စမတ်ဖုန်းနှင့် စမတ်ပစ္စည်းများ တစ်ပတ်တွင် တစ်ခါသာ အားသွင်းရတော့မည် ဖန်သားပြင်တစ်မျိုးကို တီထွင်

smart glass
အော့စ်ဖို့ဒ် တက္ကသိုလ်မှ ဗြိတိန် အင်ဂျင်နီယာနဲ့ ပညာရှင်များဟာ နည်းပညာ အသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ ယင်းကတော့ စမတ်ဖုန်း၊ ကျောက်သင်ပန်ုး ကွန်ပြူတာနဲ့ ဘယ် နည်းပညာ စမတ်ပစ္စည်းကိုမဆို တစ်ပတ်မှာ တစ်ခါသာ အားသွင်းရန်လိုအပ်စေတော့မယ့် နည်းပညာ ဖြစ်ပါတယ်။ ယင်းကတော့ လက်ရှိ ရှိရင်းစွဲ စမတ်ပစ္စည်းများရဲ့ ဖန်သားပြင်ကို စမတ်ဖန်သားပြင် အစားထိုး တပ်ဆင်ခြင်း ဖြစ်ပါတယ်။
စမတ်ဖန်သားပြင်ဆိုတာ လက်ရှိ အသုံးပြုနေကြတဲ့ Screen များထက် ပိုပြီးတော့ အဆင့်မြင့်ပါတယ်။ လျှပ်စစ်စီးကြောင်းများဖြင့် တည်ထောင်ဖွဲ့စည်းထားပြီး ဘက်ထရီကနေ အားအသုံးပြုမှုကို လျော့ချပေးမှာ ဖြစ်ပါတယ်။ လက်ရှိ စမတ်ဖုန်းများရဲ့ ဘက်ထရီရဲ့ ၉၀ ရာခိုင်နှုန်းသော အားများကို ဖန်သားပြင်က ယူနေခြင်း ဖြစ်ပါတယ်။ အကယ်၍ ယင်း ဖန်သားပြင်ကို အား ယူ အသုံးပြုမှု လျော့ချလိုက်မယ် ဆိုရင် ဘက်ထရီ မြန်မြန်ကုန်တဲ့ ပြဿနာ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။ ယင်း အတွက် အသစ်တီထွင်ထားတဲ့ Screen ဟာလည်း ဈေးနှုန်း အကုန်အကျ သက်သာ ပါတယ်။
သူ့ကို smart glass လို့အမည်ပေးထားပြီး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ဗဏီများကို ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dailymail
ref:အောင်ခမ်း (MMA)














အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



စမတ်ဖုန်းနှင့် စမတ်ပစ္စည်းများ တစ်ပတ်တွင် တစ်ခါသာ အားသွင်းရတော့မည် ဖန်သားပြင်တစ်မျိုးကို တီထွင် Title : စမတ်ဖုန်းနှင့် စမတ်ပစ္စည်းများ တစ်ပတ်တွင် တစ်ခါသာ အားသွင်းရတော့မည် ဖန်သားပြင်တစ်မျိုးကို တီထွင်
Description : အော့စ်ဖို့ဒ် တက္ကသိုလ်မှ ဗြိတိန် အင်ဂျင်နီယာနဲ့ ပညာရှင်များဟာ နည်းပညာ အသစ်တစ်ခုကို တီထွင်လိုက်ပ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.