WhatsApp အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်းပေါင်းများစွာ ထိခိုက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခု သတိပေး





နာမည်ကျော် messaging ဝန်ဆောင်မှုဖြစ်သော WhatsApp ရှိ အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်း ၂၀၀ ခန့်တွင် အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း လုံခြုံရေးကုမ္ပဏီ Check Point မှ သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်သည် သုံးစွဲသူက မိမိ၏ ဖိုင်များသုံးစွဲခွင့်အတွက် အခကြေးငွေပေးရမည့် ransomeware အပါအဝင် malware များကို ဟက်ကာများက ဖြန့်ဝေစေနိုင်ကြောင်း သိရသည်။

၎င်းအားနည်းချက်သည် WhatsApp ဝက်ဘ်အခြေခံ ဝန်ဆောင်မှုတွင်သာ ဖြစ်ပေါ်ခြင်း ဖြစ်သည်။
WhatsApp သည် သြဂုတ်လကုန်ပိုင်းက ၎င်းပြဿနာနှင့် စပ်လျဉ်း၍ သတိပေးပြောကြားခဲ့ပြီးနောက် ပြင်ဆင်မှုတစ်ရပ်ကို ချက်ချင်း ပြုလုပ်ပေးခဲ့သည်။

Check Point ကမူ သုံးစွဲသူများအနေဖြင့် WhatsApp software ကို update လုပ်ကာ အားနည်းချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။

WhatsApp web app သည် မိုဘိုင်း app ၏ mirror ဗားရှင်းတစ်ခုဖြစ်ပြီး စမတ်ဖုန်းတွင် လက်ခံရရှိသော message များ၊ ဓာတ်ပုံများနှင့် အခြား content များကို web browser တစ်ခုပေါ်တွင် အသုးပြုနိုင်စေသည်။
လက်ရှိတွင် web app ကို အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိကြောင်းနှင့် စမတ်ဖုန်း app ကို အသုံးပြုသူ သန်း ၉၀၀ ရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

WhatsApp ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Ref: BBC
Credit  internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



WhatsApp အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်းပေါင်းများစွာ ထိခိုက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခု သတိပေး Title : WhatsApp အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်းပေါင်းများစွာ ထိခိုက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခု သတိပေး
Description : နာမည်ကျော် messaging ဝန်ဆောင်မှုဖြစ်သော WhatsApp ရှိ အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်း ၂၀၀ ခန့်တွင် အန္တရာယ်များ ကြုံတွေ့ရနိုင်...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.