Advertise Here !

နည်းပညာတက္ကသိုလ်(မန္တလေး)၏ နှစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ဘားကမ့်ပွဲအား ယခုအကြိမ်တွင် EDU Camp အမည်ဖြင့် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပွဲတက်ရောက်မည့်သူများအတွက် ယခင်ကထက် အသိပညာ၊ အတတ်ပညာများကို ပိုမိုကောင်းမွန်ပြည့်စုံစွာ ဆွေးနွေး လာနိုင်စေရန် တက္ကသိုလ်ပညာရပ်များသာမက အခြားပညာရပ်များကိုလည်း စုံလင်စွာ ဆွေးနွေးဖလှယ်လာနိုင်စေရန် ရည်ရွယ်ကာ အမည်ပြောင်းလဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

EDU-Camp TU(Mandalay)ကို နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ယခု ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ် ၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဦးကျော်သူ(နာရေးကူညီမှု အသင်း)၊ ဒေါ်ဆွေဇင်ထိုက် ၊ ခင်မောင်ညို(ဘောဂဗေဒ)၊ ဦးချစ်စရာ(မန်း)၊ ဇော်ခိုင်ဦး၊ ညီပုလေး၊ ကောင်းလွန်း၊ ဒေါက်တာ ဆင့်စိုး၊ ဒေါက်တာထက်မင်းလွင်၊ ဒေါက်တာ လှမိုး၊ အောင်ကိုကိုတိုး(ယုံကြည်ရာ)၊ ညီစေမင်း၊ ဦးဘိုဘိုကျော်၊ ညိုထွန်းလူ၊ ဒေါက်တာထွန်းရွှေ (ဒသနိကဇေဒ)၊ ဒေါက်တာတေဇာဆန်း(ယုံကြည်ရာ) ၊ တင်မောင်သန်း(သင့် ဘ၀)၊ ဦစိုးထွန်း(NNER)၊ စူးမြင့်သိန်း၊ ဒေါ်ခင်မမမျိုး(Education& Development)၊ ဒေါက်တာမောင်သင်း၊ ဦးရဲမြတ်သူ( Alpha)၊ ဒေါ်မာလာကျော်၊ နေဘုန်းလတ်၊ ကျော် ရင်မြင့်၊ ဒေါ်မမနိုင်(မြန်မာရုပ်သေး)၊ ဦးတင်ဇံကျော်၊ နေ၀င်းမြင့်၊ ခင်ခင်ထူးတို့သာမက သက်ဆိုင်ရာ အင်ဂျင်နီယာ ကျွမ်းကျင်ဆရာ၊ ဆရာမများကလည်း ပါဝင်ဆွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ၏ ဘားကမ့်ပွဲများကို ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။

Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !