Samsung Galaxy Note 5 ကို မြန်မာနိုင်ငံတွင်ရောင်းချ






နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ Samsung Galaxy Unpacked ပွဲကြီးကို ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Galaxy Unpacked ပွဲမှာ Samsung ရဲ့ မိုဘိုင်းဖုန်း အသစ်တွေကို မိတ်ဆက်ပြသလေ့ရှိပါတယ်။ ဒီနှစ် Samsung Galaxy Unpacked 2015 မှာ Samsung ရဲ့ Products အသစ်နှစ်မျိုးဖြစ်တဲ့ Samsung Galaxy S6 Edge+ နဲ့ Samsung Galaxy Note 5 တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဆိုပါ Products နှစ်မျိုးကို Samsung မှ နိုင်ငံတကာရဲ့ ဈေးကွက်ထဲကို နေ့ရက်အချိန် ကွဲပြားစွာ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်ပြိုင်နက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

Samsung Galaxy Note 5 ဟာ သေသပ်လှပတဲ့ ဒီဇိုင်းများနဲ့ Feature အသစ်များကိုထည့်သွင်းပေးထားတဲ့ အတွက်ကြောင့်  စတင်မိတ်ဆက်နေစဉ်အတွင်း စိတ်ဝင်စားသူအများအပြားရှိခဲ့ပါတယ်။ Samsung Galaxy Note 5 ကို စိတ်ဝင်စားသလောက် သူ့မှာပါဝင်တဲ့ Feature  အသစ်တွေကလည်း စွဲမက်စရာကောင်းလှပါတယ်။ Samsung Galaxy Note 5 ရဲ့ မျက်နှာပြင်အကျယ်ဟာ 5.7 လက်မရှိပါတယ်။ Note 5 ပေါ်မှာ မိမိပြုလုပ်သမျှ တာဝန်တိုင်းကို လျင်မြန် သွက်လက်စွာ ဆောင်ရွက်ပေးနိုင်မဲ့ Processor က Exynos 7420 octa-core (2.1GHz quad + 1.5GHz quad) 64bit, 14nm  ဖြစ်ပြီး RAM ကိုလည်း 4GB (LPDDR4) အထိတိုးမြှင့်ပေးထားပါတယ်။

 ဒါ့ကြောင့် Multi Window အသုံးပြုမှုကို လျင်မြန်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး အခြား Feature များကိုလည်း လျင်မြန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာကိုလည်း iPhone 6 Plus နဲ့ နှိုင်းယှဉ်ကာ မိတ်ဆက်ပြသခဲ့တဲ့ Samsung Galaxy Note 5 ရဲ့ ကင်မရာအရည်အသွေးဟာ ညအမှောင်မှာ ဓါတ်ပုံ ၊ ဗီဒီယိုရိုက်ခဲ့မယ်ဆိုရင်တောင် အကောင်းဆုံး အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ ဒီလို အရေသွေးကောင်းမွန်တဲ့ Galaxy Note 5 ရဲ့ အပြင်ဘက် ကင်မရာဟာ 16MP, f/1.9, OIS နဲ့ အတွင်းဘက် ကင်မရာကတော့ 5MP, f/1.9 တို့ဖြစ်ပြီး 4K အရည်အသွေးရှိတဲ့ ဗီဒီယို၊ ဓါတ်ပုံတို့ကို ရိုက်ကူးရယူနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy Note 5 ဟာ Storage ပမာဏ 32 GB နဲ့ 64 GB ဆိုပြီး ထုတ်လုပ်ထားပေး ပါတယ်။ memory ထပ်ဖြည့်ဖို့ SD ကဒ် ထည့်စရာတော့ မပါပါဘူး။ ဘက်ထရီအား သိုလှောင်မှုကို ကြာရှည်ခံနိုင်အောင် ပြုလုပ်ပေးထားသလို အားသွင်းတဲ့ အခါ မြန်ဆန်စွာ အားသွင်းနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ ဘက်ထရီက 3000 mAh ပါ။ ယခင် Note 4 ထပ် 220 mAh လောက် လျော့သွားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်  မြင့်မားလာတဲ့ RAM နဲ့ Processor ကြောင့် battery life အတော်လေး တိုးလာတဲ့ စမတ်ဖုန်းပါ။ 

Wireless ဖြင့်လည်း ဘက်ထရီအားသွင်းနိုင်ပါသေးတယ်။ အင်တာနက် လိုင်းစွဲအား ကောင်းမွန်စေရန်အတွက်  Cat.9 Network ကို အသုံးပြုထားပြီး  4G LTE ကို Support ပေးထားပါတယ်။ နောက်ထပ် Wireless အသုံးပြုမှုများကို အဆင်ပြေစေရန်အတွက် 802.11ac Wifi, 2.4/5GHz, MIMO (2x2), 620Mbps , Bluetooth v4.2 LE, ANT+ နဲ့ NFC တို့ကို လည်းထည့်သွင်းပေးထားတဲ့အတွက်ကြောင့် Wireless အသုံပြုမှုကို တွင်ကျယ်စေမှာဖြစ်ပါတယ်။

Samsung Galaxy Note ထွက်တိုင်း အသုံးပြုသူတို့ကို ငြို့ယူထားတဲ့ အရာကတော့ SPen ပဲဖြစ်ပါတယ်။ အရင် SPen တွေထက် Note 5 မှာပါဝင်တဲ့ SPen ကို ပိုကောင်းအောင်ပြုလုပ်ထားပါတယ်။ SPen ကို ဖုန်းအတွင်းထည့်ထားတဲ့ ပုံစံကအစ သေသပ်လှပတဲ့အပြင် အသုံးပြုလိုပါက လက်သည်းနဲ့ကုတ်ခြစ်ပြီး စွဲထုတ်စရာမလိုပဲ အတွင်းထဲသို့ ညင်သာစွာ တွန်းလိုက်တာနဲ့ အပြင်ကို အလိုလျောက်ထွက်လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ တစ်ခုခုကို အလျင်စလို မှတ်သားစရာရှိလာခဲ့တဲ့အခါ Note 5 Screen Power ကိုဖွင့်စရာမလိုပဲ မျက်နှာပြင်ပေါ်မှာ SPen ကိုစွဲထုတ်ကာ ရေးမှတ်ရုံနဲ့ Note ထဲမှာ တစ်ခါတည်း ရေးမှတ်ပြီးသားဖြစ်သွားမှာပါ။

နောက်တစ်ချက်ကတော့ Side Sync ပဲဖြစ်ပါတယ်။ မိမိ Note 5 ထဲမှာရှိနေတဲ့ Data ၊ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တို့ကို မိမိကွန်ပျူတာ အတွင်းသို့ Sync လုပ်ကာ အသုံးပြုနိုင်ပါတယ်။ Side Sync ကို အသုံးပြုလိုပါက USB နှင့်သာမကပဲ Wireless အနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ Wireless အနေနဲ့အသုံးပြုလိုရင်တော့ မိမိအိမ်မှာ Wifi Network ကိုတပ်ဆင်ထားရမှာဖြစ်ပါတယ်။ Side Sync ကို အသုံးပြုပြီး  ဖုန်းမှာ ပြုလုပ်နိုင်တဲ့ Feature တွေဖြစ်တဲ့ ဖုန်းခေါ်ခြင်း ၊ SMS ပို့ခြင်း နှင့် Chat ခြင်းတွေကိုပါ ပြုလုပ်နိုင်ပါသေးတယ်။  ဒါ့အပြင် ဗီဒီယိုတွေကို ကြည့်ရှုရာမှာ Livestrem ကြည့်ရှုနိုင်ခြင်းကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် အသံအရည်အသွေးကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ 

လက်ရှိ Samsung Galaxy Note 5 ဟာ စီးပွားရေး သမားများကြား စိတ်အဝင်စားဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် နေရာယူလာပါတယ်။

Aung Ko Htet (MaungPauk.org)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung Galaxy Note 5 ကို မြန်မာနိုင်ငံတွင်ရောင်းချ Title : Samsung Galaxy Note 5 ကို မြန်မာနိုင်ငံတွင်ရောင်းချ
Description : နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ Samsung Galaxy Unpacked ပွဲကြီးကို ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကျင်...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.