facebook မှာလည်း Promote Page လုပ်လို့ရတယ်။ ကျွန်တော်တို့ ခုနကပြောသလို ကျွန်တော်တို့  Facebook ကို ပိုက်ဆံပေးပြီးတော့ ကြော်ငြာလို့ရတယ်။

အဲ့ဒီတော့ ဒီခေတ်က ICT ခေတ်ပါ။  ICT မရှိဘဲနဲ့ ကျွန်တော်တို့ဘယ်လို Control လုပ်ကြမလဲ။ ICT ဆိုတာ ကျွန်တော်တို့ခုနကပြောသလို Computer ကြီးကိုမဟုတ်ဘူး။ ICT ဆိုတာ ကျယ်ပြန့်တဲ့နည်းပညာကြီး။ CCTV တပ်ပြီးတော့ Wireless နဲ့ဘာလုပ်လဲဆိုလို့ရှိရင် ပင်မ (Base Station) ကိုပြန်ပို့တယ်။ ဥပမာ - နေပြည်တော်လမ်းမှာဆိုလို့ရှိရင် မိုင် ၁၀၀ ထက် ပိုမောင်းလို့မရဘူး။ မိုင် ၁၀၀ ထက် ပိုမောင်းလို့ရှိရင် သူက ကင်မရာနဲ့​ရိုက်လိုက်တယ်။ မိတ္ထီလာဖြစ်ဖြစ်၊ နေပြည်တော်ဖြစ်ဖြစ် ကျွန်တော်တို့ကား Toll Gate ကိုရောက်လို့ရှိရင် ပုလိပ်တွေကစောင့်ပြီးတော့ ဖမ်းမယ်ပေါ့။ ဒါကလည်း Wireless နည်းပညာပဲ။ အခုဆိုရင် ICT ဆိုတာကို လူတွေက Demand ဖြစ်လာတာ။ ဒါမရှိဘဲ မရတော့ဘူး။ တစ်နေ့ Internet ကမြန်လာမယ်။ နောက်ပြီးတော့ ကျွန်တော်တို့သင်တန်းမှာလေ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က Seminar လုပ်တိုင်း ကျွန်တော် ပြောခဲ့တယ်။ လူငယ်တွေကို ကျွန်တော်ဘာပြောလဲဆိုတော့ မင်းတို့ဒီနေ့ Internet ဘယ်လောက်ပဲနှေးနှေး တစ်နေ့ကျလို့ရှိရင် မင်းတို့အိမ်တံခါးကိုလာခေါက်ပြီးတော့ Internet ယူမှာလား၊ Mobile Phone ယူမလား ဆိုပြီးတော့ လာမေးတဲ့ခေတ်ကို ရောက်လာလိမ့်မယ်ဆိုတာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်ကပြောခဲ့တယ်။ ဒီနေ့ဖြစ်လာပြီ။ တစ်ယောက်ကပြောတယ်။ ကျွန်တော်တို့ ၆ ကျပ်ပါ။ နောက်တစ်ယောက်ကဘာပြန်လုပ်လဲ ၅ ကျပ်ပါ။ ဒီလိုမျိုးဖြစ်လာတယ်။ အဲဒါကဘာလဲဆိုရင် ကျွန်တော်လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ပြောခဲ့တဲ့စကားပဲ။ အခုနောက်ဆိုရင် ဘာလုပ်မလဲ တံခါးလာခေါက်တော့မယ်။ အင်တာနက်ယူမှာလား။ ဘယ်နှစ်နာရီ အလကားပေးမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့မယ်။ အခုတော့ ၆ ကျပ်၊ ၅ ကျပ်။ နောက်ဆိုရင် နာရီ ၁၀၀ အလကားပေးတာ၊ နာရီ ၅၀ အလကားပေးတာ စသဖြင့်ဖြစ်လာနိုင်ပါတယ်။

လူတစ်ယောက်ဟာ လက်ထဲဖုန်းရောက်သွားတယ်ဆိုရင် လုပ်စရာတွေအများကြီးပဲ။ အဲ့ဒီတော့ ဒါလေးကို ဘာနဲ့တင်စားလို့ရလဲဆိုတော့ Brick & Click ဆိုပြီးတင်စားလို့ရတယ်။ Brick ဆိုတာကတော့ အုတ်ခဲပါ။ Click ဆိုတာကတော့ ကျွန်တော်တို့ Mouse လေးတစ်ချက်နှိပ်လိုက်တာနဲ့ ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေ ပြီးမြောက်တာကိုပြောတာပါ။ ကျွန်တော်တို့တွေက City Mart မှာ ဈေးသွားဝယ်မယ်ဆိုရင် City Mart ဆိုတာတိုက်ကြီးပေါ့ အုတ်နဲ့တည်ဆောက်ထားတာ။ ဒါကို ကျွန်တော်တို့က တင်စားပြီးပြောတာ Brick လို့ခေါ်တယ်။ ဒါပေမဲ့ နောက်ပိုင်း Online Shopping ခေတ်စားလာပြီဆိုရင် Brick နေရာမှ Clilck တွေ အစားထိုးလာမှာဖြစ်ပါတယ်။ ယာဉ်လမ်းကြောင်းတွေ ပိတ်ဆို့နေပြီဆိုရင် Mouse ကလေးနဲ့ပဲဖြစ်ဖြစ်၊ Touch ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်  Clilck  တစ်ချက်နှိပ်လိုက် တာနဲ့ ကိစ္စအားလုံးဟာ ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့တွေက ICT က နိုင်ငံအတွက်လိုအပ်တယ်ဆိုတာက IT သမားမို့လို့ အပိုတွေပြောနေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေးအတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ပဲဖြစ်ဖြစ် IT ဟာ လိုအပ်ပါ တယ်။ နောက်ဆုံး ကျွန်တော်တို့ Ambulance ကားတွေမှာ ကျွန်တော်တို့  Mobile Network ကို တပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ် လာနိုင်လဲဆိုတဲ့ အခါကျတော့ လူနာတစ်ယောက် ဒါမှမဟုတ် Accident ဖြစ်လို့ Ambulance ကသွားပြီးတော့ခေါ်လိုက်မယ်။ အဲဒီအချိန်မှာ ဒီအခင်းဖြစ်တဲ့နေရာ ကနေမှ လူနာကို သယ်လာပြီးရင် လူနာကိုသွေးဖောက်စစ်မယ်။ ဒါမှမဟုတ် ခွဲဖို့စိတ်ဖို့လိုမယ်၊ သွေးသွင်းဖို့လိုမယ်ဆိုတာတွေကို  Medical Officer က ဒီ Ambulance ပေါ်မှာ လုပ်ပြီး လို့ရှိရင် ကျွန်တော်တို့ Email ကို ဒီပင်မဆေးရုံကို လှမ်းပို့ထားလို့ရတယ်။

ကားလမ်းမှာ နာရီဝက်လောက်ကြာဦးမယ်။ တစ်နာရီလောက်ကြာဦးမယ်။ ဆေးရုံရောက်လို့ရှိရင် ခွဲစိတ်ဖို့ ဆရာဝန်ခေါ်ထားပါ။ မေ့ဆေး ဆရာဝန်ခေါ် ထားပါ။ သွေးကဘယ်နှစ်ပုလင်းလိုတယ်။ သွေးအမျိုးအစားက ဘာဆိုတဲ့ကိစ္စကို Email ထဲမှာတစ်ခါတည်းရိုက်လို့ရတယ်။ ဒီနေရာမှာစောဒကတက်လို့ရတယ်။ ဖုန်းနဲ့ ဆက်ပြီးတော့ပြောလို့မရဘူးလားဆိုတော့ ကျွန်တော်တို့မြန်မာစကားပုံရှိတယ်။ နှုတ်တစ်ရာ စာတစ်လုံးပါ။
ဖုန်းနဲ့ ဆက်ပြောလို့ရှိရင်လည်းရတာပေါ့။ Email ပို့လိုက်တာ ပိုအဆင်ပြေတယ်။ Ambulance က ဆေးရုံရောက်တာနဲ့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ ဒီလူနာကို ဆွဲထုတ်မယ်။ ခွဲစိတ်ဆရာဝန် အဆင်သင့်ဖြစ်နေပြီ။ မေ့ဆေးဆရာဝန် အဆင်သင့်ဖြစ်နေပြီ။ သွေးဘယ်နှစ်ပုလင်းလိုလဲ။ လိုတာအားလုံး အဆင်သင့်ဖြစ်နေပြီ။ လူ တစ်ယောက်ရဲ့အသက်ကို ကယ်လာနိုင်တယ်။ အဲဒါ ICT။ ကျွန်တော်တို့ပြောနေတဲ့ ICT ဆိုတာက ကွန်ပျူတာကြီးမဟုတ်ဘူး။ ကွန်ပျူတာဟာ Part Of The ICT မှာလာဖြစ်တယ်။ Internet တွေ၊ Wireless တွေက ICT ထဲမှာလာပြီး အကျုံးဝင်တယ်။ Ambulance မှာ ဒီလိုမျိုး စနစ်ကိုသာသုံးလိုက်မယ်ဆိုရင် လူတွေရဲ့ အသက်ကို အများကြီးကယ်နိုင်တယ်။ အခု Network လောကမှာမပြောနဲ့ LAN တို့၊ WAN တို့၊ MAN တို့ဆိုတာတွေက ဒါတွေပဲပြောထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဒီနေရာမှာ ICT Career ဆိုတာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားပြီဆိုရင် ဆရာဝန်ကြီးလုပ်မှာလား၊ အင်ဂျင်နီယာကြီး လုပ်မှာလား၊ စစ်ဗိုလ်ကြီးလုပ်မှာလား  စသဖြင့်ပေါ့။

ဆက်လက်ဖော်ပြပါမည်။
ဦးဇော်လင်း (CEO - YOUTH Computer Co., Ltd.)

Credit==> internetjournal
Thiha Htike(THT)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !