Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက်





Sony သည် အရှေ့ဘက်တွင် 13-megapixel ကင်မရာများ ပါဝင်သော Xperia C5 Ultra နှင့် Xperia M5 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။

Xperia C5 Ultra ကို Sony က PROselfie စမတ်ဖုန်းသစ်ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတွင် 13-megapixel ကင်မရာနှစ်ခုနှင့် 1920 x 1080 pixel resolution ဖြင့် ဖော်ပြပေးနိုင်သော full-HD ၆ လက်မ display တို့ကို အသုံးပြုထားသည်။ 1.7GHz octa-core processor, 2GB RAM အပြင် 4G ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီမှာ တစ်ကြိမ်အားသွင်းရုံဖြင့် နှစ်ရက်ခန့် သုံးနိုင်ကြောင်း Sony မှ ပြောကြားခဲ့သည်။

Xperia M5 တွင် အရှေ့ဘက်ကင်မရာက 13-megapixel ဖြစ်သော်လည်း ကျောဘက်ကင်မရာမှာ 21.5-megapixel ဖြစ်သည်။ 2GHz MediaTek Helio X10 octa-core processor ကို အသုံးပြုထားပြီး 1920 x 1080 pixel resolution ဖြင့် ဖော်ပြနိုင်သော ၅ လက်မ full-HD display နှင့် 3GB RAM အပြင် နှစ်ရက်ကြာ သုံးနိုင်မည့် 2,600mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

C5 Ultra နှင့် M5 စမတ်ဖုန်းများကို dual SIM ဖြင့် အသုံးပြုနိုင်ပြီး ရွေးချယ်ထားသော ဈေးကွက်များတွင် သြဂုတ်လလယ်၌ တင်ပို့ရောင်းချမည်ဟု သိရသည်။

Ref: CNET
Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက် Title : Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက်
Description : Sony သည် အရှေ့ဘက်တွင် 13-megapixel ကင်မရာများ ပါဝင်သော Xperia C5 Ultra နှင့် Xperia M5 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။ Xperia ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.