japan1
Saya လို့ အမည်ရတဲ့ ဂျပန်မင်းသမီးလေး Saya ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့ ပါတယ်။ အကြောင်းကတော့ သူမကို အချို့က ကွန်ပြူတာဖြင့် ဖန်တီးတယ်လို့ ယုံပေမယ့် အချို့က မယုံလို့ ဖြစ်ပါတယ်။ တကယ်လည်း ယုံနိုင်စရာ နည်းလှအောင် ဖန်တီးသူများဟာ အင်မတန်တော်လှပါတယ်။
တိုကျိုမြိုကမှာ နေထိုင်တဲ့ Freelance ဒီဇိုင်နာ လင်မယား နှစ်ဦးက ၎င်းတို့ရဲ့ အားလပ်ချိန်မှာ ဖန်တီးထားတာ ဖြစ်ပါတယ်။ 3D Design tool ဖြစ်တဲ့ Matya ကို အသုံးပြုပြီး အခြားသော tool များကိုလည်း သုံးပါတယ်။ Matya ဟာ ဟောလိဝုဒ်နဲ့ နိုင်ငံတကာ ရုပ်ရှင်တွေမှာ ကွန်ပြူတာ effect ထည့်ဖို့အတွက် ဒီဇိုင်းမှာ ထည့်သွင်း ရေးဆွဲရာမှာ အသုံးများတဲ့ Software ဖြစ်ပါတယ်။ Software ဘယ်လောက် ကောင်းကောင်း ရေးသားသူရဲ့ အရည်အချင်းပေါ်မှာလည်း မူတည် ပါတယ်။ ဒီဇိုင်နာ လင်မယားအနေနဲ့ ၎င်းတို့ ရေးဆွဲခဲ့တဲ့ Saya ကို မူပိုင်ခွင့်ယူထားပြီး ကိုယ်ပိုင် ကိုယ်တိုင်ဖန်တီး ရုပ်ရှင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သူမဟာ စက်ရုပ် တန်ဆာ ကို ဝတ်ဆင်မှာ ဖြစ်တာကြောင့် စက်ရုံတန်ဆာ ကိုပါ ရေးဆွဲထားပါတယ်။
၎င်းတို့အနေနဲ့ Saya ကို အခြေခံပြီးတော့ Sci-Fi ရုပ်ရှင်ဖန်တီးမှာ ဖြစ်ပါတယ်။ တကယ့် လူပုံနဲ့ အင်မတန်တူလှတဲ့ ကျောင်းသူအရွယ် Saya ဂျပန်မလေးကို ဓာတ်ပုံမှာ ကြည့်ရှု နိုင်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
#aungkham_mma

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: