CB Bank ၏ Mobile Banking ကိုအသုံးပြု၍ ရေဘေးအတွက်လှူဒါန်းနိုင်

 
CB Bank သည် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့မိတ်ဆက်ခဲ့သည့် Mobile Banking ဝန်ဆောင်မှု၌ Donation for Myanmar Flood ဟူသော လုပ်ဆောင်မှုတစ်ခုကို ထည့်သွင်းခဲ့ပြီး ရေဘေး အတွက် အလှူငွေများ ထည့်သွင်းနိုင်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။

ယခုလ ၃ ရက်မှစတင်၍ Donation for Myanmar Flood လုပ်ဆောင်မှုကို ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုကို အသုံးပြု၍ နေ့စဉ်နေ့တိုင်း ငွေလွှဲ Transaction ပေါင်း ၂၀၀ ခန့်သည် ရေဘေးအတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်ဟု CB Bank မှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးဇေယျာမင်းအောင်က ပြောသည်။

“ဘဏ်အကောင့်ကို အခြေခံပြီး ဖွင့်လှစ်ထားတဲ့ Mobile Banking အသုံးပြုသူတွေအနေနဲ့ လှူဒါန်းနိုင်အောင် စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း CB ဘဏ်ခွဲ ၁၃၄ ခုနဲ့ Agent ပေါင်း ၁၀၇ ယောက် မှာလည်း အလှူငွေတွေကို လက်ခံပေးပါတယ်” ဟု ဦးဇေယျာမင်းအောင်က ဆိုသည်။

CB Bank ၌ Mobile Banking ဝန်ဆောင်မှု အသုံးပြုသူအရေအတွက်သည် လက်ရှိအချိန်၌ ၇ သောင်း ဝန်းကျင်ခန့်ရှိပြီး နေ့စဉ်ငွေကြေးလွှဲပြောင်း၍ အလှူငွေပေးအပ်နေမှုမှာ ၂၀၀ ခန့် တည်ရှိနေခြင်းဖြစ်သည်။ အဆိုပါ Donation for Myanmar Flood အစီအစဉ်ကို ရေဘေးနှင့်ပတ်သက်၍ နိုင်ငံအတွင်း တည်ငြိမ်မှု ရရှိလာသည့်အခါမှသာ ရပ်တန့်သွားမည်ဟုလည်း သိရသည်။

Donation for Myanmar Flood မှ ရရှိလာသည့်အလှူငွေများသည် CB Bank Foundation ထံသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ CB Bank Foundation သည် လက်ရှိအချိန်၌ KMA Foundation နှင့် Golden Myanmar Airline စသည်တို့နှင့် ပူးပေါင်း၍ ရေဘေးကယ်ဆယ်ကူညီရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



CB Bank ၏ Mobile Banking ကိုအသုံးပြု၍ ရေဘေးအတွက်လှူဒါန်းနိုင် Title : CB Bank ၏ Mobile Banking ကိုအသုံးပြု၍ ရေဘေးအတွက်လှူဒါန်းနိုင်
Description :   CB Bank သည် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့မိတ်ဆက်ခဲ့သည့် Mobile Banking ဝန်ဆောင်မှု၌ Donation for Myanmar Flood ဟူသော လုပ်ဆောင်မှုတစ်ခုကို ထည...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.