Advertise Here !





သဘာဝ ဘေးအန္တရာယ်ကြောင့် ဆက်သွယ်မှုစနစ် ချို့ယွင်း ပြတ်တောက်မှုများအား ပြင်ဆင်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးမှုကြောင့် အော်တိုအိတ်ချိန်း ၅ ခု၊ မိုဘိုင်းစခန်း ၂၅ ခု၊  ဖိုင်ဘာဆက်ကြောင်း ၂ ခုနှင့် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်း ၁ ခု ချို့ယွင်း ပြတ်တောက်ခဲ့ရာ အော်တိုအိတ်ချိန်း ၄ ခု၊ မိုဘိုင်းစခန်း ၂၀ ခုနှင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်း ၁ ခု ဆက်သွယ်မှု ပြန်လည်ရရှိခဲ့ပြီး အော်တိုအိတ်ချိန်း ၁ ခု၊ မိုဘိုင်းစခန်း ၅ ခုနှင့် ဖိုင်ဘာဆက်ကြောင်း ၂ ခုတို့အား ဆက် လက် ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီးတွင် ရေကြီးမှုကြောင့် အော်တိုအိတ်ချိန်း ၅ ခု၊ မိုဘိုင်းစခန်း ၂၅ ခု၊ ဖိုင်ဘာဆက်ကြောင်း ၂ ခုနှင့် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်း ၁ ခု ချို့ယွင်းပြတ်တောက်ခဲ့ရာ အော်တိုအိတ်ချိန်း ၃ ခု၊ မိုဘိုင်း စခန်း ၂၂ ခုနှင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်း ၁ ခု ဆက်သွယ်မှုပြန်လည်ရရှိခဲ့ပြီး အော်တိုအိတ်ချိန်း ၂ ခု၊ မိုဘိုင်းစခန်း ၃ ခုနှင့် ဖိုင်ဘာဆက်ကြောင်း ၂ ခုတို့အား ဆက်လက်ပြုပြင် ဆောင်ရွက်လျက် ရှိသည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့် အော်တိုအိတ်ချိန်း ၂ ခု၊ မိုဘိုင်းစခန်း ၂၃ ခုနှင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်း ၂ ခု ချို့ယွင်းပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိတွင် စခန်းများ အားလုံး ဆက်သွယ်မှု ပြန်လည်ရရှိပြီးဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရေကြီးမှုကြောင့် အော်တိုအိတ်ချိန်း ၂ ခု၊ မိုဘိုင်းစခန်း ၁ ခု၊ ချို့ယွင်းပြတ်တောက်ခဲ့ရာ စခန်းများအားလုံး ဆက်သွယ်မှု ပြန်လည် ရရှိခဲ့ပြီး ဖြစ်သည်ဟု သြဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ရေကြီးမှုကြောင့် မိုဘိုင်းစခန်း ၅ ခု ချို့ယွင်းပြတ်တောက်ခဲ့ကြောင်း၊ မိုဘိုင်းစခန်း ၃ ခု ဆက်သွယ်မှု ပြန်လည်ရရှိခဲ့ပြီး မိုဘိုင်းစခန်း ၂ ခုအား ဆက်လက်ပြုပြင် ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။

ချို့ယွင်းပြတ်တောက်လျက်ရှိသော ဆက်သွယ်ရေးစခန်းများအား ဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားထားသည်။ သဘာဝဘေး အန္တရာယ်ကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အပါအဝင် အော်ပရေတာများ၏ ဖိုင်ဘာဆက်ကြောင်း အချို့ ဆက်သွယ်ရေးကွန်ရက် အချို့ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

 Ref&Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !