Advertise Here !


 Acer သည် သိုလှောင်မှုပမာဏများစွာ မလိုအပ်ဘဲ အလယ်အလတ်တန်းစား hardware များကို အသုံးပြုထားသော Aspire One Cloudbook 11 နှင့် Aspire One Cloudbook 14 laptop များကို မိတ်ဆက်ပေးခဲ့သည်။



အဆိုပါ Cloudbook များတွင် Microsoft ၏ OneDrive တွင် သိုလှောင်မှုပြုလုပ်ပြီး ဖိုင်များကို sync ပြုလုပ်နိုင်မည့် Microsoft Office 365 တစ်နှစ်စာ ရရှိမည် ဖြစ်ပြီး Acer ပိုင် cloud ဖြင့် သုံးနိုင်သော app များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။

Acer ၏ laptop သစ်များသည် Google Chromebook များနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်း laptop များသည် cloud ကို အခြေခံထားသောကြောင့် onboard သိုလှောင်မှုပမာဏ ကန့်သတ်ထားသည်။

၎င်းတို့ကို အွန်လိုင်းဝန်ဆောင်မှု၊ ပညာရေးနှင့် အခြားသောနယ်ပယ်များရှိ လူအများက ရွေးချယ်အသုံးပြုကြသည်။ Chromebook တွင် Google ၏ Chrome OS ကို အသုံးပြုထားသော်လည်း Acer ၏ Cloudbook သစ်များတွင် Windows 10 ကို အသုံးပြုထားသည်။

၁၁.၆ လက်မ screen ပါဝင်သော Aspire One Cloudbook 11 ကို ၁၆၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ပြီး အလေးချိန်မှာ ၂.၅ ပေါင် ဖြစ်သည်။ ၁၄ လက်မ screen ပါဝင်သော Aspire One Cloudbook 14 ကို ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ပြီး အလေးချိန်မှာ ၃.၅ ပေါင် ဖြစ်သည်။

၎င်း Cloubook များတွင် Windows 10 Home edition ကို Office 365 Personal နှင့် 1 terabyte OneDrive ဖြင့် သုံးနိုင်သည်။ ထို့အပြင် abPhoto, abMusic, abDocs နှင့် abFiles ဟူသော Acer ၏ cloud အခြေခံ abApps များလည်း ပါဝင်သည်။ ၎င်းတို့ကို စမတ်ဖုန်းနှင့် tablet များရှိ ဖိုင်များအား cloud မှတစ်ဆင့် sync ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။

တန်ဖိုးနည်း laptop များဖြစ်သောကြောင့် 1.6GHz Intel Celeron N3050 dual-core processor ကို အသုံးပြုထားပြီး Turbo Boost Technology ဖြင့် 2.16GHz အထိ သုံးနိုင်သည်။ 2GB memory နှင့် 1366 x 768 pixel resolution ဖြင့် ဖော်ပြနိုင်သော 16:9 LED-backlit display တို့ဖြင့် အသုံးပြုနိုင်သည်။
Onboard သိုလှောင်မှုကို eMMC flah memory card များမှတစ်ဆင့် တိုးမြှင့်နိုင်သည်။ Aspire One Cloudbook 11 ကို 16GB/32GB eMMC configuration များဖြင့် ရရှိနိုင်သလို Cloudbook 14 ကို 32GB/64GB eMMC configuration များဖြင့် ရရှိမည် ဖြစ်သည်။ ဘက်ထရီသက်တမ်းမှာ Cloudbook 11 အတွက် ၇ နာရီဖြစ်ပြီး Cloudbook 14 အတွက် ၆ နာရီဖြစ်သည်။

အဆိုပါ Cloudbook နှစ်မျိုးစလုံးတွင် နောက်ဆုံးပေါ် ကြိုးမဲ့စနစ် စံသတ်မှတ်ချက်ဖြစ်သော 802.11ac Wi-Fi ကို အသုံးပြုထားသည်။ ထို့အပြင် HDMI, USB 3.0, USB 2.0 နှင့် SD card များကိုလည်း ထောက်ပံ့ပေးထားသည်။

Aspire One Cloudbook 11 ကို သြဂုတ်လတွင် ၁၆၉ ဒေါ်လာဖြင့် စတင်ရောင်းချမည် ဖြစ်ပြီး Aspire One Cloudbook 14 ကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဟု သိရသည်။

Ref: CNET
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !