ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် mJams Music Application ကို မကြာမီ အသုံးပြုနိုင်တော့မည်


ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် ဂီတ Application တစ်ခုကို မကြာမီအချိန်အတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ဂီတ Application အား ကမ္ဘောဒီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်အကြာတွင် မြန်မာနိုင်ငံ၌လည်း အသုံးပြုနိုင်စေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း mJams အမည်ရှိ နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ မိုဘိုင်းအော်ပရေတာများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုက သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Universal Music၊ Warner Music ၊ Sony Music ၊ mJams တို့ပူးပေါင်း စီစဉ်ထုတ်လုပ်သည့် အဆိုပါ ဂီတ Application တွင် တိုက်ရိုက်နားထောင်နိုင်မည့် ဂီတ Application, CRBT (Caller Ring Back Tones), သီချင်းအပြည့်အစုံ Download ၊ Ringtones၊ ဒစ်ဂျစ်တယ် ဗွီဒီယို၊ IVR (Interactive Voice Response) နှင့် ဂီတ အမျိုးအစား အစုံအလင်ကို နားဆင်သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါ Application အား သုံးစွဲလို၍ စာရင်းပေးသွင်းထားသူများသည် mJams Music Portal, မိုဘိုင်းမှ တဆင့် ဝယ်ယူနိုင်မည့် အွန်လိုင်းစတိုးများနှင့်၊ တိုက်ရိုက်ငွေပေးချေခြင်းများကို ပြုလုပ်နိုင်မည့် mJams Application များကို ဆက်သွယ်ရေး အော်ပရေတာများနှင့် ချိတ်ဆက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

mJams ၏ စတင် တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သည့် မစ္စတာ ဒေးဗစ် ဗန် ဟာဝါ့ဒ်က “ တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်သော” ဂီတနှင့်ပတ်သက်သည့် အကြောင်းအရာစုံ ရရှိနိုင်မည့် နေရာဖြစ်သည်ဟု ပြောကြားသည်။

mJams အနေဖြင့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဂီတ Application ကို မြန်မာနိုင်ငံတွင် လွှင့်တင်ရန် စတင်နေပြီဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဒေသခံဂီတထုတ်လုပ်သူများနှင့် မိုဘိုင်း အော်ပရေတာများကို ရှာဖွေနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ဂီတလုပ်ငန်းမှ ဒေသခံအနုပညာရှင်များနှင့် ထုတ်လုပ်သူများ၏ (IP Laws) ဉာဏ ထုတ်ကုန်များကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

Credit==>internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် mJams Music Application ကို မကြာမီ အသုံးပြုနိုင်တော့မည် Title : ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် mJams Music Application ကို မကြာမီ အသုံးပြုနိုင်တော့မည်
Description : ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် ဂီတ Application တစ်ခုကို မကြာမီအချိန်အတွ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.