November 2015
Software Full Version Download and Tech News Update
Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ်



မင်္ဂလာပါ ကျတော် စာမရေးရတာလည်း ကြာပြီ…
အခုရေးပေးမယ့်အကြောင်းအရာကတော့ မိမိကွန်ပျူတာကနေ
အင်တာနက် Speed ကို Software မသုံးပဲ မြှင့်တင်တဲ့နည်းလေး
တွေဖြစ်ပါတယ်။ ဟိုယခင်ကတော့ ကျတော် Internet Speed
မြှင့်တဲ့ Software လေးတော့ တင်ပေးဖူးတယ်နောက်ပိုင်းမှာတော့
Technical ပိုင်းသီးသန့်ရေးမယ်လို့ စိတ်ကူးထားတဲ့အတွက်ကြောင့်
Software တွေလည်းမတင်တော့ပါဘူး၊ ထိုကြောင့်လည်း Post တစ်ခု
တက်ဖို့ကို တစ်ခါတစ်လေ ၂ ပတ် ၁ခါ ၃ပတ် ၁ခါမျိုး ကြာသွားတတ်ပါတယ်။
ကျတော့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဲ စကားတွေများပြီး ၀ုန်းဒိုင်းကြဲ စလိုက်ရအောင်….
အရင်ဆုံး RUN Box ကို ဖွင့် “gpedit.msc” လို့ရိုက်ပါမယ်.



ထို့နောက်တော့ ကျတော်တို့က Computer Configuration အောက်က
Administrative Template/ Network / QoS Packet Scheduler ကိုနှိပ်
လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



ညာဘက်ခြမ်းက Limi reservable bandwidth ဆိုတာကို Double
Click နှိပ်လိုက်ပမယ်။ထို့နောက်တော့ လက်ရှိရှိနေတဲ့ Not Configured
ဆိုတာကို Enable လုပ်ပြီး Bandwidth % ကို “ 0 ” ဟုအောက်ပါပုံအတိုင်း



သတ်မှတ်ပေးပြီး Apply OK လုပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ Run
Box ထဲမှာ “gpupdate /force” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့
အင်တာနက် Speed ကို 20% မြှင့်တင်လိုက်တာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Registry ကနေမြှင့်တင်တဲ့နည်းပါ…
ကဲ အရင်ဆုံး Run Box ထဲကနေ “regedit” လို့ရိုက်ပါမယ်။ ပြီးသွားရင်တော့
သွားရမယ့်လိပ်စာက



HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\
Tcpip\ServiceProvider ကိုသွားပါမယ်။ ထို့နောက်တော့ အထက်ပါပုံ
အတိုင်းမှ
DnsPriority မှာ Value data ကိုလက်ရှိတန်ဖိုးကို ဖျက်ပီး 7 ဟုရိုက်ပါ
HostsPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 6 ဟုရိုက်ပါ
LocalPriority မှာ Value Data ကို လက်ရှိတန်ဖိုးကို ဖျက်ပီး 5 ဟုရိုက်ပါ
NetbtPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 8 ဟုရိုက်ပါမယ်။
အားလုံးပြင်ပီးသွားချိန်မှာတော့ အောက်ပါပုံအတိင်း



ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Registry ကနေသွားပြင်ထားတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Command Prompt ကနေလုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျတော်တို့က CMD ကို Run As Aministrator အနေနဲ့ သွားရ
အောင်လို့ Run Box ထဲမှာ “ %comspec% ” လို့ရိုက်လိုက်ပမယ်။



ထို့နောက်တော့ အထက်ပါအတိုင်း “ regsvr32 actxprxy” လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါမယ်။ကဲ အထက်ပါလုပ်ဆောင်ချက်တွေအားလုံးပြီး
သွားရင်တော့ သင့်ရဲ့ ကွန်ပျူတာကို Restart ချလိုက်ပါမယ်။ ဒါဆိုရင်
သင့်ကွန်ပျူတာမှာ သုံးနေတဲ့ အင်တာနက် Speed ကို သိသိသာသာ
တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျှက်

Cristiano Zarni@ဦးဇာနည်

Advertise Here !

Software Full Version Download and Tech News Update

huawei ဖုန်းတော်တော်များများ Firmware တင်တဲ့အခါ
ကြုံရတတ်တဲ့ step 2 fail ဆိုတဲ့ Error ကို Fix လုပ်ဖို့
tool လေးတစ်ခုတင်ပေးလိုက်ပါတယ်နော်..
ထွက်တာ ကြာပီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ပျက်သွားတဲ့သူများ လိုချင်တဲ့သူများတော့ ရှီမှာပါ..
Huawei ဖုန်းတော်တော်များများလို့ ပြောပေမယ့်
သေချာရတဲ့ ဖုန်းများကတော G520-500,C8825D,U8825D,T9200,
P6-C00,G700-U00,G610-C00,G610-U00,C8813,C8813D,G730,Y300-0000
စတဲ့ ဖုန်းတွေကတော့ သေချာပေါက် Step 3 Fail error ကို Fix လုပ်နိုင်မှာပါ...
အောက်မှာ ဒေါင်းလိုက်ပါဦး..
Credit >>> Myo Ko Ko Zaw (Developer)

Download >>> https://usersfiles.com/zzbhsdxs0d6h

အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Advertise Here !

Software Full Version Download and Tech News Update
googleverifyscreen

Huawei တွေမှာ Samsung ဖုန်းတွေလို reset ချလိုက်ရင်း / Firmware တင်လိုက်ရင်း ဖြစ်တက်တဲ့
Google account ကျသွားတဲ့ error ကိုဖြေရှင်းနိုင်တဲ့ FRP Unlock Tool လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီအနေအထားကို ဖြေရှင်းဖို့ Computer မှာ Huawei device များကိုသိစေရန် Driver ရှိဖို့နဲ့ ဖုန်းကို Fastboot mode
အနေအထားမှာထားထားပေးဖို့သာလိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ FRP Unlock Folder ထဲက
FastbootET01.exe လေးကိုဖွင့်ပြီး Unlock လုပ်ပေးလိုက်ရုံပါပဲ။ Tool ကနေဖုန်းကိုသိအောင်တော့ ကြိုးစားပေးကြပါ။
င်္FRP Unlock Tool လေးကိုလိုအပ်ပါက အောက်ကလင့်ကနေ၀င်ရောက် ရယူလိုက်ပါ။
downloadbutton


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

Phone ထဲမှာထည့်ထားပြီး, မနက်တိုင်းဖွင့် , ညတိုင်းဖွင့် , ခရီးသွားတိုင်းဖွင့် ....
download link - http://doubleu-wine.com/download/Dhamma/Payate.mp3

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


Universal Android Tools 2014 ( Test ) Version
Universal_Android_Tools_2014_Version.2014003.rar 3.18 MB
http://d-h.st/IOKs

ref:Su Su Tun
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....
ကျွန်တော် ဒီနေ့ တင်ပေးချ င်လေးကတော့
ကျွန်တော်တို့ ဖုန်းမှာ Playstore ကနေ 
app တွေ ဒေါင်းလုပ်ဆွဲတဲ့အခါ 
Download Manager နဲ့ ဘယ်လိုဆွဲမလဲ
ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်
သိပြီးသား သူများကတော့ ကျော်သွားလိုက်ပါ
မသိသေးသူများကို ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါတယ်
အရင်ဆုံး လိုအပ်တဲ့ apk လေးတွေ ဒေါင်းလိုက်ပါနော်..

920 text editor >>> Download

Download Manager ပါ မရှိသေးရင်တော့
အောက်မှာ new virsion ကို ဒေါင်းလိုက်ပါခင်ဗျာ..
ADM Pro  >>>>      Download

ကဲ လိုအပ်တာတွေ ဒေါင်းပြီးရင်တော့ စရအောင်ဗျာ.
အရင်ဆုံး ကိုယ်ဒေါင်းလုပ်လုပ်မယ့် apk ဆီကို
အရင်သွား  ထားပါ ....


 ကျွန်တော် ကတော့ Family Mobile Tracker ကို 
ဒေါင်းပြမှာဖြစ်ပါတယ် ရောက်ရင်တော့ အလယ်နား
လောက်ထိကို ဆွဲချလိုက်ပါခင်ဗျာ...



ပြီးရင် ၀ိုင်းပြထားတဲ့ share ကို နှိပ်လိုက်ပါ.
ပြောရင်တော့သူ့ Link ကို ယူတာပါ
ok ပြီးရင်တော့ box ကျလာပါလိမ့်မယ်

 အဲ့မှာ ခုနက ဒေါင်းထားတဲ့ 920 text editor
ကို ၀င်လိုက်ပါ... ပြီးရင် ကျလာတဲ့ link တွေ
အားလုံးကို copy ကူးပါ......

copy ကူးပြီးရင်တော့ ကျွန်တော်တို့ broswer 
တစ်ခုခုထဲ ၀င်လိုက်ပါ ပြီးရင် google မှာ 
apk downloader ဆိုပြီး ရိုက်ရှာပါ
ကျလာရင် အရင်ဆုံးကျလာတဲ့ site ထဲကို
ဝင်လိုက်ပါ

  site ထဲရောက်သွားရင်တော့ blank box 
ကျလာလိမ့်မယ် အဲ့ box ထဲမှာ ခုနက 
ကျွန်တော်တို့copy ကူးထားတဲ့apk လေးရဲ့
 link ကို paste လုပ်ရမှာဖြစ်ပါတယ်
paste လုပ်လိုက်ပါပြီ....
ပြီးရင် Generate Downlaoad Link ကို နှိပ်ပါ
ပြီးရင်အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်....
ပြီးရင် click Here to download ဆိုတာလေးကို
 နှိပ်ပါ...နှိပ်လိုက်တာနဲ့ မိတ်ဆွေတို့ရဲ့
ဖုန်းထဲမှာ ADM ရှိမယ်ဆိုရင်တော့ box
တစ်ခုကျလာပါလိမ့်မယ်....
အဲ့မှာ ADM Editor လေးကို နှိပ်လိုက်ပါ
 

start လို့နှိပ်လိုက်တာနဲ့ 
စဒေါင်းနေပါပြီ.....
ဒီလောက်ဆိုရင်တော့ သဘောပေါက်ကြလိမ့်မယ်
ထင်ပါတယ် ကျွန်တော့်ရဲ့ post လေးကို အခုလို
စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူး
အထူးတင်ပါတယ်ခင်ဗျာ....
နောင်လည်း တန်ဖိုးရှိတဲ့ နည်းပညာအနှစ်တွေကို
တင်ပေးသွားမှာဖြစ်ပါတယ်......
ဆက်ပြီး အားပေးပါအုံးလို့.....
 
တစ်ခုခု အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Advertise Here !

Software Full Version Download and Tech News Update


ဒီကောင်လေးကို တင်ရတာ တန်မယ်ထင်ပါတယ်..
စောင့်နေတဲ့သူတွေလည်း အများကြီးပါ..
တောင်းဆိုထားတဲ့သူတွေလည်းပါပါတယ်..
ဒါကတော့ ကျနော်တို့ S4 LTE ကို Lolipop ပုံစံနဲ့
သုံးရမှာပါ...

Model              GT-I9505
Model name     GALAXY S4 LTE
Version:           Android 5.0.1 Lollipop
Country:          Germany
Product code:   DBT
PDA:               I9505XXUHOA7
CSC:               I9505OXAHOA7
Modem:           I9505XXUHOA7

1. Download Firmware >>> Here (1.5)GB

2. Download Odin V 3.10.7
    Odin V3.10.7 >>> Download

3. Download Samsung Ph Driver    
    USB >>>  Download
    Kies  >>> Download

ဒေါင်းထားတဲ့ Firmware ဖိုင်ကို Zip ဖြည်လိုက်ပါ.
အကုန်လုံးစုံပီဆိုရင်တော့ Odin ကို ဖွင့်လိုက်ပါ..
PDA မှာ ခုနက ကိုယ်ဒေါင်းပီး Zip ဖြည်ချထားတဲ့
Firmware  ဖိုင်(xxxxxx.tar.md5) ကို ရွေးပေးလိုက်ပါ.
Samsung Driver မရှိရင် install အရင်လုပ်ပါ..
ပီးရင် ဖုန်းကို Download Mode ခေါ်ပါ.
(Power Up+Home+Power)
ပီးရင် Computor နဲ့ကြိုးထိုးပါ..
Odin က ID Colum မှာ အရောင်ပေါ်လာတဲ့အထိစောင့်ပါ
ပေါ်လာပီဆိုရင် start ကိုနှိပ်ပါ ...
pass ပြတဲ့အထိစောင့်ပါ ..
Pass ပြပီး Reboot ပြန်လည်သွားမှ Firmware တင်ခြင်းပီးဆုံးပါပီ
တစ်ခုခု အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Advertise Here !

Software Full Version Download and Tech News Update

Coolpad 7060s-s40 အရင်ကတင်ထားပေးတုန်းက
pass လိုနေလို့ ဆိုပီးတောင်းထားတဲ့သူတွေအတွက်
pass က virus ကိုက်သွားလို့ ဒေါင်းထားတဲ့သူတွေကို
အရမ်းပဲ အားနာမိပါတယ်..
ဒါကြောင့် သေချာမယ့် လင့်တစ်ခုကနေ
ပြန်share ပေးတာပါ...အောက်ကနေ
ဒေါင်းလုပ်ယူနိုင်ပါတယ်..
နယ်ရောက်နေလို့ လင့်၂ခုမတင်ပေးတော့ဘူးနော်..



Download : (262.51) MB
  
Rar pass >>>>> www.sithumobile.com
credit >> > Sithumobile.com  
လင့်သေသွားသည်ဖြစ်စေ.
pass ရှိနေလို့ ဖြစ်စေ..အကြံပေးချင်ပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေချင်ပါတယ်ခင်ဗျာ..



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Advertise Here !

Software Full Version Download and Tech News Update


Universal Android Tools 2014 ( Test ) Version
Universal_Android_Tools_2014_Version.2014003.rar 3.18 MB

Download

ref:Su Su Tun

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။
.
ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍
အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး
ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။
.
မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါပဲ။ တန်ဆောင်မုန်း
ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက
တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့
သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ်
ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း
နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
.
မဇ္ဈိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။
ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည်
အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ်
မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
.
မဲဇလီနှင့် ကျန်းမာရေး
************************
.
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ
သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ
ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့  အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား
ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။
.
(၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ်
မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။
.
(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။
.
(၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
.
(၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။
.
(၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။
.
(၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်
ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။
.
(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
.
(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။
.
(၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။
.
(၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။
.
(၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ
ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
.
(၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့ မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။
.
(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။
.
(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။
.
(၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။
.
(၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။
.
(၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
.
(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။
.
(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
.
(၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။
.
(၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်
သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ
များ မဖြစ်စေနိုင်ပါ။
.
(၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။
.
(၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။
.
တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။
.
မြ၀တီ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

Android ဖုန်းUsers တွေအတွက် မရှိမဖြစ်လိုအပ်မယ့် Root Checker Pro ဖြစ်ပါတယ်။ အထူးအားဖြင့်  ဒီဆော့ဝဲလေးကိုတော့ ဖုန်းကလစ်သူနဲ့ဖုန်းService သမားတွေ အထူးရှိနေသင့်တဲ့ဆော့ဝဲကောင်းလေးပါ။ဖုန်းတစ်လုံးကို Root လုပ်ပြီးတဲ့အခါ Root-access ရှိလား
မရှိလား သိချင်တဲ့ အချိန် ဒီကောင်လေးနဲ့ စမ်းသပ်ရတာဖြစ်ပါတယ်၊ Update ဗားရှင်းသစ်အလေး ဆောင်ထားချင်တဲ့ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါပြီ။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက် Android OS 2.3 အထက်ရှိဖုန်းသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့2.84MB ဖြစ်ပါတယ်။





  Download Here

Advertise Here !

Software Full Version Download and Tech News Update

Xiaomi သည် Redmi Note 3 စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သည်။ အဆင့်မြှင့်တင်ထားသော အဆိုပါ စမတ်ဖုန်းသည် ယခင်အမျိုးအစားထက် အရွယ်ကြီးမားသလို ပိုမိုကောင်းမွန်ပြီး သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားကာ လက်ဗွေဖတ်စနစ်နှင့် အရွယ်ကြီးမားသည့် 4000mAh ဘက်ထရီတို့ ပါဝင်လာသည်။

Redmi Note 3 ကို အလူမီနီယံ သတ္တုစပ်ကိုယ်ထည်နှင့် ကွေးညွတ်သည့် အနားစွန်းများဖြင့် ဖန်တီးထားသည်။ အထူမှာ ၈.၆၅ မီလီမီတာဖြစ်ပြီး အလေးချိန်မှာ ၁၆၄ ဂရမ်ဖြစ်သည်။ ဘက်ထရီအရွယ်ကြီးမားသော်လည်း ယခင်အမျိုးအစားထက် ၄ ဂရမ်ကျော်သာ ပိုလေးသည်။

ကျောဘက်တွင် လက်ဗွေဖတ်စနစ်သစ်တစ်ခု ပါဝင်ပြီး ၎င်းသည် ၀.၃ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်ကြောင်း Xiaomi မှ ပြောကြားသည်။

အခြားအချက်အလက်များ အနေဖြင့် ၅.၅ လက်မ 1080p display, MediaTek Helio X10 processor, 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏတို့ဖြင့် ရရှိနိုင်သည်။ 32GB အမျိုးအစားကိုမူ 3GB RAM ဖြင့် ရရှိမည် ဖြစ်သည်။ ကျောဘက်ကင်မရာက 13-megapixel ဖြစ်ပြီး 4G dual SIM, Wi-Fi 802.11ac နှင့် MIUI 7 တို့ဖြင့် အသုံးပြုနိုင်သည်။

တန်ဖိုးမှာ 16GB အမျိုးအစားအတွက် ၈၉၉ ယွမ်ဖြစ်ပြီး 32GB အတွက် ၁,၀၉၉ ယွမ်ဖြစ်သည်။ ငွေရောင်၊ ရွှေရောင်၊ မီးခိုးရောင်တို့ဖြင့် ရရှိနိုင်သည်။

Ref: GSMArena

http://internetjournal.media/news/4883
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
1230415-1668405

Mobile Phone အသုံးပြုသူတော်တော်များများ သတိမထားမိကြတဲ့ Error လို့ပြောလို့ရတဲ့
Date & Time မမှန်တဲ့အချိန်ဖြစ်တက်တဲ့ Error လေးတစ်ခုကို ပြန်တွေးမိလို့ အကြံပြုပေးလိုက်ပါတယ်။
တစ်ခါတစ်လေ ကျတော့်ကိုမေးတက်ကြပါတယ်။ အကိုကျတော့် viber မှာ ဖုန်းနံပါတ်တွေက viber သုံးတယ်လို့
မပြတော့လို့ပါ။ viber မှာပုံတွေမပေါ်တော့ဘူး။ viber မှာ ရှိတဲ့လူအကုန်လုံးက online တွေပဲ အမြဲတမ်းပြနေတယ်။
Facebook ဆိုရင်လဲ ၀င်လိုက်တိုင်း Connection Error တွေပဲပြနေတယ် လို့မေးလာကြပါတယ်။ အဲဒီလို Error မျိုးတွေ
ကြုံလာပြီဆိုရင်တော့ Setting ထဲကိုသွားပြီး Date & Time Setting ကို ၀င်ကြည့်လိုက်ပါ။ Date & Time Setting မှာ
တနေရာမပာုတ် တနေရာတော့လွဲနေပါပြီ။ Date & Time Setting ကို မှန်ကန်စွာချိန်ပေးခြင်းဖြင့် အပေါ်ကလိုမျိုး
Error တွေနည်းတူ Online Application များနဲ့ပတ်သတ်တဲ့ Error များကိုဖြေရှင်းနိုင်ပါတယ် ခင်ဗျာ။
Remark >>> တစ်ခါတစ်ရံဖြစ်တက်တဲ့ သတိမထားမိတက်တဲ့ အခုလို Error များကြုံလာရင် အဆင်ပြေစေရန် အကြံပြုပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆင်ပြေပါစေ..


မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

ဒီနေ့တွက်လာ Android ဖုန်း tablet တွေအသုံးများနေတဲ့ Viber Version သစ်လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဒီနေ့ထွက်တာပဲရှိသေပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်ဆိုရင်လည်းမမှားပါဘူး။ ဘာဖြစ်ဆိုတော့ Viber ဆိုတာ Online ရတာနှင့် Free call တိုင်းတပါးသို့ရောက်နေသော အမေအဖေတွေကို free call,free Chatting and free တိုင်းတပါးသို့ေ၇ာက်နေသော သူကိုတွေကို မြင်နိုင်ပါတယ်။ နောက်ပြီး ချစ်စရာ အရုပ်ကလေးတွေ ပါလာတာကိုတွေ၇ပါတယ်။ ဒါကြောင့် Update OR Version new သုံးချင်းသူများအတွက် အောင်မှာဒေါင်းနိုင်ပါတယ်။





 Download Here

Advertise Here !

Software Full Version Download and Tech News Update


၁။ ခရီးထွက်ပါ။ အမှတ်တရနဲ့အတွေ့အကြုံတွေထဲမှာ ရင်းနှီးမြှုပ်နှံပါ။ မတူညီတဲ့ ယဉ်ကျေးမှုတွေထဲမှာ နစ်မြှုပ်ပိး မတူညီတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆုံဖို့ သင့်အချိန်ကို အသုံးချပါ။

၂။ ဒီအချိန်မှာ ပိုက်ဆံပိုက်ဆံဆိုပြီး ငွေနောက်ကိုချည်း မလိုက်သင့်ပါဘူး။ ငွေကြေးကို ရည်မှန်းချက်ပန်းတိုင်အနေနဲ့မဟုတ်ဘဲ သင်အလုပ်ကြိုးစားမှုရဲ့ ရလဒ်တစ်ခုအဖြစ်သာသတ်မှတ်ပါ။

၃။ ငွေကြေးစုဆောင်းပါ။ ငွေကို ဘုရင်တစ်ဆူလို မကိုးကွယ်နဲ့ဆိုပေမယ့် ရသမျှအကုန် အလဟဿ ဖြုန်းတီးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စုဆောင်းတတ်တဲ့အကျင့် ရှိပါစေ။

၎။ တက်တက်ကြွကြွနေပါ။ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အလွန်အထောက်အကူပြုပါတယ်။ ထိုင်းမှိုင်းလေးလံမှုကြောင့်ဖြစ်လာမယ့် မလိုလားအပ်တဲ့ရောဂါတွေကို တားဆီးပြီးသား ဖြစ်သွားတာပေါ့။

၅။ သင့်သွားတွေကို ဂရုစိုက်ပါ။

၆။ အရေပြားကိုလည်း ဒီအတိုင်းပါပဲ။

၇။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသောက်မှုပုံစံကို လေ့ကျင့်ပျိုးထောင်ပါ။

၈။ နည်းပညာမြင့်ပစ္စည်းတွေပေါ် မှီခိုတွယ်တာမှုကို လျှော့ချပါ။

၉။ စိတ်ဓာတ်ခွန်အားဖြည့်ပါ။

၁၀။ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ ခွင့်လွှတ်လိုက်ပါ။

၁၁။ ဒရာမာဇာတ်လမ်းတွဲတွေဇာတ်ကားတွေနဲ့ အချိန်မကုန်ပါစေနဲ့။

၁၂။ ရဲရင့်မှုကို တည်ဆောက်ပြီး အကြောက်တရားတွေကို ရင်ဆိုင်ပါ။

၁၃။ အချိန်ကို သေချာစီမံခန့်ခွဲအသုံးချပြီး ပိုမိုအကျိုးဖြစ်ထွန်းပါစေ။

၁၄။ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ပြီး အဓိကနဲ့ သာမညကို ခွဲခြားလုပ်ဆောင်တတ်ပါစေ။

၁၅။ လေ့လာသင်ယူပါ။ လေ့လာသင်ယူပါ။ လေ့လာသင်ယူပါ။

၁၆။ ကိုယ့်ကိုယ်ကိုယ်သိဖို့နဲ့ ကိုယ်ပိုင်ဥာဏ်အတွက် ရင်းနှီးမြှုပ်နှံပါ။ ကိုယ်ဘာလဲ၊ ကိုယ်ဘာလိုချင်လဲ၊ ဘယ်အရာကို ကိုယ့်ကိုပျော်ရွှင်စေလဲဆိုတာကို အဖြေရှာဖို့ ဒီအချိန်က အကောင်းဆုံးပါပဲ။

၁၇။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး အရင်ကလုပ်ခဲ့ရင် အခု ရပ်ပစ်လိုက်ပါ။

၁၈။ အမှားထဲကနေ သင်ခန်းစာယူအမှန်ကိုရှာပါ။

၁၉။ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကို အသိအမှတ်ပြုချီးကျူးပေါင်းသင်းပါ။

၂၀။ အရှိန်လျှော့ဘရိတ်အုပ်ရမယ့် အချိန်ကို သိပါ။ တစ်ချိန်လုံး ဘ၀မှာ ပြေးနေ၊အရှိန်နဲ့သွားမနေဘဲ တစ်ခါတစ်ရံလည်း အရှိန်လျှော့လို့ အနားယူပါ။

Phothutaw

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


ယနေ့ခေတ် အင်တာနက်သုံးစွဲသူတွေရဲ့ ၄၂ရာခိုင်နှုန်းဟာ သူတို့အီးမေးလ်တွေစစ်ဖို့နဲ့ လူမှုကွန်ယက်မှာ ပို့စ်တွေတင်ဖို့ အိမ်သာထဲမှာ ဖုန်းသုံးကြတယ်လို့ Adobe ရဲ့လေ့လာမှုအသစ်တစ်ရပ်ကနေ ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ခုလို အိမ်သာ၊ရေချိုးခန်းထဲမှာ အင်တာနက်သုံးတဲ့ အရေအတွက်ဟာ ပိုများလာဖို့သာ ရှိပြီး နည်းသွားဖို့မရှိကြောင်းလည်း ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ ခုသုံးစွဲသူပမာဏဟာလည်း အရင်ထက် ပိုများလာတာကြောင့်ပါ။

ဒါ့အပြင် ဒီလေ့လာမှုမှာ နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တွေကတော့ အင်တာနက်သုံးစွဲသူတွေထဲက ၃၄ရာခိုင်နှုန်းက အီးမေးလ်လိပ်စာအသစ်တွေ လုပ်နေကြပြီး ခုလို လုပ်ကြရခြင်းဟာ သူတို့ရဲ့ inbox တွေ spam တွေများလွန်းတာမို့ ဒါကို မထိန်းချုပ်နိုင်တော့တာကြောင့် ဖြစ်ပါတယ်တဲ့။ ဒါ့အပြင် အင်တာနက်သုံးစွဲသူ ၄၀ရာခိုင်နှုန်းကတော့ လူမှုကွန်ယက်တွေကို နေ့တိုင်းသုံးနေပေမယ့် သူတို့အီးမေးလ်တွေကိုတော့ ငါးရက်တစ်ကြိမ်တောင် ၀င်မစစ်ကြပါဘူးတဲ့။

ကဲ သတိပေးချင်တာကတော့ အိမ်သာထဲကို ဖုန်းယူသွားတတ်တဲ့ ကိုကိုမမတွေ အင်တာနက်သုံးရင် အိမ်သာကြွေခွက်ထဲ ဖုန်းပြုတ်မကျသွားအောင်တော့ ဂရုစိုက်ကြပါလို့။ ဒါ့အပြင် သင့်ဖုန်းမှာ ဘက်တီရီးယားပေါင်းများစွာကပ်နေပြီဆိုတာလည်း တစ်ချက်သတိပြုလိုက်ပါဦး။

TrendMyanmar
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
မိမိ G-mail ရဲ့ Start Date ကို ဘယ်လိုကြည့်မလည်း



မင်္ဂလာပါ ဒီနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ မိမိ G-mail
အကောင့်ရဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ Start Date ကို ကြည့်တဲ့နည်းလေး
ဖြစ်ပါတယ်။ ဒီနည်းက ဘာတွေအသုံးဝင်သလည်း ဆိုတော့ ကျတော်
တို့ G-mail Account က တစ်စုံတစ်ယောက်က ဟက်သွားတာပဲဖြစ်ဖြစ်
မိမိကိုယ်တိုင်ကပဲ မိမိ Password ကိုမေ့သွားတာပဲ ဖြစ်ဖြစ် လုံးဝင်လို့
မရတော့တဲ့အနေအထားတစ်ခုမှာ ကျတော်တို့က G-mail ကို Recovery
လုပ်ယူကြရပါတယ်။ ထိုကဲ့သို့ Recovery လုပ်ယူတဲ့အခါမှာ အရေးကြီးတဲ့
အချက်တွေထဲက လုံးဝကို အဓိက ကျတဲ့ အချက်တစ်ခုတော့ G-mail ရဲ့
Start Date ပဲဖြစ်ပါတယ်။


အထက်ပါပုံကို ဖြည့်နိုင်မှ ကျတော်က သို့မဟုတ် Recovery ဆရာကြီးတွေက
(ကျတော်ကတော့ Recovery ဆရာတော့ဟုတ်ပါဖူး… End User လေးတစ်
ယောက်ပါ) ဆက်လက်လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျတော်တို့က မိမိရဲ့
G-mail ကို ဖွင့်ထားတာတော့ ကြာပြီ၊ ဒါပေမယ့် ဘယ်နေ့ ၊ ဘယ်ရက်၊ ဘယ်လ
ဘယ်နခုနှစ်တုန်းက ဖွင့်ခဲ့တာလည်း ဆိုတာ မမှတ်မျိကြတဲ့လူတွေအတွက်ကို
ပြောပါ့မယ်။ ကဲစကားတွေများနေပြီး အရင်ဆုံး မိမိ ကြည့်ချင်တဲ့ Mail Account
ကို အရင် ၀င်လိုက်ပါ့မယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှာ သင့်ရဲ့ Primary Inbox ရှိတဲ့နေရာမှာ မှင်အနီ
ဝိုင်းပြထားတဲ့ နေရာက သင့် မေးလ်ထဲကို ၀င်ထားသမျှတွေကိုဖော်ပြ
ထားတာဖြစ်ပါတယ်။ အခုလက်ရှိအရဆိုရင် 1-50 of 829 ဆိုတာက
မေးလ် အစောင် ၈၂၉ ထဲကမှ နောက်ဆုံး ၀င်ထားတဲ့နေရာကို အခု
၅၀ စာ ဖော်ပြထားခြင်းကို ဆိုလိုတာပါ။ ဒီတော့ ကျတောတို့က
အဲ့ဒီအပေါ်နားလေးမှာ Pointer လေးကို သွားတင်ပီး မျှားအနီလေး
ပြထားတဲ့ Oldest ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းမှာ 801-829 of 829 ဆိုတာဖြစ်သွားပါပြီ။
ဒါဟာ သင့်မေးလ် အစောင် 829 ခုထဲမှာမှ 829 ခုစာကို တစ်ခု
တည်းဖော်ပြထားပေးတာကို ဆိုလိုတာပါ။ ဒီတော့ ကျတော်တို့က
အောက်ဆုံးကို စွဲချလိုက်တဲ့အခါမှာအောက်ပါပုံအတိုင်း



ကျတော်တို့ G-mail အကောင့် စဖွင့်တုန်းက မှတ်မိကြလားမသိဘူး
မိမိ အကောင့်ထဲကို ၀င်လာတဲ့ Gmail Team က ပို့တဲ့ Mail ၃ စောင်
ကိုမြင်ရမှာဖြစ်ပါတယ်။ ဒါဟာ သင့် G-mail ကို စဖွင့်ခဲ့တဲ့ လ၊ ရက်၊ ခုနှစ်
ပဲဖြစ်ပါတယ်။ ကဲ ဒီနည်းလမ်းလေးနဲ့ သင့်မေးလ် အကောင့် ဘယ်တုန်းက
စဖွင့်ခဲ့တာလည်း ဆိုတာကို မှတ်မိအောင် ပြန်လုပ်ထားနိုင်ကြပါစေ…….
အကြောင်းအမျိုးမျိုးကြောင့် Account Hack ခံလိုက်ရတာပဲ ဖြစ်ဖြစ်၊
Password မေ့သွားတာမျိုးမှာပဲ ဖြစ်ဖြစ် Recovery ပြန်ဆွဲတဲ့အခါ အရမ်း
အသုံးဝင်လာပါလိမ့်မယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Advertise Here !