iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း

တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း Title : iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း
Description : တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.