https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xap1/t31.0-8/s720x720/10918970_627306594036757_5012043816590167916_o.jpg 
မန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ ဆွေသဟာရယူထားသူများအနေဖြင့် ဖုန်းခေါ်ချိန် ၅မိနစ် ကျော်ပါ က နောက်ထပ် ၅၅မိနစ်စာအခမဲ့ပြောနိုင်မည့် အစီအစဉ်ကို ၁လထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ပါသည်။ ယခင်က စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ သတ်မှတ်ခဲ့သော အဆိုပါပရိုမိုးရှင်း ကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ၁လထပ်မံတိုးမြှင့် ခဲ့ခြင်းဖြစ်သည်။“သုံးစွဲသူတွေဆီကနေ အခုလို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကြားသိရတာတကယ်ကို ၀မ်းသာရပါတယ်။

ကျွန်တော်တို့ MPT ကို အသုံးပြုသူတွေ အနေနဲ့ဒီအထူးအစီအစဉ်ကြောင့် တစ်နာရီအချိန် အတွင်း မှာ မိတ်ဆွေ တွေ၊ မိသားစုတွေဆီကိုမိနစ်အပိုများဖုန်း ခေါ်ဆိုနိုင်ကြပါပြီ။ သုံးစွဲသူတွေဆီက နှစ်ခြိုက်မှု နဲ့တောင်းဆိုမှုတွေ ကြောင့် ဒီ “နာရီတိုင်းမှာ ၅မိနစ်စာ” အထူးအစီအစဉ်ကိုနောက်ထပ်အချိန်ကာလ တစ်လတိုးမြှင့်ဖို့ ကျွန် တော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်တော်တို့ MPT အနေနဲ့သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့လိုအပ်ချက်တွေ ကိုအမြဲနားစွင့်နေပြီး အကောင်းဆုံး ၀န်ဆောင်မှု တွေပေးအပ်သွားမှာပါ” ဟု MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr.Taka- shi Nagashima က ပြောသည်။

အထူးအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်ပြီး ဆွေသဟာအသုံးပြုသူများ အားလုံးအတွက်ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည်ပထမဆုံး ၅မိနစ်အတွက်သာ တစ်မိနစ် ၂၃ကျပ် နှုန်း ဖြင့်ပေးဆောင်ရမည်ဖြစ်ပြီး၊ ကျန်ခေါ် ဆိုချိန်(အများဆုံး ၅၅မိနစ်အထိ) အခမဲ့ပြော ဆိုနိုင်မည်ဖြစ်သည်။သုံးစွဲသူတစ်ဦးသည် ၂၅ မိနစ်ကြာ ဖုန်းခေါ်ဆိုလျှင် ပထမဆုံး ၅မိနစ်အတွက်သာ ကုန်ကျမည်ဖြစ်ပြီး ကျန် ၂၀ မိနစ်ကိုအခမဲ့ပြော ဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်သော ဖုန်းခေါ်ဆိုမှု များအတွက်ကိုမူ မူလသတ်မှတ် ဈေးနှုန်းဖြစ်သော တစ်မိနစ် လျှင် ၂၃ ကျပ်ဖြင့်ကောက်ခံ သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ် အတွက် ဆွေသဟာရယူထားသူတိုင်းအကျုံး ၀င်ပြီး ဆွေသဟာရယူထားသူမှ မည်သည့် MPT ဖုန်းကိုမဆို(ကြိုးဖုန်းအပါအ၀င်) ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ဤအထူးအစီအစဉ်သည် GSM/ WCDMA ဆွေသဟာ အစီအစဉ် အသုံးပြုသူ တိုင်းအတွက် အလိုအလျောက်အကျုံးဝင်မည်ဖြစ်သည်။ ဤအစီအစဉ်အား ညနေ ၆နာရီမှ ည ၁၀နာရီအတွင်းအသုံးပြုနိုင်မည်မဟုတ်ဘဲ အခမဲ့ စကား ပြောဆိုချိန် များအတွက်တစ်ရက်လျှင်ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူ စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင် မည်ဖြစ်သည်။

GSM/WCDMA အသုံးပြုသူ များအနေဖြင့် ဆွေသဟာအစီအစဉ် ကိုရယူ လိုပါက ၁၃၃၂ သို့ "SWE" (သို့) "POSTSWE" ဟုစာတိုပေးပို့ကာ အခမဲ့ ရယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လက်ရှိ ဆက်သွယ်ရေးအော်ပရေ တာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် KDDI ကော်ပိုရေးရှင်း (KDDI)၊ Sumitomo ကော်ပိုရေး ရှင်း (Sumitomo)တို့နှင့်လုပ်ငန်းစပ်တူ ပူးပေါင်းရန် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူညီမှုလက်မှတ်ရေးထိုး ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများပိုမို အဆင်ပြေ လွယ်ကူစေရန်ကွန်ရက်များကို တိုးချဲ့ခြင်းနှင့်နည်းပညာသစ်များကို အသုံးပြု ၍ အရည် အသွေးမြင့်ဆက်သွယ်မှုကွန်ရက်အား ပြည်သူအများ သုံးစွဲစေနိုင် ရန် လုပ်ဆောင်လျက်ရှိပါသည်။
  
Credit Mobile Guide Journal (Every Monday)
သီဟထိုက်

ဆွေသဟာအစီအစဉ် ကိုရယူ လိုပါက ၁၃၃၂ သို့ "SWE" (သို့) "POSTSWE" ဟုစာတိုပေးပို့ကာ အခမဲ့ ရယူနိုင်ပြီး (" ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment:

0 comments:

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.