August 2015
Software Full Version Download and Tech News Update




ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဘန်ကောက်မြို့တွင် ပြေးဆွဲနေသော အများသုံး အဲကွန်းဘတ်စ်ကားများတွင် ကြော်ငြာပါဝင်သော အခမဲ့ WiFi ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် Pan B Media ထံ လိုင်စင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ကို National Broadcasting နှင့် Telecommunications Commission ၏ ဆက်သွယ်ရေးအဖွဲ့က သောကြာနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Plan B Media သည် ၁၅ မိနစ်လျှင် တစ်ကြိမ် ၁၀ စက္ကန့်စာ ကြော်ငြာပြသမည့် အခမဲ့ ဝန်ဆောင်မှုကို ထောက်ပံ့ရန်အတွက် Bangkok Mass Transit Authority နှင့် သဘောတူညီမှု ရရှိခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ စမတ်ဖုန်းများပေါ်တွင် Wi-Fi ကို ဖွင့်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Wi-Fi ချိတ်ဆက်ပြီးသည့်အခါတွင် ၎င်းတို့၏ ဆဲလ်ဖုန်းနံပါတ်နှင့် မွေးနေ့တို့ဖြင့် မှတ်ပုံတင်ပြီးနောက် SMS ဖြင့် password တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။

အခမဲ့ Wi-Fi ပထမဦးဆုံး ရရှိမည့် ဘတ်စ်ကားလိုင်းများမှာ 39, 510, 520, 555, 26, 60, 514, 511, 36, 73, 16, 503, 23, 70, 79, 515 နှင့် 556 တို့ ဖြစ်သည်။

Ref: Bangkok Post/Richard Barrow
Credit internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ခွင့်ပြုပေးလိုက်ပြီဖြစ်သည့် အကြွေးဝယ်ခွင့်ကတ် (Credit  Card) သုံးစွဲမှုကို Online ချိတ်ဆက်မှုဖြင့် စနစ်ကျသည့် စီမံခန့်ခွဲမှုများဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေရေးအဖွဲ့ (MPU-Myanmar Payment Union) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်ဝန်းကျင်ကဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရသည့် အဖြစ်အပျက်များ ကို အခြေခံပြီး အကြွေးဝယ် ကတ် သုံးစွဲမှုကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း များ ပူးပေါင်း၍ စီမံခန့်ခွဲသွား မည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်းဘဏ် လုပ်ငန်းအချို့ ပြိုလဲခဲ့သည့် အချိန်ကာလ အတွင်းက အကြွေးဝယ်ခွင့်ကတ်များနှင့် ပတ်သတ်၍ အမည်မည်းစာရင်း မှတ်တမ်းရှိခဲ့သူများ အားလည်း အဆိုပါ ကတ်များအား ပြန်လည်သုံးစွဲခွင့်ပေးမည့် ယခု တစ်ကြိမ်တွင် စိစစ်သွားမည်ဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“၂၀၀၃ ကဖြစ်ခဲ့တဲ့ ဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရတာကို သင်ခန်းစာယူပြီး ဒီတစ်ကြိမ်မှာ စနစ်တကျနဲ့ လုပ်ပေးသွားမယ်။ အရင်တစ်ခေါက်က black list အသွင်း ခံထားရသူတွေကို သေသေချာချာ ဆန်းစစ်သွားမယ်။ အဓိကကတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အတွေ့အကြုံကို အခြေခံပြီး စီမံခန့်ခွဲမှုကို သေချာလုပ်ရမယ်။ ကတ်သုံးစွဲမှုကို စနစ်တကျ ထိန်းချုပ်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

MPU အဖွဲ့ဝင်ဘဏ်များ၏ အကြွေးဝယ်ခွင့်ကတ်များ အသုံး ပြုခွင့်ရရှိရန် တင်ပြချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် လအနည်းကမှ ခွင့်ပြုပေး လိုက်ခြင်းဖြစ်ပြီး ၂၀၀၃ ပြည်တွင်း ဘဏ်လုပ်ငန်း အချို့ ပြိုလဲမှုဖြစ် ပေါ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ထုတ်လုပ်ခွင့် ရရှိ ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် MPU အဖွဲ့ဝင် ဘဏ်လုပ်ငန်း ၂၀ အနက် ၁၅ ဘဏ်သည် အဆိုပါ အကြွေး ဝယ် ကတ်ထုတ်ဝေခွင့်ကို ရရှိထားပြီ ဖြစ်ပြီး ကမ္ဘောဇဘဏ်သည်ယင်း ကတ်သုံးစွဲမှုကို စတင်လုပ်ဆောင် ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 
အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 
 
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update





MPT ၏ ADSL အထူးဝန်ဆောင်မှုအချို့ နှစ်စဉ်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

MPT အနေဖြင့် ADSL အထူးဝန်ဆောင်မှုများတွင် Static IP Adress, ဖုန်းနံပါတ်ပြောင်းလဲခြင်း (သက်ဆိုင်ရာ အိတ်ချိန်း၊ အိတ်ချိန်း ပြောင်းလဲခြင်း) တို့အတွက် နှစ် စဉ်ကြေး မကောက်ခံကြောင်း တွေ့ရသည်။ Static IP Adress တွင် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်၊ သက်ဆိုင်ရာ အိတ်ချိန်းမှ ဖုန်းနံပါတ်ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင် ငါးသောင်းကျပ်၊ အိတ်ချိန်းပြောင်းလဲပြီး ဖုန်းနံပါတ် ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင်ခ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း နှစ်စဉ်ကြေး မကောက်ခံကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာထားသည်။

အဆိုပါ ဝန်ဆောင်မှုများတွင် အီးမေးလ်အကောင့် ထပ်ဖွင့်ခြင်းများအတွက် အကောင့် ၁၀ ခုအထိ နှစ်စဉ်ကြေး ၁၂,၀၀၀ ကျပ်၊ အကောင့် ၂၀ အထိ နှစ်စဉ်ကြေး ၁၀,၀၀၀ ကျပ်၊ အကောင့် ၃၀ အထိ နှစ်စဉ်ကြေး ၉,၀၀၀ ကျပ်၊ အကောင့် ၅၀ အထိ နှစ်စဉ်ကြေး ၈,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း တွေ့ရသည်။

ADSL လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ MPT ၏ ADSL အခြေခံဝန်ဆောင်မှုများ အနေဖြင့် ငါးမျိုးရှိပြီး 512 Kbps, 1Mbps, 1.5 Mbps, 2Mbps, 2.5 Mbps တို့ဖြစ်ကြောင်း သိရသည်။ အမျိုးအစားအားလုံးအတွက် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်နှင့် နှစ်စဉ်ကြေး ငါးသောင်းကျပ်စီ သတ်မှတ်ထားကြောင်း၊ လစဉ်ကြေးမှာ အမျိုးအစားအပေါ် မူတည်၍ ကွာခြားမည်ဖြစ်ကြောင်း တွေ့ရသည်။

အမျိုးအစားအပေါ်မူတည်၍ အခမဲ့အီးမေးလ်အကောင့်တစ်ခုမှ ၁၅ ခုအထိ ရရှိမည်ဖြစ်သည်။ လစဉ်ကြေးများမှာ ၁၇,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Clickအဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော Facebook သည် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး တစ်ရက်တည်းတွင် အသုံးပြုသူ တစ်ဘီလီယံရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ကို တနင်္လာနေ့တွင် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က Facebook post တစ်ခုဖြင့် ရေးသား ဖော်ပြခဲ့ပြီး တစ်နေ့တည်းတွင် ကမ္ဘာပေါ်ရှိ လူ ၇ ဦးအနက် တစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် ချိတ်ဆက်ရန် Facebook ကို အသုံးပြုခဲ့ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေ ၁.၅ ဘီလီယံကို ပိုင်ဆိုင်ထားသည်။ Twitter ကို လစဉ်သုံးစွဲသူ ဦးရေမှာ ၃၁၆ သန်း ဖြစ်သည်။ Facebook ကို သုံးစွဲသူဦးရေသည် ပုံမှန်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ၏ အောင်မြင်မှုတွင် မိုဘိုင်းသုံးစွဲသူများက အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်ကို နေ့စဉ် log in ဝင်ရောက်သူ ၉၆၈ သန်း၏ ၈၇ ရာခိုင်နှုန်းသည် စမတ်ဖုန်းနှင့် tablet မှ ဝင်ရောက်ခြင်း ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Facebook ကို မိုဘိုင်းမှ သုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အတူ ဝင်ငွေရရှိမှုလည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လတွင် ကြော်ငြာဝင်ငွေ ၇၆ ရာခိုင်နှုန်းကို မိုဘိုင်းထုတ်ကုန်များထံမှ ရရှိခဲ့ကြောင်း Facebook မှ ဆိုခဲ့သည်။

ကုမ္ပဏီ၏ Messenger mobile messaging app ကို သုံးစွဲသူဦးရေသည် သန်း ၇၀၀ ခန့်ရှိပြီး ဓာတ်ပုံနှင့် ဗီဒီယိုဝေမျှသည့် app ဖြစ်သော Instagram လစဉ်သုံးစွဲသူဦးရေ သန်း ၃၀၀ ရှိကြောင်း Facebook က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


Xiaomi နောက္ဆုံးထြက် UIျဖစ်သည့် Xiaomi MIUI 7 တြင်
ျမန္မာစာ ထည့်သြင်းအသုံျးပု ရန်အတြက် MIUI 7 Myanmar Font Installer
Zawgyi မွ Unicode .... Unicode မွ Zawgyiျေပာင်းလဲ ထည့်သြင်းအသုံျးပုနိုင်ပြီး
Clash Of Clan တြင်ျမန္မာစာ 100% မွန္ကန္စြာ ရေး၊ဖတ် နိုင္ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတြက္မဆျိုမန္မာစာ ထည့်သြင်းနိုင္ပါသည် ။

Play Store   Download Link
Media Fire  Download Link 

Unicode
***********
နောက်ဆုံးထွက် UI ဖြစ်သည့် Xiaomi MIUI 7 တွင်
မြန်မာစာ ထည့်သွင်းအသုံးပြု ရန်အတွက် MIUI 7 Myanmar Font Installer
Zawgyi မှ Unicode .... Unicode မှ Zawgyi ပြောင်းလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး Clash Of Clan တွင် မြန်မာစာ 100% မှန်ကန်စွာ ရေး၊ဖတ် နိုင်ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည် ။

Play Store   Download Link
Media Fire  Download Link 


Advertise Here !

Software Full Version Download and Tech News Update
IOWA
IOWA ဆိုတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ယာဉ်မောင်းလိုင်စင်တွေကို စမတ်ဖုန်းမှာထည့်သွင်းအသုံးပြုနိုင်အောင် ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း မနှစ်က မိတ်ဆက်ပြောကြားခဲ့ပါတယ်။ Iowa ရဲ့ အစီအစဉ်ဟာ ဒီနှစ်မှာတော့ အကောင်ထည်ပေါ်လာခဲ့ပါပြီ။ အခုချိန်ထိ စမတ်ကဒ် ယာဉ်မောင်းလိုင်စင်ကို  သွားလေရာ နေရာတိုင်းယူဆောင်နေရတဲ့ အခက်အခဲကို မိုဘိုင်းဖုန်း Application လေးတစ်ခုတည်းနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Mobile Driver License (mDL) လို့ခေါ်တဲ့ Application ကို IOWA သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဌာနခွဲရှိရာ နေရာများသို့ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

IOWA 1
ဒီ Application မှာတော့ လက်ရှိယာဉ်မောင်းလိုင်စင်မှာ ပါဝင်တဲ့ အချက်အလက်တွေအတိုင်းပဲ  ယာဉ်မောင်းသူရဲ့ ဓါတ်ပုံ ၊ မွေးနေ့ နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရက်များကိုလည်း ထည့်သွင်းပေးထားပါတယ်။ လိုင်စင်ရဲ့ အရှေ့ဘက်တင်မကပဲ အနောက်ဘက်ကိုပါကြည့်ချင်ရင်တယ်ဆိုရင်တော့ ဖုန်းမျက်နှာပြင်ကို ပွတ်လိုက်ရုံနဲ့ လိုင်စင်ရဲ့ အနောက်ဘက်အခြမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မိမိ ယာဉ်မောင်းလိုင်စင်ကို ယာဉ်ထိန်းရဲမှ စစ်ဆေးတဲ့အခါ ဖုန်းထဲမှာအသင့်ထည့်သွင်းပြီးသားဖြစ်တဲ့ mDL Mobile Application ကို ပြရုံနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအနေနဲ့လည်း ဒရိုင်ဘာရဲ့ ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးတဲ့အခါ အနီးကတ်ကြည့်ရှုနေစရာမလိုပဲ ယာဉ်ထိန်းရဲတွေအတွက် စီစဉ်ပေးထားတဲ့ Application ကို မိုဘိုင်းဖုန်းထဲ ထည့်သွင်းထားရုံနဲ့ ဖုန်းအချင်းချင်း Scan ဖတ်ကာ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းဟာ QR code ကို ဖုန်းနဲ့ Scan ဖတ်နေတဲ့လူတွေအတွက် အထူးပြောနေစရာမလိုပါဘူး။  ဒါပေမဲ့ လတ်တလောမှာတော့ မိုဘိုင်းလိုင်စင် application ကို iPhone မှာသာအသုံးပြုလို့ရအုံးမှာဖြစ်ပါတယ်။

Ref : Mashable
Aung Ko Htet (MMAS)
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
hacker1 
ပုံမှာ မြင်တွေ့နေရတဲ့ လှပဂေးမလေးဟ တရုတ်ပြည်က အထင်ကရ ဟာ့ဒ်ဝဲ ဟက်ကာမလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Nick name ကတော့ SexyCyborg ဖြစ်ပါတယ်။ နာမည်ထဲက အတိုင်းပဲ တကယ်လည်း Sexy ကျသူ ဖြစ်ကြောင်း ပုံကို မြင်ရုံနဲ့ သိမှာပါ။




Hardware hacker ဆိုတာကတော့ စက်ပစ္စည်းများရဲ့ လုပ်ဆောင်ချက်ကို ဟက်ခြင်း ဖြစ်ပြီး ဆော့ဖ်ဝဲကို ဟက်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဟက်ခြင်းဖြင့် လုံခြုံရေး စနစ်များ၊ ဆော့ဖ်ဝဲတွေ လည်ပတ်နေတဲ့ စနစ်များကို shut down ချနိုင်ပါတယ်။ တကယ်တော်တယ်ဆိုရင် ပြောတာပါ။ အဲ့ဒီလိုဟက်ဖို့အတွက် hardware ဟက်ကာတွေမှာ hacking Firmware အချို့ ထည့်ထားတဲ့ Stick ကို အမြဲ ဆောင်ထားရပါတယ်။

တကယ် ပြည့်စုံချင်ရင် Router, နဲ့ အခြားသော ကွန်ပြူတာချိတ်၊ network ချိတ် ပစ္စည်းများကိုပါ ဆောင်သွားရပါတယ်။ အဲ့ဒီလို ဆောင်တဲ့အခါ ကိုယ် ဟက်ချင်တဲ့ နေရာကို ဝင်တော့ အခက်တွေ့ပါတယ်။ စစ်ဆေးတွေ့ရှိခြင်း ပါ။ ဒီတော့ ယင်းကဲ့သို့ မတွေ့နိုင်အောင် ရည်ရွယ်ပြီးတော့ SexyCyborg အမည်ရ ဟက်ကာမလေးက ဒေါက်ဖိနပ်တစ်မျိုးကို ဒီဇိုင်းဆွဲ တီထွင်ပါတယ်။ ယင်းထဲမှာ Hacking လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်း အားလုံးကို အစီစဉ် တကျ ထည့်နိုင်ပါတယ်။

တစ်ဖက်မှာ Router ပါပြီး အခြားတစ်ဖက်မှာလည်း ပစ္စည်း အစုံပါပါမယ်။ သူမဟာ ယင်း ဖိနပ်ရဲ့ 3D Design ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ 3D Printer အသုံးပြုပြီး လူတိုင်း ဖိနပ်လုပ်နိုင်အောင် ဖြစ်ပါတယ်။ 3D Printing ဖိနပ် ဖြစ်ပါတယ်။ သူမအနေနဲ့ hacking လုပ်ချင်တဲ့အခါ အပေါ်မှာ ရင်သားပေါ်ပေါ် ပေါင်သားပေါ်ပေါ် ဝတ်ဆင်ပါတယ်။ အဓိကကတော့ သူမရဲ့ အပေါ်ပိုင်း အလှများနဲ့ အာရုံလွဲဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်ကျတော့ သူမရဲ့ ဒေါက်ဖိနပ်မှာ ဘာတွေ ပါတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ ပါဘူး။

သူမရဲ့ 3D Printing ဖိနပ် ဒီဇိုင်းကို Download ဆွဲသူ များပြီး သူမရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟက်ကာလောကသားမျာက ချီးကျူးထောပနာ ပြုခဲ့ကြ ပါတယ်။
.
Ref: dailymail
Credit MMAS
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update



Intel ၏အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျသည် Intel Developer Forum ကျင်းပရာ စင်မြင့်ပေါ်တွင် မိန့်ခွန်း ပြောကြားပြီးနောက် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

အဆိုပါ ပင့်ကူသဏ္ဍာန် စက်ရုပ်သည် မည်သည့်အတွက် ထုတ်လုပ်ထားခြင်း မသိရကြောင်း Venturebeat ကဖော်ပြခဲ့သည်။ ၎င်းစက်ရုပ်နှင့်ပတ်သက်၍ “ဒီပင့်ကူ (စက်ရုပ်) တွေကြောင့် ကမ္ဘာကြီးပျက်စီး သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ကာဇန်နစ်ခ်ျက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ကာဇန်နစ်ခ်ျသည် အဆိုပါ စက်ရုပ်များကို စင်ပေါ်တွင် ထိန်းချုပ်၍ ကခုန်စေခဲ့ကြောင်း သိရသည်။

Intel အနေဖြင့် ယခင်ကလည်း စက်ရုပ်များကို မိတ်ဆက်ခဲ့ဖူးပြီး ယခုအခါတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်အနေဖြင့် စက်ရုပ်များစွာကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကာဇန်နစ်ခ်ျသည် လက်အမူအရာများ အသုံးပြု၍ စက်ရုပ်များကို သတိပေးပြီး လက်ဖြင့်ပင် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းပင့်ကူ စက်ရုပ်များသည် ဘရှုနိုမာ့စ်သီချင်းဖြင့် ဖျော်ဖြေနေသော လူများနှင့်အတူ ကခုန်ခဲ့ကြောင်း သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများသည် ယခုနှစ်အတွင်း၌ ပိုမိုပြင်း ထန်လာကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်း သိရသည်။

အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အခြေခံ၍ လုပ်ကိုင် လာကြသော အဆိုပါ အွန်လိုင်း စီးပွားရေး လုပ်ငန်းအရေအတွက်သည် ယခုလက်ရှိအချိန်တွင် ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အင်တာနက် အချက်အလက်များနှင့် ပတ်သတ်၍ သုတေသန ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။

ထိုကဲ့သို့ အွန်လိုင်းစီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လာသူ အ များစုမှာ လူငယ်အရွယ်များနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြသည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားရမ်းခနှင့် အိမ်ခြံမြေနှုန်း ထားများကြီးမြင့်မှုတို့ကြောင့် အင် တာနက် ပေါ်တွင် လုပ်ကိုင်သော တစ်ပိုင်တနိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။

“မနှစ်ကအထိ ဒီလိုအွန်လိုင်း ပေါ် ဈေးရောင်းကြတာ နည်းသေး တယ်။ အခုလပိုင်းအတွင်းကို သိသိ သာသာကို များလာတာ သတိထားမိတယ်။ အဓိက အချက်က ဆိုင်ခန်းခ ဆိုတာမရှိဘူး။ ပြီးတော့ အွန်လိုင်းပေါ်တင်ရောင်းတာကို လူတွေက ပိုစိတ် ဝင်စားလာတယ်။ အပြင်ထွက်စရာမလိုပဲ အွန်လိုင်းပေါ် ဈေးဝယ်ထွက်ရတဲ့ အရသာကို ကြိုက်လာကြတယ်။ ကျွန်မကတော့ လုပ်ငန်းတူတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု Facebook စာမျက်နှာတွင် ဖက်ရှင်ကမ္ဘာအမည်ဖြင့် အဝတ်အထည် များ ရောင်းချနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အဆိုပါ အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင် အဝတ်အထည် များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှအပဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ကလေး အသုံးအဆောင်များအပြင် ယခု နောက်ပိုင်း၌ စားသောက်ကုန် လုပ်ငန်းများပါ ပါဝင်လာကြပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လို လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးချင်တယ်။ အောင်မြင်အောင်လည်း လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မတို့မှာ အရင်းအနှီး ကြီးကြီး မရှိဘူး။ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ ဈေးရောင်းတယ်။ တဖြည်းဖြည်း အဆင်ပြေလာတယ်။ လုပ်ငန်းတူတွေ ပေါ်လာတော့  ပြိုင်ဆိုင်မှု ပိုပြင်း ထန်လာပြီး ကိုယ်ရောင်းတဲ့ ပစ္စည်းအပေါ် တန်ဖိုးမြင့်အောင်ပဲ ဦးတည်လာတယ်” ဟု အမျိုးသမီး အလှကုန် ပစ္စည်းများကို Facebook လူမှုကွန်ရက်ပေါ်တွင် ကိုယ်ပိုင် စာမျက်နှာတစ်ခု တည်ထောင်၍ ရောင်းချနေသူ မရွှေရည်ဖြိုးက ဆိုသည်။

အင်တာနက်အခြေပြု အွန်လိုင်း စီးပွားရေးလုပ်ငန်းငယ်များ များပြားလာသော်လည်း ယခု လက်ရှိအချိန်အထိ ရောင်းသူဝယ် သူကြား အပြန်အလှန် ငွေပေးချေမှုပိုင်းတွင် အခက်အခဲ အချို့ ရှိနေသေးကြောင်း အဆိုပါ လုပ် ငန်းလုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။

ယခုကဲ့သို့ အင်တာနက် အခြေပြု တပိုင်တနိုင် စီးပွားရေး လုပ်ငန်း များ များပြားလာနေပြီး ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန်အတွက် မြန်မာငွေပေး ချေမှု အဖွဲ့အစည်း (MPU) ကလည်း Mobile Banking နှင့်  Internet Banking ဝန်ဆောင်မှုများကို စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




ကမ္ဘာ့ လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ၏ messaging app ဖြစ်သော Facebook Messenger တွင် Siri နှင့် Cortana တို့ဖြင့် ယှဉ်ပြိုင်မည့် M ဟုခေါ်သော ဝန်ဆောင်မှုသစ်ကို စတင်စမ်းသပ် ထည့်သွင်းခဲ့သည်။

M သည် သုံးစွဲသူများက ကလေးငယ်များအတွက် လက်ဆောင်ရှာဖွေခြင်းမှအစ သူငယ်ချင်းမွေးနေ့အတွက် ပန်းစည်းမှာယူခြင်းအထိ အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။

“M က ပစ္စည်းတွေ ဝယ်ယူပေးနိုင်သလို ကိုယ်ချစ်ခင်နှစ်သက်တဲ့သူဆီကိုလည်း လက်ဆောင်တွေ ပေးပို့နိုင်ပါတယ်။ စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာတာ၊ ခရီးသွားလာဖို့အတွက် ကြိုတင်ပြင်ဆင်တာ၊ အချိန်းအချက် ပြုလုပ်တာတွေအပြင် အခြားလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်” ဟု Facebook ၏ messaging ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်မားကပ်စ်က ပြောကြားခဲ့သည်။

Facebook သည် artificial intelligence (AI) ကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပေ။ Apple က Siri ကို ဖြန့်ချိထားသလို Google က Google Now, IBM က Watson နှင့် Microsoft က Cortana ကို ဖြန့်ချိထားသည်။ ၎င်းတို့သည် နာမည်အမျိုးမျိုး ကွဲပြားသော်လည်း လုပ်ဆောင်ချက်မှာ တူညီသည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
BeeTalk မှတစ်ဆင့် work.com.mm ၏ အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ အတွေးအမြင်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ work.com.mm ၏ လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
BeeTalk ID: workMM ကို Follow လုပ်ထားခြင်းဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ Follow လုပ်ထားသူပေါင်း ငါးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။
BeeTalk မှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဝင်ရောက်လာသည့် လူမှုကွန်ရက် ဆက်သွယ်ရေး Social Application တစ်ခု ဖြစ်သည်။ BeeTalk ကို လက်ရှိအချိန်တွင် အသုံးပြုနေသူ လူဦးရေ ၅ သန်းကျော်အထိ ရှိနေကြောင်း၊ အခမဲ့ဖုန်းခေါ်ဆိုစနစ်၊ စာတိုပို့စနစ်၊ အခြား Public Account များ၊ စတစ်ကာပုံပို့စနစ်များ ပါဝင်သည်။
“အဓိကကတော့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ အင်တာဗျူးဖြေရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေ၊ လုပ်ငန်းခွင်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ စသည်ဖြင့် ထည့်သွင်း ဖော်ပြပေးထားပါတယ်။ နောက်ပိုင်းမှာ အလုပ်ခေါ်စာတွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်” ဟု work.com.mm မှ Social Media Officer ဖြစ်သူ Wilson က ပြောသည်။
Work.com.mm ၏ အဓိကလုပ်ငန်းမှာ အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်များ ရရှိစေရန်နှင့် အလုပ်ရှင်များအတွက် ဝန်ထမ်းများ ရရှိစေရန်ဖြစ်ပြီ်း အလုပ် ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူလိုသူတို့အား ဆုံစည်းပေးသော ကြားခံဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဖောင်များကို အွန်လိုင်းပေါ်တွင် ဖြည့်စွက်နိုင်ပြီး မိမိနှစ်သက်ရာ အလုပ်များကို အကန့်အသတ်မရှိ ရှာဖွေ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားကြောင်း တွေ့ရသည်။
Credit  internetjournal
Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Smart ဟူသောစကားလုံးကိုမြင်လိုက်သည်နှင့် ပြီးပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ဟု ယူဆရမည် ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် စမတ်အမျိုးအစား လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများကို အပြိုင်အဆိုင်ထုတ်လုပ် လျက်ရှိရာ နာရီ၊မျက်မှန် အစရှိသည်မှ ယခုအခါ မြို့တော်တစ်ခု၊ နောင်တွင်ကမ္ဘာတစ်ခု (Smart World) အဖြစ် ဆီသို့ပင် ဦးတည်နေပေတော့သည်။
Smart City ဆိုသည်မှာ ၄င်းမြို့တွင်နေထိုင်သော လူများအတွက် ပြည့်စုံကောင်းမွန်သော ဒစ်ဂျစ်တယ်နည်း ပညာများ၊သို့မဟုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာရပ်များ (Information & Communication Technologies-ICT) ကို အသုံးပြုထားသည့် မြို့တော် တစ်ခုဖြစ်ပြီး မြို့နေလူထုအတွက် ထိရောက်မှုရှိပြီး နေထိုင်မှုအဆင်ပြေစေရန် ကုန်ကျစရိတ်နှင့် သဘာဝအရင်းအမြစ်များ ကုန်ဆုံးမှုကို လျှော့ချပေးနိုင်သည့်မြို့တော်ဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အခြားသောအချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျှင် နည်းပညာများစွာကို အသုံးပြုကာ ပတ်ဝန်းကျင်မှ အချက်အလက်များကို စုဆောင်းရယူပြီး တစ်ခုတည်းသာရှိသော အချက်အလက်စုစည်းရာဌာန (Single Center) သို့ အလိုအလျောက်ပေးပို့ပြီး ဌာနမှတစ်ဆင့်ခွဲခြမ်းစိတ်ဖြာထားပေသည်။ ထို့ကြောင့် အသုံးပြုလိုသူအနေဖြင့် မိမိ လိုချင်သော မြို့တော်ဆိုင်ရာအချက်အလက်များကို ၄င်းဌာနမှတစ်ဆင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် Smart City သည် Smart Network များအပေါ်တွင် အခြေခံတည်ဆောက်ရန် လိုအပ်ပြီး ၄င်းတွင် အစိုးရ၀န်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့်ယာဉ်ထိန်းချုပ်ရေးစနစ်များ၊ စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာ၊ ရေ နှင့် စွန့်ပစ်ပစ္စည်းထိန်းချုပ်မှုကဏ္ဍ အစရှိသည်တို့ကို ကွန်ရက်နှင့်ချိတ်ဆက်ထားရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုသော App များသည် မြို့ပြလူနေမှုစနစ်ကို ကောင်းမွန်စွာထိန်းချုပ်မောင်းနှင် နိုင်ရန် အထောက်အပံ့ပေးနိုင်ရမည် ဖြစ်သလို ရင်ဆိုင်တွေ့ကြုံရမည့် အကျပ်အတည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုနိုင်ရန် နည်းပညာ အမျိုးအစားပေါင်းများစွာကို ထည့်သွင်းစဉ်းစားထားရသောကြောင့် မည်သည့်နည်းပညာ များပါဝင်လျှင် Smart City အဖြစ်သက်မှတ်နိုင်သည်ဟု အတိအကျပြောဆိုနိုင်ရန်မှာ အဓိပ္ပါယ် ခက်ခဲလှပေသည်။
Smart City နှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များတွင် အဖွဲ့အစည်းများနှင့် မြို့သူမြို့သားများအကြားတွင် အီလက်ထရောနစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ စနစ်များကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်း၊ အလုပ်အကိုင် ပတ်ဝန်းကျင်နှင့် နေထိုင်မှုကဏ္ဍများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများကို အသုံးပြုခြင်း၊ အစိုးရ အဖွဲ့အစည်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းစနစ်များ တည်ရှိခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ပြောင်းလဲခြင်းဆိုင်ရာ အချက်များကို နေထိုင်သူများအနေဖြင့် မိမိသိရှိလိုသလောက် ရယူနိုင်ခြင်း အစရှိသည့် အချက်များနှင့် ပြည့်စုံရမည်ဖြစ်ပေသည်။
Smart Cities များအနေဖြင့် ဆက်သွယ်မှုစနစ်များထောက်ပံ့ခြင်း၊ဖြေရှင်းခြင်းများကို အများနှင့်စပ်ဆက် ၍ဖြစ်စေ၊သီးသန့် ဖြစ်စေ ၀န်ဆောင်မှုပေးခြင်းဆိုင်ရာနှင့် ပတ်သက်သော အကျိုးကျေးဇူးအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရ မည်ဖြစ်ပြီး ၄င်းတွင် အောက်ပါအချက်များပါဝင်မှုရှိပေသည်။
Broadband မြို့တော်၏အင်တာနက်စနစ်အနေဖြင့် ကြိုး၊သို့မဟုတ် ကြိုးမဲ့အင်တာနက်ကွန်ရက်စနစ်ဖြင့် ဆက်သွယ်မှုစွမ်း ရည်ကို မြင့်မားအောင် ထောက်ပံနိုင်ရန် ဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ထား ရှိရမည်ဖြစ်သည်။ ၄င်းအချက်သည် အစိုးရအဖွဲ့အချင်းချင်း၊ အစိုးရမှ နိုင်ငံသား၊ အစိုးရမှ စီးပွားရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများမှ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည့် အခြေခံအချက်ပင်ဖြစ်သည်။
Investment Smart City များတွင် မြို့တော်ဆိုင်ရာနှင့် ပတ်သက်ပြီး ဘက်စုံထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ရန် အစိုးရ၏အချက်အလက်သိုမှီးရာဌာနနှင့် အချက်အလက်စုစည်းရာဌာနများတွင် အချက်အလက်များကို ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားရမည်ဖြစ်သည်။ ထိုသို့အချက် အလက်များကို စုပေါင်းထားရှိပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်စွာယူငင်အသုံးပြုနိုင်ခြင်းသည် မြို့နှင့်မြို့နေ လူထုအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်သည်။
Optimization အဆောက်အဦများ၊ ပြည်သူများနားနေရန်နေရာများ၊ လမ်းများ၊ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းခြင်းများ၊ ကားရပ်နားမှုနေရာများ အစရှိသည်ဖြင့် မြို့တော်နေလူထုအတွက် လုံလောက်သောနေရာများ ထားရှိပေးထားရမည် ဖြစ်သလို Smart Grid ကဲ့သို့ စနစ်များကျင့်သုံးခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်များထုတ်လုပ်မှုကို လျှော့ချပေးနိုင်ခြင်း၊ စွမ်းအင်ကုန်ဆုံးမှုသက်သာခြင်းတို့ ဖြစ်စေခြင်းအပြင် ကြိုးမဲ့စနစ်များအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းများကို အစဉ်မပြတ် စောင့်ကြည့် ထိန်းချုပ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Enterpreneurship မြို့တော်နေပြည်သူများအတွက် လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ၊ လုပ်ဆောင်မှုအသစ်များကို ဖန်တီးပေးပြီး စွန့်ဦးတီထွင်မှုများများ ပြုလုပ်လာနိုင်ရန် တွန်းအားပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် 3rd အဖွဲ့အစည်းများတည်ထောင်ထားရန် လိုအပ်ပြီး ၄င်းတို့မှ မြို့တော် ကွန်ရက်စွမ်းဆောင်နိုင်မှုများမှ ရရှိမည့် အချက်အလက်များအပေါ်တွင် အကျိုးရှိစွာပြန်လည်ဝေငှခြင်းများပြုလုပ်နိုင်ရမည်ဖြစ်သည်။
Smart Cities များအတွက်ထားရှိရမည့်အာရုံခံစနစ်များ
Smart Parking - ကားရပ်နားနိုင်ရန် နေရာလွှတ်ရှိ/မရှိကိုစောင့်ကြည့်ခြင်းစနစ်
Waste Management - အမှိုက်ပုံးများတွင် အမှိုက်ပြည့်နေခြင်း ရှိ/မရှိကို သိရှိနိုင်ရန်နှင့် အမှိုက်သိမ်းမှုစနစ်
Water Leakages - ရေပေးဝေသည့်ပိုက်တစ်လျှောက် ယိုစိမ့်မှုရှိ/မရှိကို သိရှိနိုင်မည့်စနစ်
Noise Urban Maps - အဖျော်ယမကာဆိုင် (Bar) တ၀ှိုက်နေရာများနှင့်မြို့လယ် နေရာတ၀ှိုက် အသံဆူညံမှုကို စောင့်ကြည့်ခြင်းစနစ်
Smart Lighting - လမ်းမီးများအတွက် renewable enegy သုံးစနစ်များ
Smart Roads - ရာသီဥတုအခြေအနေ နှင့် မတော်တဆဖြစ်မှုများကို ကာကွယ်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတိပေးစာတိုများပေးပို့ခြင်းနှင့် လမ်းကြောင်းပြသခြင်းစနစ်များ
Electromagnetic Levels - တယ်လီဖုန်းတာဝါတိုင်များ၊ ၀ိုင်ဖိုင်ထုတ်လွှင့်ထားမှုနေရာများ တ၀ှိုက်တွင် လျှပ်စစ်သံလိုက်လှိုင်းနှုန်းကို စောင့်ကြည့်ခြင်းစနစ်များ
Smartphones Detection – iPhone၊ Android ဖုန်းများသာမက မည့်သည့် Wifiသို့မဟုတ် Bluetooth အသုံးပြုနိုင်သည့် ပစ္စည်းမျိုးကိုမဆို ထောက်လှမ်းခြင်းစနစ်များ
Traffic Congestion - ယာဉ်များ၊လမ်းလျှောက်နေသူများအတွက် လမ်းကြောင်းများကျပ်တည်းမှု မရှိစေရန် စောင့်ကြည့်ထိန်းချုပ်ခြင်းစနစ်များ
Perimeter Access Control - သတ်မှတ်ထားသည့်နေရာများသို့ မသက်ဆိုင်သူများဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်စောင့်ကြည့်ခြင်းစနစ်များ
Air Pollution - စက်ရုံများ၊ ကားများမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို ထိန်းချုပ်ခြင်းစနစ်များ
Structural Health - အဆောက်အဦများ၊ တံတားများ ၏ ကြံခိုင်မှုအခြေအနေကို သိရှိနိုင်မည့်စနစ်များ အစရှိသည်စနစ်များ ပါဝင်မည်ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် Smart City တစ်ခုဖြစ်ဖို့ဆိုလျှင် စီးပွားရေး၊ နေထိုင်မှုပတ်ဝန်းကျင်၊ အုပ်ချုပ်မှု၊ သွားလာမှု၊ ကျန်းမာရေး၊ မြို့သူမြို့သားများမှအစ အရာအားလုံးသည် Smart ၀န်ဆောင်မှုမျိုးဖြစ်နေရမည်ဖြစ်သည်။
Smart Cities များ
Amsterdam Amsterdam မြို့တော်အနေဖြင့် Smart City အဖြစ်လုပ်ဆောင်လျက်ရှိရာတွင် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အစိုးရဌာနများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများနှင့် မြို့တော်နေပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်မှုများ စီမံကိန်းပေါင်း ၇၉ ခုထိ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။ မြို့တော်တွင် စွမ်းအင်ချွေတာသုံးစွဲမှုများ၊ ယာဉ်ကြောကျပ် တည်းမှုများကို လျှော့ချနိုင်ခဲ့ပြီးဖြစ်သလို ကားရပ်နားခြင်းဆိုင်ရာ ကိစ္စရပ်များမှအစ လမ်းမီးများအဆုံး စမတ်ဝန်ဆောင်မှု များဖြင့် ပြုလုပ်အသုံးပြုနေခဲ့ပြီးဖြစ်သည်။
Bercelona ဘာစီလိုနာမြို့တော်သည်လည်း စမတ်မြို့တော်ဖြစ်ရန် အာရုံခံစနစ်များစွာကို အသုံးပြုလျက်ရှိရာ မြို့တော်၏ တည်ဆောက်ပုံအရ ယာဉ်ကြောထိန်းချုပ်မှု၊လမ်းကြောင်းထိန်းချုပ်မှုစနစ်များကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ ဥပမာအနေဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်ကြောများကို လိုအပ်သလို လမ်းကြောင်းရှင်းပေးသည့် ထိန်းချုပ်စနစ်များပင်ဖြစ်သည်။
Stockholm Stockholm မြို့တော်သည် 1994 ခုနှစ်ကတည်းကပင် တစ်ကမ္ဘာလုံးနှင့်ချိတ်ဆက်နိုင်သော ဖိုက်ဘာကွန်ရက်စနစ်ကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ မကြာခင်မြန်မာနိုင်ငံတွင် ခေတ်စားလာတော့မည့် e-services ၀န်ဆောင်မှုများကို အသုံးပြုနေသည့် မြို့တော်တစ်ခုလည်းဖြစ်ပါသည်။
Santa Cruz အခြားသော Smart City များတွင် အသုံးပြုသော နည်းပညာများနှင့် ကွဲပြားခြားနားစွာ ရှိနေသော မြို့တော်ဖြစ်ပြီး ဥပမာအနေဖြင့် ရဲဌာနများသည် တစ်နေ့လျှင် အန္တရာယ်ရှိသောနေရာ ၁၀ ခုကိုထုတ်ပြန်လေ့ရှိခြင်းဖြင့် ပြည်သူများ အနေဖြင့်လည်း ကြိုတင်သိရှိကာ သတိထားလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ICT နည်းပညာများသည် အသုံးပြုသည့် နိုင်ငံအပေါ် မူတည်ကာ ကွဲပြားခြားနားလေ့ရှိကြောင့် သိရှိရပေသည်။ နံပတ်တစ် စမတ်မြို့တော်ကိုပြပါဆိုလျှင် အိန္ဒိယနိုင်ငံ Delhi ရှိ L Zone ဟုပြောဆိုရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စမတ်မြို့တော်ဖြစ်ရန် လုပ်ဆောင်ရမည့်အရာများ၊ နည်းပညာများသည် လွန်စွာရှုပ်ထွေးသည့်အပြင် စီမံကိန်းများချမှတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စွမ်းအင်၊ ဆက်သွယ်မှု အစရှိသည့် ကဏ္ဍပေါင်းစုံတွင် ကျွမ်းကျင်မှုများစွာ လိုအပ်လိမ့်မည်ဖြစ်ပေတော့သည်။
(ဆောင်းပါရှင် MARC JADOUL ၏ smart cities are built smart networks အကြောင်းကိုဘာသာပြန်ရေးသားပါသည်)
WorldWide(BMSTU)

TechSpace Journal

Advertise Here !

Software Full Version Download and Tech News Update

မလေးရှားနိုင်ငံ၏ DiGi ဖုန်းများမှ မြန်မာနိုင်ငံ၏ Telenor ဖုန်းများသို့ ပြောဆိုခများ လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း Telenor Myanmar မှ သိရသည်။

ဖုန်းပြောဆိုခ သုံးထောင်ကျပ် သို့မဟုတ် ငါးထောင်ကျပ်ကို လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက် ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ DiGi မှ *128*1*7# သို့ ခေါ်ဆို လွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ငွေလွှဲခြင်းနှင့် ပတ်သက်၍ မလေးရှား DiGi ဖုန်းနံပါတ် 0162211800 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုမည် ဆိုပါက ကုတ်နံပါတ် +၆၀ (၀၀၆၀) ဖြစ်ပြီး နှုန်းထားများအနေဖြင့် SMS တစ်စောင်လျှင် ၃၀ ကျပ်၊ လက်ခံခြင်း အခမဲ့၊ ဖုန်းခေါ်ဆိုမှု တစ်မိနစ်လျှင် ၂၀၀ ကျပ်၊ လက်ခံခြင်း အခမဲ့ သတ်မှတ်ထားသည်။

Credit  internetjournal
Thiha Htike(THT)
 My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Windows 10 သည် Microsoft မှ Windows NT operating system များစွာအနက် စီမံကိန်းတစ်ခု အဖြစ် တိုးတက်လာစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ Windows 10 ကို  ၂၀၁၄ ခုနှစ် developer ကွန်ဖရင့်ဖြစ်သည့် Build 2014 တွင် တရားဝင် စတင် ထုတ်ဖော် မိတ်ဆက်ခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အများပြည်သူများ စမ်းသပ်အသုံးပြုနိုင်သည့် beta ဗားရှင်းအဖြစ် ဖြန့်ချိခဲ့သည်။ ထိုအချိန်မှစ၍ Windows 10 ထွက်ရှိရန် ကြိုးပမ်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက် ၂၀၁၅ခုနှစ်တွင် ဖြန့်ချိသုံးစွဲသူများစွာအတွက် Windows 10 operating system ကို ဖြန့်ချိခဲ့သည်။ ၂၀၁၅ခုနှစ် သြဂုတ်လ  ၁ ရက်တွင် Windows 10 update  အတွက် volume licensing များ ထွက်ရှိလာခဲ့သည်။ Windows 10 အား ဖြန့်ချိသည့် ပထမဆုံးနှစ်တွင် Windows 7 သို့မဟုတ် Windows 8.1 သုံးစွဲသူများထံသို့ ၎င်း OS ကို အခမဲ့ဖြန့်ချိသွားမည် ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။

Windows 10 သည် Windows Store apps တွင်ပါဝင်လာမည့်  Microsoft မှ ဖော်ပြခဲ့ဖူးသည့် “universal” app အကြောင်းကိုလည်း မိတ်ဆက်ခဲ့သည်။ အဆိုပါ app  များသည် ကွန်ပျူတာ၊ စမတ်ဖုန်းအပြင် tablet, embedded system, Xbox One, Surface Hub နှင့် HoloLens အပါအဝင် အမျိုးမျိုးသော Microsoft ထုတ်ကုန်များစွာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။  Windows 10 ၏ user interface သည် hybrid ထုတ်ကုန်များသုံးစွဲရာတွင် touch screen interface နှင့် mouse အသားပေး interface အကြား ပြောင်းလဲကာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ interface များသည် Windows 7 နှင့် 8 ကဲ့သို့ ဒီဇိုင်းကို Start menu ထည့်သွင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ပြင် Windows 10 တွင်  virtual desktop စနစ် Task View ကိုမိတ်ဆက်ခဲ့သလို Microsoft  Edge browser အပြင်အခြား app သစ်များ၊ လက်ဗွေထောက်ပံ့မှု စနစ်နှင့် face recognition login တို့ ပါဝင်လာသည်။          
                                                              
Ref: Wikipedia
Credit  internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




မြောက်ဥက္ကလာပအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း နံပါတ်များ ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။ မြောက် ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း အမှတ် ဝ၁-( ၆၉၁ ××× ) နှင့် ဝ၁-( ၆၉၂ ××× ) နံပါတ်များအား လက်ရှိ အိတ်ချိန်းအမျိုးအစားမှ ပိုမို ခေတ်မီကောင်း မွန်ပြီး ဝန်ဆောင်မှု အသစ်များ ပေးနိုင်သည့် IP စနစ်သုံး NGN (Next Generation Network) Soft Switch အိတ်ချိန်း၏ MSAN ( Multi Service Access Node) များဖြင့် (၂၈-၉-၂၀၁၅) ရက်နေ့တွင် ပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း ဆိုသည်။

ပြောင်းလဲ တပ်ဆင်ပြီးပါက လက်ရှိအသုံးပြုလျက်ရှိသည့် မူရင်းတယ်လီဖုန်း နံပါတ်များရှေ့တွင် (၉) ဂဏန်းတစ်လုံး ထပ်မံပေါင်း၍ ဂဏန်း(၇)လုံးပါ ဝ၁-( ၉၆၉၁ ××× ) နှင့် ဝ၁-( ၉၆၉၂ ×××) နံပါတ်များသို့ ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

အသစ်ပြောင်းလဲ အသုံးပြုမည့် တယ်လီဖုန်းနံပါတ်များသည် တယ်လီဖုန်း ခေါ်ဆိုမှုသာမက အင်တာနက် ဝန်ဆောင်မှု ADSL စနစ်ပါ လျှောက်ထားသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၁၈.၈.၂၀၁၅ ရက်နေ့တွင် သင်္ဃန်းကျွန်း CS1500i အိတ်ချိန်းလက်အောက်ရှိ သုမင်္ဂလာအိမ်ရာ (RSU) အိတ်ချိန်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ဖုန်းနံပါတ် (၀၁-၅၇၃၅၀၀) မှ (၀၁-၅၇၃၉၉၉) အထိ ဖုန်းလိုင်း(၅၀၀)ခန့် ပြတ်တောက်လျက် ရှိကြောင်း၊ ဆက်သွယ်မှု ပြန်လည် ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
နည်းပညာတက္ကသိုလ် ကျောင်းသားများအား Ericsson မှ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ericsson Myanmar မှ သတင်းရရှိသည်။

ရန်ကုန်နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့်ဘွဲရပြီးစများအား စတင်အလုပ်ခန့်ထားနေကြောင်း ပြောကြားသည်။ Ericsson Myanmar ၏ အလုပ်သင်အင်ဂျင်နီယာ အစီအစဉ်အတွက် ခေါ်ယူခန့်ထားမည်ဖြစ်ပြီး လျှောက်လွှာများစိစစ်ရန်နှင့် အလုပ်သင်အတွက် အင်တာဗျုး အစီအစဉ်များအား မှော်ဘီ၊ လှိုင်သာယာနှင့် သန်လျင် နည်းပညာတက္ကသိုလ်များတွင် သြဂုတ်လ တတိယအပတ်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ Ericsson Graduate Program နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက hr.myanmar@ericsson.com သို့ မေးမြန်းနိုင်မည်ဖြစ်သည်။
ရွေးချယ်ခံရသူများအတွက် အလုပ်သင်ကဏ္ဍ အပါအဝင် အခြားလေ့ကျင့်ရေး သင်တန်းများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်မှ အလုပ်သင် အင်ဂျင်နီယာ ၂၂ ယောက်လည်း လက်ရှိဝန်ထမ်းအဖြစ် ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။
Ericsson Myanmar အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရန်ကုန်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းပေါင်း ၂၉၀ ကျော် ခန့်ထားခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းဝန်ထမ်း ၇၂.၄ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအစီအစဉ်အတွက် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်သင်အစီအစဉ်ကို အောင်မြင်သူများအနေဖြင့် အလုပ် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ericsson အနေဖြင့်ကမ္ဘာတစ်ဝန်း ဝန်ထမ်ပေါင်း တစ်သိန်းကျော်ရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ အိုင်စီတီလုပ်ငန်း တိုးတက်ရေး တစ်စိတ်တစ်ဒေသအဖြစ် ယခု အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Xiaomi ဖုန်းများအတွက် root မလိုပဲမြန်မာစာမြင်ရဖို့အတွက် Theme font လေးတင်ပေးလိုက်ပါတယ် အသုံးပြုပုံက Theme ထဲက Download ကိုသွားပြီး import theme နှိပ်ပြီး Download ရလာတဲ့ robo.mtz  ဖိုင်ကိုရွေးပေးလိုက်ပါ Font ချိန်းတဲ့နေရာကိုသွားပြီး Smart Zawyi ကိုရွေးပါ Apply လုပ်ပေးလိုက်ပါ



Download Theme font



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !