Advertise Here !





ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဘန်ကောက်မြို့တွင် ပြေးဆွဲနေသော အများသုံး အဲကွန်းဘတ်စ်ကားများတွင် ကြော်ငြာပါဝင်သော အခမဲ့ WiFi ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် Pan B Media ထံ လိုင်စင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ကို National Broadcasting နှင့် Telecommunications Commission ၏ ဆက်သွယ်ရေးအဖွဲ့က သောကြာနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Plan B Media သည် ၁၅ မိနစ်လျှင် တစ်ကြိမ် ၁၀ စက္ကန့်စာ ကြော်ငြာပြသမည့် အခမဲ့ ဝန်ဆောင်မှုကို ထောက်ပံ့ရန်အတွက် Bangkok Mass Transit Authority နှင့် သဘောတူညီမှု ရရှိခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ စမတ်ဖုန်းများပေါ်တွင် Wi-Fi ကို ဖွင့်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Wi-Fi ချိတ်ဆက်ပြီးသည့်အခါတွင် ၎င်းတို့၏ ဆဲလ်ဖုန်းနံပါတ်နှင့် မွေးနေ့တို့ဖြင့် မှတ်ပုံတင်ပြီးနောက် SMS ဖြင့် password တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။

အခမဲ့ Wi-Fi ပထမဦးဆုံး ရရှိမည့် ဘတ်စ်ကားလိုင်းများမှာ 39, 510, 520, 555, 26, 60, 514, 511, 36, 73, 16, 503, 23, 70, 79, 515 နှင့် 556 တို့ ဖြစ်သည်။

Ref: Bangkok Post/Richard Barrow
Credit internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !