Advertise Here !





ဆယ်ကျော်သက် လူငယ်များစွာ အသုံးပြုလျက်ရှိသော Kik သည် ကုမ္ပဏီပေါင်းများစွာမှ ရင်းနှီးမြှုပ်နှံမှုငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိကြောင်း နောက်ဆုံး တွက်ချက်မှုအရ သိရသည်။ ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်အခြေစိုက် Waterloo ကုမ္ပဏီမှ ပိုင်ဆိုင်သော Kik ကို WeChat ပိုင်ဆိုင်သည့် Web portal ကုမ္ပဏီ Tencent မှကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့ထားသည်။

Kik သည် ကုန်ပစ္စည်းများ ရောင်းချခြင်းမှ မီဒီယာလုပ်ငန်း လုပ်ကိုင်ခြင်းအထိ အောင်မြင်နေသည့် WeChat နှင့် KakaoTalk ကဲ့သို့ အာရှ messaging app ကုမ္ပဏီများကဲ့သို့ အောင်မြင်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Kik ကိုစာရင်း ပေးသုံးစွဲသူ သန်း ၂၄၀ အထိ ရှိသော်လည်း ကုမ္ပဏီအနေဖြင့် ၎င်း app ကိုမည်မျှ သုံးစွဲလျက်ရှိကြောင်း ဖော်ပြခဲ့ခြင်း မရှိပေ။

ယခုနှစ် အစောပိုင်းတွင် Kik သည် နည်းပညာဗျူဟာကျသည့် လုပ်ငန်းများ လုပ်ဆောင်ရန်အပြင် အလားအလာရှိသော ရောင်းချမှုများ ပြုလုပ်ရန်အတွက် Qatalyst Partners ကို ငှားရမ်းခဲ့သည်။ Kik အမှုဆောင်အရာရှိချုပ် တက်ဒ်လစ်ဗင်းစတုန်းက ၎င်း၏ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နိုင်မည့် အလားအလာရှိသော ကုမ္ပဏီများကို စာရင်းပြုစုထားကြောင်း ပြောကြားခဲ့သည်။ Kik ကို အမေရိကန်
နိုင်ငံရှိ ဆယ်ကျော်သက်အများစု သုံးစွဲလျက်ရှိပြီး ကြော်ငြာနှင့် ဒီဂျစ်တယ်ငွေကြေးများမှ ဝင်ငွေရရှိလျက်ရှိသည်။ သုံးစွဲသူများသည် ကြော်ငြာများ သို့မဟုတ် နာမည်ကျော် အမှတ်တံဆိပ်များနှင့် အပြန်အလှန် ဆက်ဆံခြင်းဖြင့် “Kik Points” ရရှိကြပြီး ၎င်းဖြင့် ဒီဂျစ်တယ် စတစ်ကာများ ဝယ်ယူကြသည်။

 နာမည်ကျော် အမှတ်တံဆိပ်များသည် Kik တွင် account များရှိပြီး သုံးစွဲသူများနှင့် ထိတွေ့လျက်ရှိသည်။ ၎င်းတို့၏ account များကို ကြော်ငြာလိုလျှင် Kik သို့ငွေကြေးပေး၍ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် နာမည်ကျော် အမှတ်တံဆိပ် account ၈၀ ခန့်သည် Kik သုံးစွဲသူ ၁၆ သန်းဖြင့် ဆက်သွယ်လျက်ရှိကြောင်း သိရသည်။

ယခင်က Kik သည် ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၇၀.၅ သန်းရရှိခဲ့ပြီး လာမည့် ၁ နှစ်ကျော်အတွင်း လူ ၁၀၀ ရှိသော အဖွဲ့ကို နှစ်ဆတိုးမြှင့်ရန် ၎င်းရင်းနှီးမြှုပ်နှံမှုကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။

Ref: Fortunes
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !